Friday, February 7, 2014

အ​ဝေး​ရောက်​ နွယ်​ သို့......

မျှော်​လင့်​ချက်​နဲ့
အသက်​ရှင်​ကြတဲ့သူ​တွေထဲမှာ
ကိုယ်​မပါဘူးနွယ်
ကိုယ်​ဘဝမှာ
မျှော်​လင့်​ချက်​ဆိုတာ
ရှိမှ မရှိ​တောတာ...
မင်းမရှိတဲ့​နောက်
အလွမ်း​တွေ​အ​ဆွေး​တွေ
သောက​တွေ မျက်​ရည်​​တွေနဲ့
အထီးကျန်​ ကမ္ဘာထဲမှာ
ကိုယ်​တစ်​​ယောက်​တည်းပါ
နွယ်​ဘယ်​မှာလဲ....?
သွားတဲ့ခရီးကိုသိ​ပေမဲ့
ရှိတဲ့အရပ်​​ဒေသကိုမသိရ​လေ​တော့
ကိုယ်​ဘယ်​လို​နေရမှာလဲ..
ဘယ်​ဘဝ
ဘယ်​​နေရာ​ရောက်​​ရောက်
တစ်​ဘဝထဲ တစ်​သိုက်​ထဲမှာ
အတူ​နေချင်​​ပေမဲ့
အခု​တော့...
လောကအလယ်​မှာ​သောက​တွေနဲ့
ကိုယ်​တစ်​​ယောက်​တည်းပါနွယ်


♥♥♥♥
အယ်​ပိုင်
♥♥♥♥

No comments:

Post a Comment