Tuesday, February 18, 2014

သုခုမ​ပြောင်းပြန်​ ❀ဖိုး​တေဇိန်​ ​အောင်​သာ❀

လူ့ဘဝတစ်​ဆစ်ချိုးရောက်မှ
အိမ်မက်ကလန့်နိုးတယ်
ဆိုးလိုက်တာ......
အစီရီချထားတဲ့
မုသားရောင်​ပန်းတွေက
တစ်​ပွင့်ပြီးတစ်​ပွင့်လန်းလို့
ညမြို့ရိုးပေါ်က
နီယွန်းကမ္ဘာကိုတောင်
သရော်ကြပေါ့-။
အိုင်းစတိုင်းရဲ့
အဆိုကတော့
နယူတန်နိယာမ
အခုငါ----
အိမ်မက်တစ်​ခါ
မက်ဖြစ်ရုံနဲ့တင်
ဂျီပစီခလို့---။
ကဲ

စဉ်းစားကြည့်ကြဦးပေါ့....
တရေးနိုးလို့
ဆေးလိပ်တစ်​တိုမရှိတဲ့ငါ
အရာရာတိုင်းမှာ
သုခုမပြောင်းပြန်ပဲလေ ။ ။


:-* ❦ :-* ဖိုးတေဇိန် ။အောင်သာ ✌ ♥ ☺ ✌

No comments:

Post a Comment