Tuesday, February 18, 2014

ယုံပါ​နော်​ ​(ငွေလဝန်း)

ချစ်သူ
မြင်​သာမြင်​ရ
မကြင်နာရတဲ့ဘဝဆိုပေမဲ့
မြင်ရကြင်နာရတဲ့ အချိန်ကို
လက်ချိုးရေကာ တွက်စစ်ပါနော်
မျှော်နေရတဲ့ဘဝမှ
ပိုင်ဆိုင်ရတဲ့ ဘဝထိတိုင်
ချစ်ပါမယ်လို့
ချစ်သူပဲပြောခဲ့တယ်နော် ချစ်သူ
ဒီအချိန်ဆိုရင်တွေဝေပြီး
နင်ငိုနေမလားပဲနော်
ချစ်သူရယ်
ဝေးကွာခြင်းဆိုတာ
ခွဲခွာခြင်းလို့
ပြောရင်ဖြစ်နိုင်မှာလား
ချစ်သူ
အချိန်တန်ရင်
အိမ်ပြန်ရစမြဲမို့ဥပေက္ခာ
ပစ်မထားသင့်ဘူးဆိုတာ
ချစ်သူ ယုံပါနော်

★ ★ N L W ❦ ❦

No comments:

Post a Comment