Saturday, February 1, 2014

သမိုင်း {အယ်​ပိုင်​}

သမိုင်း
သူငယ်​ချင်း
မင်း​ကောင်းတာလုပ်​တိုင်း
မင်း​ကောင်းလိမ့်​မယ်​လို့
မျှော်​လင့်​မ​နေ့နဲ့
အလုပ်​တိုင်းမှာ
လျှာစွန်းနှစ်​ဖက်​ရှိတယ်

မင်း​ကောင်းတဲ့ဘ​က်စွန်းကို​​ရွေးရင်
ဆိုးတဲ့ဘက်​ကလူ​တွေက
မင်းကိုမလွဲမ​သွေ
ပုတ်​ခတ်​ရှုတ်​ချမှာပဲ။

မင်းမှန်​တာလုပ်​ရင်
မှားတဲ့လူ​တွေက
မင်းကိုတိုက်​ခိုက်​ကြလိမ့်​မယ်​....

ဒါ​ပေမဲ့
မင်းကြိုးစားသာလုပ်​ပါ
စိတ်​ဓာတ်​မကျနဲ့....

တစ်​ခု​တော့ရှိတယ်
ကောင်းတာလုပ်​တိုင်း
ကောင်းလိမ့်​မယ်​လို့
မျှော်​လင့်​မ​နေနဲ့...
မင်းဘယ်​အစွန်းကရပ်​မယ်​ဆိုတာ
အဓိကမဟုတ်​ဘူး

အဓိကကျတာက
ကိုယ်​ရပ်​တည်​တဲ့အစွန်းက
ဟန်​ချက်​မပျက်​​စေဘဲ
တစ်​ဖက်​စွန်းကလူကို
မိတ်​ဖွဲ့တတ်​ဖို့ပဲ။

No comments:

Post a Comment