Monday, February 17, 2014

ထာဝရချစ်​သူသို့ (N L W )

အကြည့်ဆုံတိုင်း
ရင်ထဲလှိုင်းထ
ရုန်းရခက်ခဲ
အသည်းအူလှိုက်
ချစ်မိခဲ့သည်
မင်းရဲ့အကြည့်
အဖြေညှိတော့
ချစ်ခြင်းရည်တူ
ကြည်ဖြူအပြုံး
အမုန်းမဖက်
တစ်​သက်မက
ဘဝများစွာ
ဖြစ်ခဲ့ရလည်း
မင်းလေးနဲ့သာ
ထာဝရမှေးစက်ခွင့်
ပြုနိုင်ပါစေ
တောင်းဆုချွေရင်း
မြင်မိလေတိုင်း
မခွဲနိုင်မခွာရက်
ချစ်ခဲ့ရသူပါ
အိပ်မက်လို့
ို့ထင်နေမလား
တကယ်ပါကွယ်
ငါ့နှလုံးသားက
မင်းလေးကို
အနက်ရှိုင်းဆုံး
ချစ်သွားမှပါကွယ်
မင်းဟာငါ့ဘဝရဲ့
ထာဝရချစ်မည့်သူပါ
မင်းလေးရယ်

♥♥ N L W ♥♥

No comments:

Post a Comment