Tuesday, February 25, 2014

အချစ်​ဟူသည်​ ♥ T ♥

ထာဝရ တည်မြဲနေသော
အရာနှစ်ခု ရှိပါသည်။

သေခြင်းတရားနဲ့ အချစ်စစ်ဖြစ်ပါသည်

သေခြင်းတရားက ပြီးဆုံးခြင်းဖြစ်ပေမဲ့
အချစ်စစ်ကတော့
ထာဝရ ရှင်သန်နေတတ်ပါသည်....

❦ T ❦

အချစ်

အချစ်ဆိုတာ သင်္ချာပါ
မခွဲနိုင်အောင် ပေါင်း
မကောင်းနိုင်အောင် နုတ်
သရုပ်ပေါ်အောင် မြှောက်
မထောက်မညှာ စား
သချာင်္သဘောတရားမို့
ယုံစားဖို့ရာခက်လှသည်။

♥ သိန်းထွန်းဝင်း♥

Monday, February 24, 2014

ရာစုသစ်​​ကောင်​မ​လေး​တွေရဲ့အချစ်​ ✏ ဦးဘုန်း❦

အချစ်ဆိုတာ
နူးညံ့စွာ ရင်ခုန်¡
ထူးဆန်းစွာ ခံစား !
ဆန်းပြားတဲအကြည့်လေးတွေနဲ့....
အမူအရာပျက်ယွင်း
လူတကာကိုရှက်ရင်း
တိုးတိုးလေးရီလိုရီ
တိတ်တိတ်လေးပြုံးလိုပြုံး
လက်ဖျားတွေအေးစက်
အချိန်တိုင်းအတွေးဂယက်မှာ..
သူကိုသာစွဲလန်းနေတာ
အဲဒါ အချစ်လားကွယ်
Acid နဲ့တွေ့ရင် နီပြီး
Baseနဲ့တွေ့ရင်ပြာတတ်​တဲ့
litmus စက္ကူလို
အချစ်နဲတွေရင်ချွဲပြီး
အသစ်နဲတွေရင်
တွဲတက်တဲ၂၁ရာစု
ကောင်မလေးတွေရဲ့ 
ဓာတုဗေဒအချစ်မျိုးကို
ကြောက်ပါတယ်......

❦ ❦ ဦးဘုန်း❦ ❦

အဖြည့်​ခံ (T.P)

ငါဘယ်ကိုပဲသွားသွား
ဘယ်ကိုပဲရောက်ရောက်
ငါ့စိတ်ထဲအတွေးထဲ
နင့်ပုံရိပ်တွေ
မေ့ဖျောက်လို့မရခဲ့ပါဘူး`` သူ" ရယ်.......မဖြစ်နိုင်ဘူးမချစ်နိုင်ဘူးလို့
နင်ငြင်းလိုက်တိုင်း ငါ့ရင်မှာမြိုသိပ်​ ကြိတ်မှိတ်ကာငိုခဲ့ရပေမဲ့
နင့်ကိုငါ .........
ဘယ်အခါမှအပြစ်မဆိုရက်ပါ`` သူ" ရယ်..........

♥ T .
P

ယုံ ✏ W. Z. O. ヅ

♥ရှိသမျှအချစ်
ချစ်​တတ်​သမျှအချစ်​​တွေနဲ့
ချစ်​​နေလျက်​ပါချစ်​သူ.....
♥ သိစိတ်​ထဲက​ရော
မသိစိတ်​ထဲကပါ
တမ်းတလျက်​ပါချစ်​သူ.....
♥ ပျော်​စရာပဲကြုံကြုံ
စိတ်​ညစ်​စရာပဲ​တွေ့​တွေ့
နင့်​ကိုမ​မေ့ပါဘူးချစ်​သူ.....
♥ ​ကောင်းတာ​တွေစား
ကောင်းတဲ့သီချင်း​တွေနားဆင်​ပြန်​လဲ
နင့်​ကို ငါ့န​ဘေးမှ
ရှိ​နေ​စေချင်​တာပဲချစ်​သူ....

w.z.o

Wednesday, February 19, 2014

အသိ​ပေး​ကြေငြာချက်​ ★ ★ ★

သို့/
ကဗျာပင်​လယ်​ ​ဆော့ဝဲလ်​ သာရှိ၍
ကဗျာပင်​လယ်​ Group မရှိ၍ ကဗျာများ​ရေးချင်​​သော်​လည်း
မ​ရေးနိုင်​ပုဂ္ဂိုလ်​များ
မိမိကဗျာကို ​ဆော့ဝဲသို့
ထည့်​ချင်​လျှင်​ဒါမှမဟုတ်
ကဗျာများ ဖြန့်​​ဝေချင်​လျှင်၎င်း
အကြံများ​ပေိးု့ချင်​လျှင်​၄င်း....

ဖုန်းနံပါတ်​ -09428358526 သို့၎င်း...

Email ဖြင့်​​ပေးပို့လိုလျှင်
zwenaung1992@gmail.com
သို့ ၄င်း......

ဘ​လောဂ့်​သို့ တိုက်​ရိုက်​​မေးလ်​ပို့ချင်​လျှင်
ahpaing@blogger.com သို့၎င်း
ပေးပို့ဆက်​သွယ်​ နိုင်​ပါသည်​။

ကောင်းကင်က သက်သေပါ ဖြူဖြူ (ကိုယ်ပိုင်အိမ်)...

ကျွန်မက ကံကောင်းသူတစ်ယောက်လား
ကျွန်မချစ်တဲ့   ချစ်သူနဲ့ နီးစပ်ခွင့်ရလို့လေ
ကောင်းကင်နဲ့ဌက်ပမာလား
နီးစပ်ခွင့်ရှိပေမယ့် နားခိုခွင့်မရ
နီးစပ်ခွင့်ရှိပေမယ့်  လူအ တစ်ယောက်လို
ကျွန်မအချစ်တွေ ထုတ်ဖော်ခွင့်မရတဲ့
ကျွန်မက  ကံဆိုးသူတစ်ယောက်လား
လိုက်လို့မမှီ  ကြည့်လို့မမြင်
ကြင်လို့မရတာ   ကျွန်မရဲ့ဘ၀ပေးပဲလား
လက်ကိုဆန့်တန်းထားပေးထားတယ်
ဒါပေမယ့်......လက်ယက်ခေါ်ခွင့် မရှိခဲ့ဘူးလေ
ဘာပဲဖြစ်ဖြစ်ပေါ့
ချစ်သူလေးရဲ့တေးသံသာလေးကို  ကြားရဖူးလို့
လောကကြီးကို ကျေးဇူးတင်ပါတယ်
ချစ်သူကို ချစ်နေရင်း လွမ်းနေရင်း
ကောင်းကင်ကြီးကို  သက်သေလုပ်ပြီး
ချစ်တယ် ချစ်သူရေလို့  အော်လိုက်တယ်
ချစ်သူလေးက မတော်တဆတိုက်ဆိုင်မှုလေးရှိလို့
ကျွန်မကိုလွမ်းလာရင်လည်းလေ
ခေါင်းမော့ပြီး ကောင်းကင်ကိုကြည့်လိုက်
ကောင်းကင်ကြီးရှိနေသေးတယ်ဆိုရင်
ချစ်သူကို ကျွန်မ ချစ်နေသေးတယ်လို့ မှတ်ယူလိုက်ပါနော်
ဖြူဖြူ(ကိုယ်ပိုင်အိမ်).....

"အလွမ်းတစ်ခြင်းနဲ့ပန်းတစ်ခင်း"

ရှေ့ဆက်လျှောက်ပါချစ်သူ 
ကြည်ဖြူတယ်ဆိုရင် နောက်လှည့်မကြည့်ပါနဲ့ 
ငါ့ရဲ့ရင်ခွင်ပန်းခင်းတစ်ခုလုံးကို 
လိုသလိုအသုံးချပါ
အလွမ်းတစ်ခြင်းနဲ့ ပန်းတစ်ခင်းကို
ချစ်ခြင်းအဖြစ်ဆောင်ကျဉ်းပေးလိုက်ပါတယ်

ပန်လိုကပန် နမ်းလိုကနမ်း 
လမ်းဆိုလမ်း နန်းတော်ဆိုနန်းတော် 
ပျော်သလို တော်သလိုသာစီရင်ပါ
နင့်အတွက်တော့ ဆော့ကစားစရာပါ 
ဒဏ်ရာဆိုတာ ငါ့အတွက် ဆေးတစ်ခွက် 
သွေးထွက်မှနေပျော်တတ်ခဲ့တာ ကြာပါပြီ

  နေထက်ထွန်း(ကန့်ဘလူ)

Tuesday, February 18, 2014

အတိတ်​​မေ့ငှက်

ခပ်​​ရေး​ရေး​လေး
မြင်​​နေရတယ်ချစ်​သူ
မလိုအပ်​​တော့တဲ့
တစ်​ချိန်​ကတို့ရဲ့အတိတ်​​တွေ​ပေါ့
ဒီချိန်​​ရောက်​မှ​တော့...
ပြန်​​ပြောဖို့မလို​တော့ဘူးဆို​ပေမဲ့
အတိတ်​​မေ့ငှက်​က​လေး​တွေရဲ့
လှောင်​ရီသံကြားတိုင်း
ခဏခဏဆိုသလို
ငါ​ပြေးသွားမိတယ်​...
(အဲဒီအတိတ်​ဆီကို)
အ​မောပါပဲ..ချစ်​သူ
သက်​တန့်​​ပေါ်မှာကစားချင်​လို့
အ​ပြေးလိုက်​​နေတဲ့
က​လေး​ လေးလို​ပေါ့။
ပျောက်ကွယ်​သွားမှ
ဖမ်းဆုပ်​လို့မရမှန်းသိခဲ့ရတယ်
တကယ်​​တော့ငါဟာ...
အချစ်​အိပ်​နိုး​တွေမ​ပြေ​သေးတဲ့
လူတစ်​​ယောက်​ပါ ။
အလွမ်း​တွေနဲ့
မျက်​နှာသစ်​မိတဲ့အခါတိုင်း
ရောင်​ခြည်​မဖြာ​သေးတဲ့
ဒီအာရုဏ်​ဦးဟာ...
ငါ့အတွက်​မလန်းဆန်းခဲ့ပါဘူး
နေ့ရက်​တိုင်းမှာ
ဝေဒနာနဲ့အစပြု​နေရသူပါ

♥ အယ်​ပိုင်​♥

သုခုမ​ပြောင်းပြန်​ ❀ဖိုး​တေဇိန်​ ​အောင်​သာ❀

လူ့ဘဝတစ်​ဆစ်ချိုးရောက်မှ
အိမ်မက်ကလန့်နိုးတယ်
ဆိုးလိုက်တာ......
အစီရီချထားတဲ့
မုသားရောင်​ပန်းတွေက
တစ်​ပွင့်ပြီးတစ်​ပွင့်လန်းလို့
ညမြို့ရိုးပေါ်က
နီယွန်းကမ္ဘာကိုတောင်
သရော်ကြပေါ့-။
အိုင်းစတိုင်းရဲ့
အဆိုကတော့
နယူတန်နိယာမ
အခုငါ----
အိမ်မက်တစ်​ခါ
မက်ဖြစ်ရုံနဲ့တင်
ဂျီပစီခလို့---။
ကဲ

စဉ်းစားကြည့်ကြဦးပေါ့....
တရေးနိုးလို့
ဆေးလိပ်တစ်​တိုမရှိတဲ့ငါ
အရာရာတိုင်းမှာ
သုခုမပြောင်းပြန်ပဲလေ ။ ။


:-* ❦ :-* ဖိုးတေဇိန် ။အောင်သာ ✌ ♥ ☺ ✌

ညီမ​လေးသို့ ( စွမ်းဈာန်​မြင့်​မိုရ်​ )

တွေ့ဆုံခြင်းစ စာသင်ကျောင်းက
ခင်မင်ခဲ့ရ ကာလချိန်ကြာ
ပိုတွယ်တာတော့.........
ညီမလေးရယ်
ဒို့ရင်ထဲမှာ စွဲနေတာလဲ
မင်းသိပါတယ်
မုန့်တွေဝေမျှ စားသောက်ကြနဲ့
အတူသွားလာ ခုများမှာတော့
သူမပါကိုယ်မသွား သံယောဇဉ်များ
တိုးလို့ရစ်တွယ် ချစ်နယ်ပယ်သို့
အတူလျှောက်လှမ်း ချစ်ပန်းသီလို့
ချစ်စခန်းဆီ တူတူလှမ်းခဲ့
ပျော်ရွှင်ခဲ့တဲ့ ချစ်ကမ္ဘာလေး
ခုတော့ကွယ်
တနယ်စီဝေး လွမ်းစိတ်လေးနဲ့
တသသလွမ်း တမြမြကျွမ်းမဲ့
ဒို့နှလုံးသား စာနာမှု့များ
ထားမယ်ဆိုရင်......
လွမ်းအပူနဲ့ ကျွမ်းဆူနေတဲ့
ဒို့နှလုံးသားဆီ ပြန်ခဲ့ပါတော့
ညီမလေး

✌ ✌❦ စွမ်းဈာန်​မြင့်​မိုရ် ❦ ✌ ✌ 

ယုံပါ​နော်​ ​(ငွေလဝန်း)

ချစ်သူ
မြင်​သာမြင်​ရ
မကြင်နာရတဲ့ဘဝဆိုပေမဲ့
မြင်ရကြင်နာရတဲ့ အချိန်ကို
လက်ချိုးရေကာ တွက်စစ်ပါနော်
မျှော်နေရတဲ့ဘဝမှ
ပိုင်ဆိုင်ရတဲ့ ဘဝထိတိုင်
ချစ်ပါမယ်လို့
ချစ်သူပဲပြောခဲ့တယ်နော် ချစ်သူ
ဒီအချိန်ဆိုရင်တွေဝေပြီး
နင်ငိုနေမလားပဲနော်
ချစ်သူရယ်
ဝေးကွာခြင်းဆိုတာ
ခွဲခွာခြင်းလို့
ပြောရင်ဖြစ်နိုင်မှာလား
ချစ်သူ
အချိန်တန်ရင်
အိမ်ပြန်ရစမြဲမို့ဥပေက္ခာ
ပစ်မထားသင့်ဘူးဆိုတာ
ချစ်သူ ယုံပါနော်

★ ★ N L W ❦ ❦

နွေဦး (၃) အယ်​ခဲလူ

ကိုယ့်နှလုံးသားငယ်လေးရယ်
မချစ်တတ်ခဲ့ရင်
သိပ်ကောင်းမှာဘဲနော်
အခုတော့ ချစ်ခဲ့မိလို့
ချစ်ခြင်းရဲ့အငိုအပြုံးတွေ
အလွမ်းအဆွေးတွေ
ကြည်နူးခြင်း
မပျော်ရွှင်ခြင်းတွေ
ဒါတွေ ဒါတွေ အခုလေ
ငါ့ရဲ့နှလုံးသားငယ်လေးထဲမှာ
သန္ဓေတည်နေပြီ
အလွမ်းတေးတွေမဆိုတတ်တဲ့
ငါ့နှလုံးသားငယ်လေး
အလွမ်းတေးတွေဆိုတတ်နေပြီ
အချစ်ကြောင့်ပေါက်ဖွားလာတဲ့
ခံစားချက်တွေ
ကဗျာအဖြစ်ငိုကြွေးတတ်နေပြီ
အိပ်စက်ခြင်းခုံမင်သော
ငါ့နှလုံးသားငယ် အခုတော့
အတွေးလေးတွေနဲ့
ပျော်နေတတ်ပြီ
လွမ်းမောဆွတ်ပျံ့တဲ့အရသာကို
နွေဦးရဲ့လေပြေနဲ့အတူ
သာယာနေတတ်ပြီ
စိတ်ကူးယဉ်ကမ္ဘာလေးထဲမှာ
ချစ်သူနဲ့ အတူယှဉ်တွဲ
အပျော်စုံနွဲလို့
နှစ်ယောက်တစ်ကမ္ဘာသက်သေ
အချစ်အိမ်လေးဆောက်ခဲ့တယ်
ချစ်သူရယ် ကမ်းလင့်ပါ၏
အချစ်အိမ်လေးပြည့်စုံသွားအောင်
ငါ့အချစ်အိမ်းလေးသာယာအောင်
ငါ့ကမ္ဘာလေးထဲဝင်လာလှည့်ပါ
ငါ့ချစ်ခြင်းတွေကို
ထွေးပွေ့ပေးလှည့်ပါကွယ်
တောင်းဆိုပါရစေ။
♡ ♥ ♡ AIkhaeluu ♥ ♡ ♥

တစ်​သက်​ဆို ​တေး(သီး)ချင်း ♨ ဖိုး​တေဇိန်​ ✈ ​အောင်​သာ♨

ငှက်တွေကတစ်​သက်လုံး
တေး(သီ)ချင်းတပုဒ်ထဲကိုပဲ
ထပ်တလဲလဲသီဆိုကြတယ်။
ငါဟာငှက်တစ်​ကောင်ပေါ့
ငါ့ဘဝရဲ့တစ်​ပုဒ်ထဲ
တေး(သီ) ချင်းကတော့
မင်းပါပဲ---။
ကိုယ်ခရီးကိုယ်ဖောက်တဲ့
ခြေထောက်ကိုမှ
နေက်ကျခြင်းမြူမှုန့်တွေက
လာနမ်းတယ်---
အလွမ်းဆိုတဲ့
သစ်သီးတွေမမှည့်ခင်
လှည့်ပြန်ပြေးလိုက်ချင်တော့တယ်-----------။
မီးသတ်သမားကြီးတို့ရေ
မင်းတို့ရဲ့
ဘွတ်ဖိနပ်ကြမ်းကြီးတွေကို
သတိထားကြ----
မီးလောင်ခံနှလုံးသားဆိုတာ
တယုတယ
ကိုင်တွယ်မှရတာမျိုး.....
ဆုံးရှုံးလောင်မြိုက်ခြင်းဆိုတဲ့အသိက
ငါ့အပေါ်
စီးမိုးသွားခဲ့ပြီလေ-
။ ။

♡ ❦ ➳ ဖိုးတေဇိန် ။အောင်သာヅ

Monday, February 17, 2014

နွေဦး (၂) အယ်​ခဲလူ

နေလုံးကြီးညိုလာတာနဲ့အမျှ
ဖြည်မဆည်းနိုင်
မျက်ရည်စတွေက
အလိုလိုတာပြိုလို့
ကြွေကျလာတော့တာပါပဲ။
မျက်စိကိုမှိက် အံကိုကြိတ်ပြီး
အနာတရတွေ့ရဲ့မြစ်ဖျားခံရာ
အတိက်ဖြစ်ရပ်
ပန်းချီးကားတစ်ချပ်ကို
လွှင့်ပစ်လိုက်မိတယ်
ဒါပေမဲ့........
ပိုပြီးတော့တောင်
သတိရမှု့တွေပိုလာခဲ့တယ်
တစ်သက်မမေ့နိုင်စရာ
အမှတ်တရများစွာက
များပြားလွန်းနေလေတော့
ရက်စက်လိုက်တာ
ကံကြမ္မာရယ်လို့
ကံကြမ္မာကိုပဲ
အပြစ်ဆိုလိုက်မိတော့တယ်
သြော် ချစ်သူရယ်
ငါတို့နှစ်ယောက်
အစကမတွေ့ခဲ့ကြရင်
အကောင်းသားနော်
အခုတော့သိပ်ချစ်ကြပြီးမှ
အနေဝေးရတော့
ကိုယ့်ရင်တွေပူပြင်းလွန်းတယ်
ကိုယ်မခံစားနိုင်ဘူးချစ်သူ
တစ်ပါးသူရင်ခွင်မှာ
ကိုယ်ချစ်သူများ
ပျော်နေပြီလားဆိုတဲ့
သံသယအတွေးတွေက
ကိုယ်ရဲ့အိပ်ပျက်ညကို
ရှည်ကြာစေတယ်
နေလုံးကြီးညိုလာတိုင်း
ချစ်သူပြန်လာနိုးနိုး
စောင့်နေရတဲ့အဖြစ်ကို
ကိုယ်​ကျော်​လွှားချင်လှပြီ
ကိုယ့်ကိုချစ်တဲ့ချစ်စိတ်လေး
မပြယ်လွင့်သေးရင်
ချစ်သူပြန်လာပါတော့လားကွယ်
နေညိုရင် ငိုချင်တဲ့အဖြစ်မှ
ကင်းဝေချင်တယ်ချစ်သူရယ်။


♥♥♥ Alkhaeluu♥♥♥

နေ့သစ်​ဆီသို့ (သို့) ​ရွှေလက်​တွဲမဲ့​နေ့ ( w.z.o )

မ​တွေ့ရင်​တမ်းတ ​တွေ့ပြန်​​တော့
နမ်းမ၀သူရယ်​....
ခု​တော့......အလှမ်းကကွာ
မမြင်​တာကြာလို့
ရင်​မှာအလွမ်း​တွေအပြည့်​နဲ့ပါ...
အဆင်​မသင့့်ခင်​မို့ ရင်​မှာနင့်​​အောင်​ချစ်​လည်း
ကိုယ့်​ဘ၀ထဲ မ​ခေါ်ရဲ​သေးပါကွယ်​...
အချစ်​ရယ်​...
အလွမ်း​တွေကို ပန်းလိုသီရင်း
ချစ်​ခြင်း​တွေမယိုင်​လဲပဲ 
ရွှေလက်​တွဲမယ့်​​နေ့ကို
အ​ရောက်​သွားကြပါစို့လားကွယ်​...

♥♥♥w.z.o♥♥♥

ထာဝရချစ်​သူသို့ (N L W )

အကြည့်ဆုံတိုင်း
ရင်ထဲလှိုင်းထ
ရုန်းရခက်ခဲ
အသည်းအူလှိုက်
ချစ်မိခဲ့သည်
မင်းရဲ့အကြည့်
အဖြေညှိတော့
ချစ်ခြင်းရည်တူ
ကြည်ဖြူအပြုံး
အမုန်းမဖက်
တစ်​သက်မက
ဘဝများစွာ
ဖြစ်ခဲ့ရလည်း
မင်းလေးနဲ့သာ
ထာဝရမှေးစက်ခွင့်
ပြုနိုင်ပါစေ
တောင်းဆုချွေရင်း
မြင်မိလေတိုင်း
မခွဲနိုင်မခွာရက်
ချစ်ခဲ့ရသူပါ
အိပ်မက်လို့
ို့ထင်နေမလား
တကယ်ပါကွယ်
ငါ့နှလုံးသားက
မင်းလေးကို
အနက်ရှိုင်းဆုံး
ချစ်သွားမှပါကွယ်
မင်းဟာငါ့ဘဝရဲ့
ထာဝရချစ်မည့်သူပါ
မင်းလေးရယ်

♥♥ N L W ♥♥

Saturday, February 8, 2014

လမ်း​ဘေးကသစ်​ပင်​အို {အယ်​ပိုင်​}

နွယ်
ကိုယ်​ဟာ....
လမ်း​ဘေးကသစ်​ပင်​အို​လေ..
မင်းက​တော့ဘဝခရီးသွား
ငှက်​ငယ်​​လေး​ပေါ့။
တစ်​ခါတုန်းက
ကိုယ့်​အရိပ်​မှာ မင်းလာနားခို​တော့
ငါကြည်​နူးလိုက်​တာ...

ပူတစ်​လှည့်​..
နွေးတစ်​လှည့်​..
အေးတစ်​လှည့်​.​.နဲ့
နေ့ရက်​​တွေကိုဖြတ်​သန်းရင်း
အချိန်​တန်​​တော့မင်းလမ်းနဲ့မင်း
ဆက်​​လျှောက်​သွားတယ်​..
ဟုတ်​ပါတယ်​​လေ...
ကိုယ်​ဟာ လမ်း​ဘေးက
သစ်​ပင်​အိုပါ..

ကံ​ကောင်းပါ​စေ
ဘဝခရီးသွားငှက်​ငယ်
တစ်​ခါတ​လေ
ကိုယ့်​ကိုသတိရ​နော်​..
ကိုယ်​လေ..လမ်း​ဘေးက
သစ်​ပင်​​ခြောက်ဖြစ်​သည့်​တိုင်
မင်းအတွက်​ဆု​တောင်း​ပေးရင်း
ရှင်​သန်​​နေပါ့မယ်​..
ကံ​ကောင်းပါ​စေ...နွယ်

ဒဏ်​ရာ​ဟောင်းမကျက်​​သေးလို့
ပြန်​နားခိုမယ်​ဆိုလည်း
အရင်​သစ်​ပင်​အိုဆီ
သော​သောက​လေး
အ​ပြေးနှင်​ခဲ့​ပေါ့
မင်းအတွက
်​အရင်​လို ​အေးမြမှု​တွေ
အရင်​လို ​နွေး​ထွေးမှု​တွေက
အရင်​လို ​ဝေ​နေလျက်​​ပေါ့နွယ်

®© အယ်​ပိုင် ♥~~~~~~±

Friday, February 7, 2014

အ​ဝေး​ရောက်​ နွယ်​ သို့......

မျှော်​လင့်​ချက်​နဲ့
အသက်​ရှင်​ကြတဲ့သူ​တွေထဲမှာ
ကိုယ်​မပါဘူးနွယ်
ကိုယ်​ဘဝမှာ
မျှော်​လင့်​ချက်​ဆိုတာ
ရှိမှ မရှိ​တောတာ...
မင်းမရှိတဲ့​နောက်
အလွမ်း​တွေ​အ​ဆွေး​တွေ
သောက​တွေ မျက်​ရည်​​တွေနဲ့
အထီးကျန်​ ကမ္ဘာထဲမှာ
ကိုယ်​တစ်​​ယောက်​တည်းပါ
နွယ်​ဘယ်​မှာလဲ....?
သွားတဲ့ခရီးကိုသိ​ပေမဲ့
ရှိတဲ့အရပ်​​ဒေသကိုမသိရ​လေ​တော့
ကိုယ်​ဘယ်​လို​နေရမှာလဲ..
ဘယ်​ဘဝ
ဘယ်​​နေရာ​ရောက်​​ရောက်
တစ်​ဘဝထဲ တစ်​သိုက်​ထဲမှာ
အတူ​နေချင်​​ပေမဲ့
အခု​တော့...
လောကအလယ်​မှာ​သောက​တွေနဲ့
ကိုယ်​တစ်​​ယောက်​တည်းပါနွယ်


♥♥♥♥
အယ်​ပိုင်
♥♥♥♥

Thursday, February 6, 2014

သစ္စာ {အယ်​ပိုင်​}

နွယ်
ဖြစ်​​လေရာဘဝတိုင်း
ဆူးခက်​ရိုင်း​တွေကို
ရိုက်​ချိုးနိုင်​တဲ့ကိုယ်
ဖြစ်​ရပါလို၏လို့
ဆု​တောင်းမိတယ်​နွယ်

ဆု​တောင်းတယ်​ဆိုတာ
ဝေဒနာကို​ပြေရာ​ပြေ​ကြောင်း
ဖောက်​ထုတ်​ခြင်းတစ်​ခုပဲလို့
ကိုယ်​သိထား​ပေမဲ့
ဆု​တောင်းမိဆဲပါနွယ်

ရင်​ထဲကသစ္စာဟာ
ဆူးဒဏ်​ကိုခံနိုင်​စွမ်း​ပေမဲ့
ကြာ​တော့လည်းငါ့ရဲ့
သစ္စာတရားမှာ
သွေးစက်​​တွေရယ်​....
မျက်​ရည်​​တွေရယ်​.....
နာကျင်​မှု​တွေရယ်​.....
ပေကျံ​နေရပြီ​ပေါ့ နွယ်

အခု​တော့ ...
နင်​ထားခဲ့တဲ့
သစ္စာတရား​တွေဟာ
ငါအတွက်​​တော့
ကြာ​လေခါး​လေပါပဲနွယ်



♥♥♥အယ်​ပိုင်​♥♥♥

Saturday, February 1, 2014

သမိုင်း {အယ်​ပိုင်​}

သမိုင်း
သူငယ်​ချင်း
မင်း​ကောင်းတာလုပ်​တိုင်း
မင်း​ကောင်းလိမ့်​မယ်​လို့
မျှော်​လင့်​မ​နေ့နဲ့
အလုပ်​တိုင်းမှာ
လျှာစွန်းနှစ်​ဖက်​ရှိတယ်

မင်း​ကောင်းတဲ့ဘ​က်စွန်းကို​​ရွေးရင်
ဆိုးတဲ့ဘက်​ကလူ​တွေက
မင်းကိုမလွဲမ​သွေ
ပုတ်​ခတ်​ရှုတ်​ချမှာပဲ။

မင်းမှန်​တာလုပ်​ရင်
မှားတဲ့လူ​တွေက
မင်းကိုတိုက်​ခိုက်​ကြလိမ့်​မယ်​....

ဒါ​ပေမဲ့
မင်းကြိုးစားသာလုပ်​ပါ
စိတ်​ဓာတ်​မကျနဲ့....

တစ်​ခု​တော့ရှိတယ်
ကောင်းတာလုပ်​တိုင်း
ကောင်းလိမ့်​မယ်​လို့
မျှော်​လင့်​မ​နေနဲ့...
မင်းဘယ်​အစွန်းကရပ်​မယ်​ဆိုတာ
အဓိကမဟုတ်​ဘူး

အဓိကကျတာက
ကိုယ်​ရပ်​တည်​တဲ့အစွန်းက
ဟန်​ချက်​မပျက်​​စေဘဲ
တစ်​ဖက်​စွန်းကလူကို
မိတ်​ဖွဲ့တတ်​ဖို့ပဲ။

နွယ်​ {အယ်​ပိုင်​}

ဆုံးရှုံးမှုတစ်​ခုနဲ့သာ
ကျေနပ်​နှစ်​သိမ့်​ပါ​တော့မယ်​နွယ်
အသစ်​​တွေ့လို့
အ​ဟောင်း​မေ့တာသဘာဝမို့
ဘယ်​တားရက်​ပါမလဲ
ကံကိုမယုံလို့မဟုတ်​ဘူးနွယ်
ကံရဲ့အကျိုးဆက်​ကို
မခံစားနိုင်​လို့
ယောက်ျားတစ်​​ယောက်​ရဲ့
ချစ်​ခြင်းမာန​တွေကို
ရင်​မှာပိုက်​ပြီး
ထားခဲ့ရက်​သူကို
အပြစ်​မတင်​ရက်​တာ
အချစ်​ကိုတန်​ဖိုးထားသူရဲ့
ပေးဆပ်​ခြင်းပါနွယ်