Tuesday, February 18, 2014

တစ်​သက်​ဆို ​တေး(သီး)ချင်း ♨ ဖိုး​တေဇိန်​ ✈ ​အောင်​သာ♨

ငှက်တွေကတစ်​သက်လုံး
တေး(သီ)ချင်းတပုဒ်ထဲကိုပဲ
ထပ်တလဲလဲသီဆိုကြတယ်။
ငါဟာငှက်တစ်​ကောင်ပေါ့
ငါ့ဘဝရဲ့တစ်​ပုဒ်ထဲ
တေး(သီ) ချင်းကတော့
မင်းပါပဲ---။
ကိုယ်ခရီးကိုယ်ဖောက်တဲ့
ခြေထောက်ကိုမှ
နေက်ကျခြင်းမြူမှုန့်တွေက
လာနမ်းတယ်---
အလွမ်းဆိုတဲ့
သစ်သီးတွေမမှည့်ခင်
လှည့်ပြန်ပြေးလိုက်ချင်တော့တယ်-----------။
မီးသတ်သမားကြီးတို့ရေ
မင်းတို့ရဲ့
ဘွတ်ဖိနပ်ကြမ်းကြီးတွေကို
သတိထားကြ----
မီးလောင်ခံနှလုံးသားဆိုတာ
တယုတယ
ကိုင်တွယ်မှရတာမျိုး.....
ဆုံးရှုံးလောင်မြိုက်ခြင်းဆိုတဲ့အသိက
ငါ့အပေါ်
စီးမိုးသွားခဲ့ပြီလေ-
။ ။

♡ ❦ ➳ ဖိုးတေဇိန် ။အောင်သာヅ

No comments:

Post a Comment