ရှေ့ဆက်လျှောက်ပါချစ်သူ
ကြည်ဖြူတယ်ဆိုရင် နောက်လှည့်မကြည့်ပါနဲ့
ငါ့ရဲ့ရင်ခွင်ပန်းခင်းတစ်ခုလုံးကို
လိုသလိုအသုံးချပါ
အလွမ်းတစ်ခြင်းနဲ့ ပန်းတစ်ခင်းကို
ချစ်ခြင်းအဖြစ်ဆောင်ကျဉ်းပေးလိုက်ပါတယ်
ပန်လိုကပန် နမ်းလိုကနမ်း
လမ်းဆိုလမ်း နန်းတော်ဆိုနန်းတော်
ပျော်သလို တော်သလိုသာစီရင်ပါ
နင့်အတွက်တော့ ဆော့ကစားစရာပါ
နင့်အတွက်တော့ ဆော့ကစားစရာပါ
ဒဏ်ရာဆိုတာ ငါ့အတွက် ဆေးတစ်ခွက်
သွေးထွက်မှနေပျော်တတ်ခဲ့တာ ကြာပါပြီ။
နေထက်ထွန်း(ကန့်ဘလူ)
No comments:
Post a Comment