Wednesday, February 19, 2014

ကောင်းကင်က သက်သေပါ ဖြူဖြူ (ကိုယ်ပိုင်အိမ်)...

ကျွန်မက ကံကောင်းသူတစ်ယောက်လား
ကျွန်မချစ်တဲ့   ချစ်သူနဲ့ နီးစပ်ခွင့်ရလို့လေ
ကောင်းကင်နဲ့ဌက်ပမာလား
နီးစပ်ခွင့်ရှိပေမယ့် နားခိုခွင့်မရ
နီးစပ်ခွင့်ရှိပေမယ့်  လူအ တစ်ယောက်လို
ကျွန်မအချစ်တွေ ထုတ်ဖော်ခွင့်မရတဲ့
ကျွန်မက  ကံဆိုးသူတစ်ယောက်လား
လိုက်လို့မမှီ  ကြည့်လို့မမြင်
ကြင်လို့မရတာ   ကျွန်မရဲ့ဘ၀ပေးပဲလား
လက်ကိုဆန့်တန်းထားပေးထားတယ်
ဒါပေမယ့်......လက်ယက်ခေါ်ခွင့် မရှိခဲ့ဘူးလေ
ဘာပဲဖြစ်ဖြစ်ပေါ့
ချစ်သူလေးရဲ့တေးသံသာလေးကို  ကြားရဖူးလို့
လောကကြီးကို ကျေးဇူးတင်ပါတယ်
ချစ်သူကို ချစ်နေရင်း လွမ်းနေရင်း
ကောင်းကင်ကြီးကို  သက်သေလုပ်ပြီး
ချစ်တယ် ချစ်သူရေလို့  အော်လိုက်တယ်
ချစ်သူလေးက မတော်တဆတိုက်ဆိုင်မှုလေးရှိလို့
ကျွန်မကိုလွမ်းလာရင်လည်းလေ
ခေါင်းမော့ပြီး ကောင်းကင်ကိုကြည့်လိုက်
ကောင်းကင်ကြီးရှိနေသေးတယ်ဆိုရင်
ချစ်သူကို ကျွန်မ ချစ်နေသေးတယ်လို့ မှတ်ယူလိုက်ပါနော်
ဖြူဖြူ(ကိုယ်ပိုင်အိမ်).....

No comments:

Post a Comment