Tuesday, February 18, 2014

နွေဦး (၃) အယ်​ခဲလူ

ကိုယ့်နှလုံးသားငယ်လေးရယ်
မချစ်တတ်ခဲ့ရင်
သိပ်ကောင်းမှာဘဲနော်
အခုတော့ ချစ်ခဲ့မိလို့
ချစ်ခြင်းရဲ့အငိုအပြုံးတွေ
အလွမ်းအဆွေးတွေ
ကြည်နူးခြင်း
မပျော်ရွှင်ခြင်းတွေ
ဒါတွေ ဒါတွေ အခုလေ
ငါ့ရဲ့နှလုံးသားငယ်လေးထဲမှာ
သန္ဓေတည်နေပြီ
အလွမ်းတေးတွေမဆိုတတ်တဲ့
ငါ့နှလုံးသားငယ်လေး
အလွမ်းတေးတွေဆိုတတ်နေပြီ
အချစ်ကြောင့်ပေါက်ဖွားလာတဲ့
ခံစားချက်တွေ
ကဗျာအဖြစ်ငိုကြွေးတတ်နေပြီ
အိပ်စက်ခြင်းခုံမင်သော
ငါ့နှလုံးသားငယ် အခုတော့
အတွေးလေးတွေနဲ့
ပျော်နေတတ်ပြီ
လွမ်းမောဆွတ်ပျံ့တဲ့အရသာကို
နွေဦးရဲ့လေပြေနဲ့အတူ
သာယာနေတတ်ပြီ
စိတ်ကူးယဉ်ကမ္ဘာလေးထဲမှာ
ချစ်သူနဲ့ အတူယှဉ်တွဲ
အပျော်စုံနွဲလို့
နှစ်ယောက်တစ်ကမ္ဘာသက်သေ
အချစ်အိမ်လေးဆောက်ခဲ့တယ်
ချစ်သူရယ် ကမ်းလင့်ပါ၏
အချစ်အိမ်လေးပြည့်စုံသွားအောင်
ငါ့အချစ်အိမ်းလေးသာယာအောင်
ငါ့ကမ္ဘာလေးထဲဝင်လာလှည့်ပါ
ငါ့ချစ်ခြင်းတွေကို
ထွေးပွေ့ပေးလှည့်ပါကွယ်
တောင်းဆိုပါရစေ။
♡ ♥ ♡ AIkhaeluu ♥ ♡ ♥

No comments:

Post a Comment