ခပ်ရေးရေးလေး
မြင်နေရတယ်ချစ်သူ
မလိုအပ်တော့တဲ့
တစ်ချိန်ကတို့ရဲ့အတိတ်တွေပေါ့
ဒီချိန်ရောက်မှတော့...
ပြန်ပြောဖို့မလိုတော့ဘူးဆိုပေမဲ့
အတိတ်မေ့ငှက်ကလေးတွေရဲ့
လှောင်ရီသံကြားတိုင်း
ခဏခဏဆိုသလို
ငါပြေးသွားမိတယ်...
(အဲဒီအတိတ်ဆီကို)
အမောပါပဲ..ချစ်သူ
သက်တန့်ပေါ်မှာကစားချင်လို့
အပြေးလိုက်နေတဲ့
ကလေး လေးလိုပေါ့။
ပျောက်ကွယ်သွားမှ
ဖမ်းဆုပ်လို့မရမှန်းသိခဲ့ရတယ်
တကယ်တော့ငါဟာ...
အချစ်အိပ်နိုးတွေမပြေသေးတဲ့
လူတစ်ယောက်ပါ ။
အလွမ်းတွေနဲ့
မျက်နှာသစ်မိတဲ့အခါတိုင်း
ရောင်ခြည်မဖြာသေးတဲ့
ဒီအာရုဏ်ဦးဟာ...
ငါ့အတွက်မလန်းဆန်းခဲ့ပါဘူး
နေ့ရက်တိုင်းမှာ
ဝေဒနာနဲ့အစပြုနေရသူပါ
♥ အယ်ပိုင်♥
မြင်နေရတယ်ချစ်သူ
မလိုအပ်တော့တဲ့
တစ်ချိန်ကတို့ရဲ့အတိတ်တွေပေါ့
ဒီချိန်ရောက်မှတော့...
ပြန်ပြောဖို့မလိုတော့ဘူးဆိုပေမဲ့
အတိတ်မေ့ငှက်ကလေးတွေရဲ့
လှောင်ရီသံကြားတိုင်း
ခဏခဏဆိုသလို
ငါပြေးသွားမိတယ်...
(အဲဒီအတိတ်ဆီကို)
အမောပါပဲ..ချစ်သူ
သက်တန့်ပေါ်မှာကစားချင်လို့
အပြေးလိုက်နေတဲ့
ကလေး လေးလိုပေါ့။
ပျောက်ကွယ်သွားမှ
ဖမ်းဆုပ်လို့မရမှန်းသိခဲ့ရတယ်
တကယ်တော့ငါဟာ...
အချစ်အိပ်နိုးတွေမပြေသေးတဲ့
လူတစ်ယောက်ပါ ။
အလွမ်းတွေနဲ့
မျက်နှာသစ်မိတဲ့အခါတိုင်း
ရောင်ခြည်မဖြာသေးတဲ့
ဒီအာရုဏ်ဦးဟာ...
ငါ့အတွက်မလန်းဆန်းခဲ့ပါဘူး
နေ့ရက်တိုင်းမှာ
ဝေဒနာနဲ့အစပြုနေရသူပါ
♥ အယ်ပိုင်♥
No comments:
Post a Comment