နွယ်
ဖြစ်လေရာဘဝတိုင်း
ဆူးခက်ရိုင်းတွေကို
ရိုက်ချိုးနိုင်တဲ့ကိုယ်
ဖြစ်ရပါလို၏လို့
ဆုတောင်းမိတယ်နွယ်
ဆုတောင်းတယ်ဆိုတာ
ဝေဒနာကိုပြေရာပြေကြောင်း
ဖောက်ထုတ်ခြင်းတစ်ခုပဲလို့
ကိုယ်သိထားပေမဲ့
ဆုတောင်းမိဆဲပါနွယ်
ရင်ထဲကသစ္စာဟာ
ဆူးဒဏ်ကိုခံနိုင်စွမ်းပေမဲ့
ကြာတော့လည်းငါ့ရဲ့
သစ္စာတရားမှာ
သွေးစက်တွေရယ်....
မျက်ရည်တွေရယ်.....
နာကျင်မှုတွေရယ်.....
ပေကျံနေရပြီပေါ့ နွယ်
အခုတော့ ...
နင်ထားခဲ့တဲ့
သစ္စာတရားတွေဟာ
ငါအတွက်တော့
ကြာလေခါးလေပါပဲနွယ်
♥♥♥အယ်ပိုင်♥♥♥
ဖြစ်လေရာဘဝတိုင်း
ဆူးခက်ရိုင်းတွေကို
ရိုက်ချိုးနိုင်တဲ့ကိုယ်
ဖြစ်ရပါလို၏လို့
ဆုတောင်းမိတယ်နွယ်
ဆုတောင်းတယ်ဆိုတာ
ဝေဒနာကိုပြေရာပြေကြောင်း
ဖောက်ထုတ်ခြင်းတစ်ခုပဲလို့
ကိုယ်သိထားပေမဲ့
ဆုတောင်းမိဆဲပါနွယ်
ရင်ထဲကသစ္စာဟာ
ဆူးဒဏ်ကိုခံနိုင်စွမ်းပေမဲ့
ကြာတော့လည်းငါ့ရဲ့
သစ္စာတရားမှာ
သွေးစက်တွေရယ်....
မျက်ရည်တွေရယ်.....
နာကျင်မှုတွေရယ်.....
ပေကျံနေရပြီပေါ့ နွယ်
အခုတော့ ...
နင်ထားခဲ့တဲ့
သစ္စာတရားတွေဟာ
ငါအတွက်တော့
ကြာလေခါးလေပါပဲနွယ်
♥♥♥အယ်ပိုင်♥♥♥
No comments:
Post a Comment