ညီမလေးဖတ်ဖို့. (လျှို့ဝှက်လွမ်း)
သတိရခြင်းတွေ နေ့နဲ့ညဂဟေဆက်ပေမဲ့
ကိုယ်မေ့ပျောက်ချင်ခဲ့တာတော့ဝန်ခံပါတယ်
တိုက်ဆိုင်မှုတွေရဲ့သော့ချက်အဖြစ်
အလွမ်းကစိုးမိုးရစ်လေတော့
ကိုယ်တစ်ယောက်
အလင်းပျောက်တဲ့သန်းခေါင်ယံပေါ့
ညီမလေးမချစ်ခဲ့တဲ့
အပြစ်မဲ့တဲ့နှလုံးသား
အလွမ်းဘုရင်ရဲ့ရှေ့တော်မှောက်
သုံ့ပန်းအဖြစ်ဒူးထောက်နေရပြီလေ
အရမ်းချစ်ခဲ့ရပါသောညီမလေးရယ်
အနမ်းမဖြစ်ခဲ့သော်လည်း
အလွမ်းတွေကျန်ရစ်ဆဲနှလုံးသားမှာ
တစ်နေ့နေ့ဆိုတဲ့
ဖြေဆေးတစ်လုံးထိုးထားရင်း
ငိုကြွေးရုံမှတပါး
ကိုယ်
ဘာများတက်နိုင်အုံးမှာလဲ့ 
လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)
သတိရခြင်းတွေ နေ့နဲ့ညဂဟေဆက်ပေမဲ့
ကိုယ်မေ့ပျောက်ချင်ခဲ့တာတော့ဝန်ခံပါတယ်
တိုက်ဆိုင်မှုတွေရဲ့သော့ချက်အဖြစ်
အလွမ်းကစိုးမိုးရစ်လေတော့
ကိုယ်တစ်ယောက်
အလင်းပျောက်တဲ့သန်းခေါင်ယံပေါ့
ညီမလေးမချစ်ခဲ့တဲ့
အပြစ်မဲ့တဲ့နှလုံးသား
အလွမ်းဘုရင်ရဲ့ရှေ့တော်မှောက်
သုံ့ပန်းအဖြစ်ဒူးထောက်နေရပြီလေ
အရမ်းချစ်ခဲ့ရပါသောညီမလေးရယ်
အနမ်းမဖြစ်ခဲ့သော်လည်း
အလွမ်းတွေကျန်ရစ်ဆဲနှလုံးသားမှာ
တစ်နေ့နေ့ဆိုတဲ့
ဖြေဆေးတစ်လုံးထိုးထားရင်း
ငိုကြွေးရုံမှတပါး
ကိုယ်
ဘာများတက်နိုင်အုံးမှာလဲ့ 
လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)
No comments:
Post a Comment