Saturday, February 8, 2014

လမ်း​ဘေးကသစ်​ပင်​အို {အယ်​ပိုင်​}

နွယ်
ကိုယ်​ဟာ....
လမ်း​ဘေးကသစ်​ပင်​အို​လေ..
မင်းက​တော့ဘဝခရီးသွား
ငှက်​ငယ်​​လေး​ပေါ့။
တစ်​ခါတုန်းက
ကိုယ့်​အရိပ်​မှာ မင်းလာနားခို​တော့
ငါကြည်​နူးလိုက်​တာ...

ပူတစ်​လှည့်​..
နွေးတစ်​လှည့်​..
အေးတစ်​လှည့်​.​.နဲ့
နေ့ရက်​​တွေကိုဖြတ်​သန်းရင်း
အချိန်​တန်​​တော့မင်းလမ်းနဲ့မင်း
ဆက်​​လျှောက်​သွားတယ်​..
ဟုတ်​ပါတယ်​​လေ...
ကိုယ်​ဟာ လမ်း​ဘေးက
သစ်​ပင်​အိုပါ..

ကံ​ကောင်းပါ​စေ
ဘဝခရီးသွားငှက်​ငယ်
တစ်​ခါတ​လေ
ကိုယ့်​ကိုသတိရ​နော်​..
ကိုယ်​လေ..လမ်း​ဘေးက
သစ်​ပင်​​ခြောက်ဖြစ်​သည့်​တိုင်
မင်းအတွက်​ဆု​တောင်း​ပေးရင်း
ရှင်​သန်​​နေပါ့မယ်​..
ကံ​ကောင်းပါ​စေ...နွယ်

ဒဏ်​ရာ​ဟောင်းမကျက်​​သေးလို့
ပြန်​နားခိုမယ်​ဆိုလည်း
အရင်​သစ်​ပင်​အိုဆီ
သော​သောက​လေး
အ​ပြေးနှင်​ခဲ့​ပေါ့
မင်းအတွက
်​အရင်​လို ​အေးမြမှု​တွေ
အရင်​လို ​နွေး​ထွေးမှု​တွေက
အရင်​လို ​ဝေ​နေလျက်​​ပေါ့နွယ်

®© အယ်​ပိုင် ♥~~~~~~±

No comments:

Post a Comment