Wednesday, December 31, 2014

အလွမ်းငှက်...💘 လင်းတမန်

အလွမ်းငှက်
*
ကုရာနတ္ထိ

ဆေးမရှိသည့်

အတိတ်ခြေရာ

လွမ်းဝေဒနာသည်

ထင်ကျန်ရင်ထဲ

ရှိနေဆဲမို့

အလွမ်းဖြေဆေး

သံစဉ်တေးကို

သီဆိုဟစ်ကြွေး

ရင်မှာဆွေး၍

အတိတ်ကိုမျှော်

လွမ်းလို့အော်မည်

ငါသည်အလွမ်းငှက်

တေးသီလျှက်……။

လင်းတမန်{တန့်ဆည်}

ချစ်ခြင်း၏နိယာမ....💕 လင်းတမန်

#ချစ်ခြင်း၏နိယာမ#

@သူချစ်ကိုယ်ချစ်
နှစ်ကိုယ်ချစ်လည်း
နောက်ဆုံးခွဲရ
သြော်…အနိစ္စ။

@မြင်သာမြင်ရ
မကြင်ရလည်း
တစ်ဖက်သတ်ချစ်ရ
သြော်…ဒုက္ခ။

@ပိုင်ဆိုင်ဖို့အမြဲ
ကြိုးစားလည်း
ပိုင်ဆိုင်ခွင့်မရ
သြော်…အနတ္တ။

လင်းတမန်{တန့်ဆည်}

သတ္တိရှိရင်ပြိုင်မလား....💝 လင်းတမန်

သတ္တိရှိရင်ပြိုင်မလား
×××÷÷÷÷÷÷÷÷÷×××
@အမြင့်ထိပ်ခေါင်|မြင့်မိုရ်တောင်က
သူ့ဂုဏ်ကိုထုတ်|ကျွန်ုပ်ကိုပြောတယ်
လောကမှာသူဟာအမြင့်ဆုံးဖြစ်သတဲ့။

@မျက်စိဆုံးကျယ်|ရေပင်လယ်က
သူ့ဂုဏ်ကိုထုတ်|ကျွန်ုပ်ကိုပြောတယ်
လောကမှာသူဟာအကျယ်ပြန့်ဆုံးဖြစ်သတဲ့။

@နက်ရှိုင်းလှစွာ|သမုဒ္ဒရာက
သူ့ဂုဏ်ကိုထုတ်|ကျွန်ုပ်ကိုပြောတယ်
လောကမှာသူဟာ အနက်ရှိုင်းဆုံးဖြစ်သတဲ့။

@တောက်ပရောင်လင်း|သူရိန်မင်းက
သူဂုဏ်ကိုထုတ်|ကျွန်ုပ်ကိုပြောတယ်
လောကမှာသူဟာ အလင်းလက်ဆုံးဖြစ်သတဲ့။

@ဝင်းပထိန်သာ|လစန္ဒာက
သူ့ဂုဏ်ကိုထုတ်|ကျွန်ုပ်ကိုပြောတယ်
လောကမှာသူဟာ အအေးမြဆုံးဖြစ်သတဲ့။

@ဒါပေမယ့်လေ|သူတို့တွေက
ကျွန်တော့်နှုတ်ဖျား|တုန့်ပြန်စကားကြောင့်
စကြာဝဠာအနန္တ|ရှာမရအောင်
ပုန်းရှောင်ထွက်ပြေးသွားကြတယ်။

@ဘာရယ်မဟုတ်|ကျွန်တော့်နှုတ်က
တုန့်ပြန်ဆိုငြား|ပြောစကားကား
မေမေ့မေတ္တာနဲ့ ပြိုင်မလားလို့……။

လင်းတမန်(တန့်ဆည်)
၁၃၇၆ခု ပြာသိုလ်လပြည့်အနေ့သို့အမှတ်တရ

စိတ်ဓာတ် 🎄 ဥယျာဉ်မှုး

စိတ်ဓာတ်

လူသားတစ်ဦးဟာ
မွန်​မြတ်​တဲ့ စိတ်​ဓာတ်​နဲ့
လူသားချင်းစာနာမှု ညှာတာမှု
မရှိ​တော့ဘူးဆိုရင်
ဒီလူဟာ ဘယ်​​တော့မှ....
စိတ်​ချမ်းသာမှုကို မရ​တော့ဘူး

အပြစ်​လား 🔥 ဥယျာဉ်​မှူး

မျက်​လုံးလှလှ ပြုံးစစနဲ့
မထိတထိ သူ့အကြည့်​ကို
ရင်​မှာစွဲပြီး ချစ်​လိုက်​မိပြီ
လှလို့ချစ်​တာ အပြစ်​လား ။

ဥယျာဉ်​မှူး

ပန်း....🎄 ဥယျာဉ်မှူး

ပန်း

နွေမှာပွင့်​လန်း ပိ​တောက်​ပန်းကား
တင့်​ဆန်းအလှ ဖြာခဏတာ။

မိုးမှာပွင့်​လန်း စံပယ်​ပန်းကား
တင့်​ဆန်းအလှ ဖြာခဏတာ။

ဆောင်းမှာပွင့်​လန်း သဇင်​ပန်းကား
တင့်​ဆန်းအလှ ဖြာခဏတာ။

နွေမိုး​ဆောင်ဝယ်​ သုံးသွယ်​ရာသီ
ဂုဏ်​ရည်​တင့်​ဆန်း မနွမ်းထာဝရ
သာစွာမွေးကြူ ​ဆောင်​ယူအပ်​ရာ
ပန်းမာလာသည်​ မြတ်"ပညာ"ပန်း
ဖြစ်​​ပေ၏။

ဥယျာဉ်​မှူး

Tuesday, December 30, 2014

စိတ်၏ဖြေရာ ၂ 🔆 နေဆည်းဆာ

စိတ်၏ဖြေရာ ၂

မဖြေသာစခန်း နွေကဗျာလမ်းမှာ
ကြွေလာတဲ့ပန်းကို နင်းချေရမှာ
ကိုယ့်အသက်သေရမှာထက်
ကြောက်ပါတယ်

ရွက်ကြွေတောမှာ အရှက်ပြေပြောကြားရမဲ့
အလွမ်းစကားတွေလဲ နုပ်ခမ်းဖျားက
မပြောကြားရက်ပါဘူး
ဖြေမရက်ပေမဲ့ နေခဲ့ပါ့မယ်

ဒါပေမဲ့လေ
မင်းအသည်းနှလုံးက ထွက်ကျလာတဲ့
စကားလုံးတွေမှာ မုန်းပါတယ်လို့
ပြောမသွားရင်ပဲ ကျေးဇူးတင်ပြီး
နေခဲ့ပါမယ် ချစ်သူရယ်

နေဆည်းဆာ ဖောင်းပြင်

ပျော်ပါစေ...... (ပေါင်းတည်သာလေးဦးသီဟ)

ပျော်ပါစေ......
(ပေါင်းတည်သာလေးဦးသီဟ)

သာသာပျော် များကိုတော်တို့
တီဗွီကတ်စက် အင်တာနက်တွေ
များပြားလို့လာ ဤခေတ်ခါဝယ်
ငါးပါးအာရုံ ကာမဂုဏ်ကြောင်
ငယ်သဘာဝဘစိတ်ဓါတ်ကြွပြီး
နောင်တော်ညီများ ထွက်မသွားနဲ့
ရှေကဆရာ ထိမ်းသိမ်းလာသည့်
ဗုဒ္ဓဟောကြား မြတ်တရားတွေ
ဒို့လက်ထက်လည်း ထွန်းပမြဲအောင်
မပျော်သော်လည်း ပျော်အောင်နွဲပြီး
ဘာသာအတွက် အသက်ဆက်ကာ
အချစ်ကံသာခေ အနစ်ကျန်စေဟု
ပေးဆပ်ရင်းနဲ့ လျှောက်လှမ်းခဲ့ပေါ့။
ပညာတောင်တန်း မင်းလျှောက်လှမ်းစဉ်
ချစ်သစ်ပင်အောက် ပန်းဝင်မကောက်နဲ့
အကိုင်းခြောက်က်လည်း ပိမှာစိုးတယ်ဏ

ပင်ပန်းရော့မယ် မိသလ္လာ 🏊 ထွန်းနောင်(ဖောင်းပြင်)

"ပင်ပန်းရော့မယ် မိသလ္လာ"

မိသလ္လာ မြစ်ချင်းတွင်း
စီးဆင်းရင်း တသွင်သွင် ။

ရေပြာပြာ အေးမြမြ
ရှေးရှေးကပင် ။

ရေအောက်က ငါးကိုပင်
မြင်ရပုံ သိပ်ကိုဆန်း ။

လူကြီးတွေ ပြောခဲ့ကြတယ်
သြချ ယုံတမ်း ။

ခုများဖြင့် ရှုလှည့်ပါ
ရေဝါဝါ သိပ်ညစ်ညမ်း ။

ရွှေမျှောပိုင် ကုမ္ပဏီတွေနဲ့
သစ်တောပိုင် ကုမ္ပဏီတွေနဲ့
သလ္လာရေ . .
မင်း, ပင်ပန်းတယ်
ဟိုး . . ရှေးကိုလွမ်း ။ ။

ထွန်းနောင်(ဖောင်းပြင်)

ပြုပြင်ကြပါစို့.... ထွန်းနောင်

" ပြုပြင်ကြပါစို့ "

@ လူဟာလူပဲ
အတ္တစွဲနှင့်
အမြဲစဉ်းစား
တွေးခေါ်များသည်
ရှေးများကပင် ယနေ့တိုင် ။

@ ပုထုဇဉ်ဟု
လက်သုံးပြုပြီး
အမှုများစွာ
စဉ်းစားကာပင်
ပြုပါလျှင်ကား
ယခင်ဘဝ
ကောင်းကျိုးစကြောင့်
ဖြစ်ရလူ့ဘုံ ဘေးတွေ့ကြုံလိမ့် ။

@ အတ္တသမား
သူငါများတို့
စဉ်းစားဆင်ခြင်
ဉာဏ်နှင့်ယှဉ်၍
ပြုပြင်ကြစို့ နောင်ကောင်းဖို့ ။

ထွန်းနောင်(ဖောင်းပြင်)

သူငယ်ချင်းသို့မေတ္တာစာ 💵 ထွန်းနောင်

သူငယ်ချင်းသို့မေတ္တာစာ

ဝေးတစ်မြေရပ်ခြား, စီးပွါးရှာသွားပါတဲ့, ကို့ထားသူငယ်ချင်း, မိတ်ဆွေရင်းပမာ,
ခင်မင်လာခဲ့ရပါသော သူငယ်ချင်း
ခေးရေ . . ။

သူ့မြေသူ့ရွာ, ရောက်လေရာမှာ,
ရှာလေစီးပွါး, စုကာထားပေါ့,
စုထားပြီးသောဥစ္စာ သေချာစွာသိမ်းဆည်း,
လုပ်ငန်းရှင်ကြီးဖြစ်နိုင်အောင် ကြိုးစားနိုင်ပါ စေ . . ။

လုပ်ငန်းရှင်ဖြစ်, တို့မြန်မာတွေ
စည်းလုံးရစ်မှ, တို့ချစ်တဲ့မြန်မာ,
သူများ ရွာမှာ, တင့်တယ်သာယာ,
ဝမ်းပန်းတွေ သာကြရမှာပေါ့ . . ။

အို . . ခင်မင်းနှီးရင်း, ချစ်စွာသောသူငယ်ချင်းရေ,
အချင်းချင်းစည်းလုံး, တစ်မျိုးသားလုံးပြုံးနိုင်ကြဖို့,
စည်းရုံးခြင်း မေတ္တာစာ, ပါးလိုက်ပါသည်,
ချစ်စွာ သောမျက်စိဖြင့်,
ရှုကြည့်ကာ ကြိုးစားနိုင်ပါစေသတည်း ။
မုဒိတာ တိုးပွါးနိုင်ပါစေသတည်း . . ။

ထွန်းနောင်(ဖောင်းပြင်)

သူသိပါစေ.....

သူသိပါစေ.....

နင် မရှိရင် မ နေတတ်ဘူးလို့
ငါပြောခဲ့တယ်နော်
ဒါတွေကိုသိရက်နဲ့
ဘာလို့များထားသွားရတာလဲ
သူကငါ့ထက်များ နင့်အပေါ်
ပိုချစ်နိုင်လို့လား...?
နင်ပျော်ရွှင်မယ်ဆိုရင်
ငါကျေနပ်ပါတယ်
ငါ့အချစ်တွေက နင့်အတွက်
ပေးဆပ်ရုံသက်သက်ပါဟာ
နင် ပျော်မယ်ဆိုရင်
ငါ့ရင် တွေကွဲသွားပါစေပါ
ငါကျေနပ်နေမှာပါ
ဒါတွေနင်တစ်ယောက်
သိစေဖို့ ဒီစာလေးကို
ငါရေးလိုက် ပါတယ်
အ ဝေးတစ်နေရာမှချစ်သူ
နင် မြင် နိုင် ပါ စေ………


ချစ်သူ

မိုးရာသီချစ်သူ....{P~P~}

မိုးရာသီချစ်သူ....{P~P~}

တို့နှစ်ယောက်စ တွေ့တာ
မိုးရာသီနော်
မိုးရာသီမှာချစ်ခဲ့ကြသလို
မိုးရာသီမှာအဆုံးသတ်ခဲ့ရပြီ
မိုးတွေရွာနေသလို
ငါ့ရင် ထဲမှာလည်း
အလွမ်းမိုးတွေရွာနေတာ
နင် တစ်ယောက်သိပါ့မလား
မိုးတွေရွာတိုင်း
နင့်ကိုငါလွမ်းနေတာ
ချစ် ရသူနင် သိနိုင် ပါစေ

ချစ်သူ

မျှာ်လင့်ခြင်းအလင်းရောင် ( pku)

မျှော်လင့်ခြင်းအလင်းရောင်

မျှော်လင့်ချက်မဲ့နေတဲ့ဘဝကို
ခွန်အားတွေပေးခဲ့သူ
အားငယ်နေရတဲ့ဘဝကို
အားသစ်တွေပေးသူ
ရပ်တန့်နေတဲ့ရင်ခုန်သံတွေကို
အသက်ဝင်စေတဲ့သူ
အရာအားလုံးကိုစိုးမိုးသူ
့တို့အသည်းခွဲသူတော့
မဖြစ်လိုက်ပါနဲ့နော်

ချစ်သူ( pku*)

ချစ်နေလျက်ပါ.... pku

ချစ်နေလျက်ပါ……

ဘဝပေးကံကြမ္မာကြောင့်
တို့တွေဝေးသွားရပေမဲ့
တို့ရင်ထဲမှာအမြဲရှိနေတာ
သူတစ်ယောက်သိပါစေ....
အဆက်သွယ်မရှိလည်း
တို့ရင်ထဲမှာချစ်နေတာတွေ
သူသိနိုင်ပါစေ....
သူကိုယ်နေ့တိုင်းချစ်လျက်ပါ....

ချစ်သူ…pku

မမေ့ကြေး

မမေ့ကြေး

အခြေအနေတစ်ခုကြောင့်
ဝေးသွားခဲ့ရရင်တောင်
ရင်ခုန်သံတွေမရပ်ကြေးနော်
ညီမရင်ထဲမှာ ကိုတစ်ယောက်ပဲ
ရှင်သန်နေမယ်ဆိုတာယုံနော်
ဘယ်လောက် ဝေးဝေး
မ မေ့ကြေးနော်

ချစ်သူ

စောင့်ကြိုနေမယ်....ကို (pku)

စောင့်ကြိုနေမယ်…ကို

ကြိုးစားပါ ကို
ကိုနဲ့ပေါင်းစပ်ဖို့ရာ
ညီမ လေးစောင့်ကြိုနေမှာ
ဘဝ ပေးကံကြမ္မာမလှခဲ့ပေမဲ့
ကိုနဲ့ညီမ နီးစပ်ဖို့
ကြိုးစားပါ တစ်နေ့မှာ
အတူပေါင်းစပ်ဖို့
ရောက်လာမဲ့ရက်လေးတွေကို
လက်ချိုးရေတွက် ရင်း
စောင့်ကြိုနေမယ်ဆိုတာ
ကိုတစ်ယောက် သိနိုင်ပါစေ

ချစ်သူ(pku)

မေလေးသို့( ၁၁ ) မောင်သူရိန်

မေလေးသို့( ၁၁ )

အိပ်ယာကနိုး
အရင်ဆုံးမြင်ရတဲ့မျက်နှာ
မှတ်တောင်ထားအုံးမယ်ဆိုတဲအသံလေး
အခါခါကြားနေရတယ်
ချောသူလှသူဆိုပြီး
အကြောယူမယ်မကြံနဲ့နော်
ကိုကိုအချစ်မေလို့
မေကပြစ်သွားရင်
သတ်သေဖို့ဝန်မလေးဘူးဆိုတာယုံ

မောင်သူရိန် ( မော်ကျွန်းငရဲသား )

မေလေးသို့.....( ၁၀ ) မောင်သူရိန်

မေလေးသို့.....( ၁၀ )

ချစ်တယ်မေရယ်
စိတ်မချနိုင်ဘူး
သိပ်လှတဲ့ပန်းလေးမို့
ကြည့်လို့မဝ တသသပါပဲ
ညမလဲလွမ်း နေ့လဲလွမ်းတယ်
လွမ်းတယ် လွမ်းတယ် လွမ်းတယ်

မောင်သူရိန် ( မော်ကျွန်းငရဲသား)

မေလေးသို့....( ၉ ) မောင်သူရိန်

မေလေးသို့....( ၉ )

ခေတ်ပေါ်အလှပြင်ပစ္စည်းတွေ
ပြည့်ကျပ်မနေတဲ့မေ့မျက်နှာ
တန်ဖိုးထားရလွန်းလို့
ကိုကိုအတွက်
တန်ဖိုးရှိလူသားအဖြစ်
သတ်မှတ်ထားပါသည်
မိန်းကလေးအများစုဟာ
ပကာသနအလှနဲ့
သဘာဝအလှကို
မခွဲခြားတက်တာများတယ်နော်
ပကာသနအလှဟာ
တခဏသာကြိုက်ပြီး
ရေရှည်မှာတန်ဖိုးမထား
ရွံစရာကြီးပါ
သဘာဝအလှသာ
ထာဝရလှပြီး
ရေရှည်လဲကြိုက်
တန်ဖိုးထိုက်တဲ့အလှပါ
မေ့ခန္ဓာမှာ
မကာသနမဖက်တဲ့
သဘာဝအလှတွေ
ပြည့်နေတယ်နော်
ကိုကိုမြတ်မြတ်နိုးနိုးကြိုတ်တယ်

မောင်သူရိန် ( မော်ကျွန်းငရဲသား )

မေလေးသို့....( ၈ ) မောင်သူရိန်

မေလေးသို့....( ၈ )

မေပြန်သွားတဲ့
နှစ်ဆယ်ရှစ်ရက်
လွမ်းတာတွေစတဲ့ရက်
တနေ့မှမေ့မရပါဘူး
တွေးလိုက်တိုင်း
ရင်ထဲမချိ ငေးငိုင်ကာ
ဘာမှန်းမသိတော့တဲ့ အထိပါပဲ

မောင်သူရိန် ( မော်ကျွန်းငရဲသား )

မေလေးသို့....( ၇ ) မောင်သူရိန်

မေလေးသို့....( ၇ )

31 6 14. ပဲခူး
အဲဒီညကမေကိုတွေ့
လှလိုက်ပါဘိမေရယ်
ကျက်သရေရှိလိုက်တာ
မြန်မာဆန်ဆန်လေးနဲ့
ကိုကိုကြိုတ်တယ်
ရင်တွင်မှာဗလောင်ဆူသွားတာပဲ
တံတွေးတွေအခါခါမျိုချနေရတယ်

မောင်သူရိန် ( မော်ကျွန်းငရဲသား)

မေလေးသို့.....(၆) မောင်သူရိန်

မေလေးသို့....( ၆ )

ကိုကိုကရှေ့ကသွားရင်
မေကနောက်ကလိုက်
တယောက်နဲ့တယောက်
မာယာတွေကင်း
ပွင့်ပွင့်လင်းလင်းပေါ့
ကိုကိုမှားရင်မေကခွင့်လွတ်
မေမှားရင်ကိုကိုသည်းခံမယ်
စီးတဲ့ရေ ဆည်တဲ့ကန်သင်း
မေတစ်ထမ်း မောင်တရွက်
အိမ်ထောင်ဖက်ကောင်းဖြစ်ရမယ်
သူ့ဘက်ကိုယ့်ဘက်ကြည့်
နားလည်စာနာခွင့်လွတ်ခြင်းဖြင့်
သက်ဆုံးတိုင်ပေါင်း
အချစ်မဟောင်းစေရပါဘူး

မောင်သူရိန် ( မော်ကျွန်းငရဲသား )

မေလေးသို့.....(၅) မောင်သူရိန်

မေလေးသို့.....(၅)

အလုပ်ကအပြန်
ဘေးတိုက်မြင်ရတဲ့မျက်နှာ
ခဏတာမြင်ရနိုးနဲ့
မျှော်ကိုးလျက်သာ
ကားပေါ်မှာမေပါလာ
အားရဝမ်းသာ
လှမ်းမျော်ကာကြည့်
ဘေးတိုက်မြင်မိ၏
မျှော်ရတယ်မေလေးရယ်
ခဏလေးပဲဖြစ်ဖြစ်
မြင်ရရုံနဲ့အားရှိ
ကိုကိုရင်ခွင်မှာ
မေအမြဲရှိတယ်
ဘယ်သူခွဲခွဲတို့မကွဲ
ချစ်မြဲချစ်မယ်မေ
ဘယ်သူဖျက်ဖျက်
တို့မပျက် အမြဲချစ်မယ်မေ

မောင်သူရိန် ( မော်ကျွန်းငရဲသား )

ကြယ်ကြွေဆုတောင်း 💖 ဆုသက်အောင်

ကြယ်ကြွေဆုတောင်း

ကောင်းကင်ပေါ်က
လမင်းကြီးကိုငေးကြည့်ရင်း
ရုတ်တရက်ကြယ့်လေးတစ်ပွင့်
မြေပေါ်ကိုခစင်းသွားတယ်
ဆုတစ်ခုပဲတောင်းမိတယ်
ငါ့ချစ်သူအရာရာအဆင်ပြေပါစေလို့

ဆုသက်အောင်(ထိန်တော-မိုးညို)

မောင်သိပါစေ...(ဆုသက်အောင်)

မောင်သိပါစေ...(ဆုသက်အောင်)

အဝေးမှာရောက်နေလည်း
နှလုံးသားမှာအမြဲရှိတာ
မောင်တစ်ယောက်တည်းပါ
လွမ်းဆွတ်ခွင့်တွေသာ
မောင်ပေးခဲ့ပေမဲ့
ထာဝရချစ်နေမဲ့သူပါမောင်
နေရာဒေသနဲ့အချိန်အခါဆိုတာ
မောင်နဲ့ကျွန်မကြားမှာ
အဓိကကျတာမဟုတ်လို့
သက်ဆုံးတိုင် မောင်တစ်ယောက်ကို
ချစ်နေမယ်ဆိုတာ မောင်သိပါစေ....

ဆုသက်အောင်

ပြန်လာခဲ့တော့ချစ်သူ (ဆုသက်အောင်)

ပြန်လာခဲ့တော့ချစ်သူ (ဆုသက်အောင်)

ငါအရမ်းလွမ်းနေပြီချစ်သူ
ပြန်လာခဲ့တော့နော်
နင်မရှိတဲ့
ဒီဇင်ဘာညနေခင်းတွေ
ငါတစ်ယောက်တည်းပဲချစ်သူ
အတူတူဆုံနိုင်ခွင့်ဆိုတာ
ဘယ်တော့များမှ
ငါတို့နှစ်ယောက်ကြားရှိလာနိုင်မှာလဲ
နင်မရှိတဲ့နေ့ရက်တွေ
ဘယ်လောက်များများ
ငါကျော်ဖြတ်ရဦးမလဲ
စဉ်းစားလေ....တွေးလေ....
ငိုချင်နေပြီမို့ အဝေးကချစ်သူ
ငါ့ဆီအမြန်ပြန်ခဲ့တော့နော်

ဆုသက်အောင်

သိစေချင်တယ် 💞 အရှင်အာစာရဇောတိ

သိစေချင်တယ်

ပျံတက်လိုစိတ်မရှိဘဲနဲ့
ကောင်းကင်ကြီးပေါ်
မရောက်ချင်ပါနဲ့

ရုန်းကန်လိုစိတ်မရှိဘဲနဲ့
သက်တောင့်သက်သာ
မနေချင်ပါနဲ့-

ခက်ခဲကြမ်းတမ်းမူ့မရှိဘဲနဲ့
အဆင်ပြေချောမွေ့မူ့ကို
မမျှော်လင့်ပါနဲ့----

နေပူထဲမသွားပဲနဲ့
နေရိပ်တာကိုမလိုချင်ပါနဲ့

ကိုယ့်ဘက်ကကြိုးစား
အားထုတ်မူ့မရှိပဲနဲ့
လိုချင်တာအားလုံး
ဘယ်တော့မှမရချင်ပါနဲ့-


အရှင်အာစာရဇောတိ
နတ္တလင်း

တိတ်တခိုးအချစ် 💏 အရှင်အာစာရဇောတိ

တိတ်တခိုးအချစ်

ရင်မှပေါက်ဖွား ချစ်စကားကို
ပြောကြားလိုက်မည် စိတ်ကရည်လည်း
သာကီနွယ်ဖွား ထွဋ်မြတ်သားမို့
လားလားမသင့် ချစ်ခွင့်မပိုင်
ဖွင့်မပြောနိုင်လို့ မောင့်မှာကြိတ်ပိုး
တိတ်တခိုးလေး ချစ်နေမယ်--

အရှင်အာစာရဇောတိ
နတ္တလင်း

သိဖို့ကောင်းပြီ.....💔 အရှင်အာစာရဇောတိ

သိဖို့ကောင်းပြီ.....

ညီတော်နောင်တော်တို့
ဘောလုံးပွဲမှာချိန်ကုန်ကာ
သာသနာဘယ်မှာ
ရှည်ကြာတည်တံ့အံ့နည်း

အချိန်ရှိခိုက် ဖုန်းထဲနိုက်
ရူးမိုက်နေတာကိုယ်တော်သာ
မာတုဂါမလည်းကိုယ်တော်ပဲ
ရူးမိုက်ချင်တာပဲ
သံဃာရတနာအမည်သာ
သင့်မှာရှိသည်သာ
အကျင့်ပဋိပတ်ထိုနှစ်ရပ်
ကျင့်ကြံမှသာသာသနာ
ရှည်စွာတည်လိမ့်မည်---

မိစ္ဆာဝါဒအယူက
ကြီးထွားလာချေပြီ
အသိနှင့်ယှဉ်သတိဝင်
တာဝန်ကိုယ်စီထမ်းသင့်ပြီ

အရှင်အာစာရဇောတိ
နတ္တလင်း

ယာသူလေးနဲ့ကျွန်တော့အချစ် 👫 တက္ကသိုလ်ကိုကိုချစ်

ယောသူလေးနဲ့ကျွန်တော့အချစ်

နှစ်လွှာတစ်ရွက်
စွယ်တော်ရွက်လို
နှစ်ကိုယ်တူအချစ်နဲ့
သိပ်ချစ်တဲ့ ဒို့နှစ်ယောက်
ခုတော့.....
ကြားလူတွေကြောင့်
နှလုံးသားမှာ
ကိုယ်စီမျက်ရည်မိုးတွေ
တိတ်တဆိတ်ရွာသွန်းခဲ့ပြီ
အို.....အချစ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးရယ်
အထင်လွဲမှုတွေကို ရှင်းထုတ်
အကျွန်ုပ်တို့ကို နီးစပ်အောင်
ကူညီပေးပါလားကွယ်.....

တက္ကသိုလ်ကိုကိုချစ်(Geol)

တမ်းတဆဲ

တမ်းတဆဲ

အခု ငါတစ်ယောက်တည်းရယ်ပါ
အဆင်မပြေရင်ပြန်လာခဲ့
ဒီမှာ ငါရင်ခွင်ကျယ်ကျယ်ကြီး
နားလည်မူ့ခွင့်လွှတ်မူ့တွေနဲ့စောင့်နေတယ်
နွေ မိုး ဆောင်း ရာသီအားလုံး
ကိုယ့်ကိုယ်ကိုဂရုစိုက်
နင့်အတွက် ငါ စိတ်ပူတယ်
စိတ်ညစ်စရာတွေရှိရင်
ငါ့ဆီဖုန်းဆက်ပေါ့
ဘယ်တုန်းကမှဖျက်မပစ်ရက်ခဲ့တဲ့
ကလေးဖုန်နံပါတ်လေးတစ်ခု
အခုအထိရှိသေးတယ်
အမှတ်တမဲ့ဘဲဖြစ်ဖြစ်
နင်ပျင်းနေလို့ဘဲဖြစ်ဖြစ်
ငါ့ဆီMESSAGEလေးတစ်ဆောင်သာပို့လိုက်
ကလေးအတွက်စာပြန်ရိုက်ဖို့အတွက်
အသင့်စောင့်နေတယ်
တစ်ပါးသူရင်ခွင်
နင်မပျော်တော့တဲ့အခါ
အချိန်မရွေးပြန်လာခဲ့ပေါ့....
ကလေးကို
အခုအထိ စောင့်နေဆဲ
မျှော်လင့်နေဆဲပါ
ကလေးရယ်။

ခံနိုင်ရည်မဲ့ချစ်စိတ်

"ခံနိုင်ရည်မဲ့ချစ်စိတ်"

ကံတရားရဲ့စေရာကြောင့်
အခါခါမျက်နှာသာပေးခံခဲ့ရတဲ့အခါ
အလင်းတွေတောင်အရည်ပျော်အောင်
ချစ်စိတ်တွေနဲ့ငါပျော်ရွှင်လို့.....

ကံကောင်းမှုတွေကုန်ဆုံး
ပျော်ရွှင်မှုတွေပျက်သုဉ်းချိန်မှာတော့
မှိုင်တွေစွာငိုင်နေဖြစ်
အမှောင်တွေတောင်ရေတိမ်နစ်တော့မလို
နေသလိုဖြစ်တဲ့ဘ၀မှာ
ဖြစ်သလိုမနေချင်တာမို့
ဝေဒနာတွေထွေးပိုက်
ချစ်စိတ်တွေမျိုသိပ်ရင်း
လှည့်ပြောင်းမှုအလိုက်သာနေသွားမယ်
မမေ့နိုင်တာ"အချစ်"ပဲဖြစ်တယ်....

အဝေးကချစ်သူဆီသို့

"အဝေးကချစ်သူဆီသို့"

အဲဒီည.....
ချယ်ရီပွင့်တွေပန်းသွေးကြွပြီး
နှင်းကလေးတွေဖွေးဖွေးကျ
နန်းတို့ရဲ့နှစ်သစ်ကူးညကလေးပေါ့ကွယ်
အဲဒီည........
ကိန္နရီကိန္နရာအက
ရှမ်းရိုးရာသိုင်းအလှတွေနဲ့
တချို့ကမောင်မယ်စုံညီ
တူယှဉ်ပြုံးလို့လမုန်းကကြပြီကွယ်
စိုင်းရေသတိရနေတယ်
ဒီနှစ်မှာတူစုံတွဲပြီး
နှစ်သစ်ကူးလမုန်းပွဲမှာ
ပါဝင်ခွင့်မရခဲ့ပေမဲ့
တို့များရဲ့ရိုးရာကိုဝတ်ဆင်
နန်းရင်မှာတိတ်တိတ်ကလေးတမ်းတ
စိုင်းရှိရာဆီစိတ်ကမှန်းဆပြီး
အလွမ်းသီချင်းတွေဆိုနေဖြစ်တာ
ရှမ်းတောင်တန်းကြီးသက်သေရှိပါတယ်
စိုင်းရယ်..........။

Sunday, December 28, 2014

နူတ်ဆက်စကား…လမင်းထက်
………………………
နူတ်ဆက်စကား ဆိုညားသော်လည်း
ငါနူတ်ဆက်သံ နင်သိပါစေ....
နင့်ကိုတွေ့လို့ နူတ်ဆက်စကား
ပြောချင်ညားလည်း
နင့်ဘေးကလူ နင့်လူမို့လို့
နူတ်မှဖွင့်ဟ မဆိုရက်ပါ
ရင်မှစကား ရင်ထဲမှာဘဲဆို
မိပါ၏ ငါ့မျက်လုံးကိုကြည့်
နင်သိပါစေ နှလုံးသားမှ
နူတ်ဆက်စကားပြောမိ၏
……………………
လမင်းထက်

ဖေဖေ့ချွေးဖိုး 💖 လမင်းထက်…

ဖေဖေ့ချွေးဖိုး 💖 လမင်းထက်…

အမိဝမ်းမှမွှေး နို့ချိုပေး၍
မွှေးမြူခဲ့သော် လူ့ဘုံအလယ်
ထယ်ဝါအောင်ကား ဘယ်သူ
ပျိုးထောင်ခဲ့တာလည်းဗျာ
ကျွေးဖေဖေမဟုတ်ပါလော
လူဘုံအလယ် လူကြားထဲဝယ်
ရာထူးများစွာ ဘွဲ့များစွာဟာ
ဖေဖေ့ချွေးနှင့်ရင်းရသည်မဟုတ်ပါလော
မိုးလုံလေလုံနေရာတကျ အိမ်နဲ့ရာနဲ့
တိုက်နဲ့ခြံနဲ့ နေရသည်ကား
ဖေဖေ့ချွေးနဲ့တည်ဆောက်ခဲ့သည်
မဟုတ်ပါလော
အဖေ့ကျေးဇူးကော
ဆပ်၍ ကုန်မည်လော
လောကမှာနိုင်းတုစရာ
မရှိတဲ့ကျေးဇူးရှင်ကြီးပါဗျား

လမင်းထက်

စိတ်၏ဖြေရာ

စိတ်၏ဖြေရာ ၁

12 23 2014
အဲဒီနေ့တစ်ရက် သူနဲ့ဝေးခဲ့
နုတ်ဆက်ပြီး ဝေးခဲ့တာမဟုတ်ပေမဲ့
လွမ်းရတာတော့ အတူတူပဲလေ....
လွမ်းတဲ့စိတ်နဲ့ သေမတတ်အောင်ခံစားရတာ
သူသိနိုင်ပါ့မလား
အလွမ်းဒဏ်ခတ်ခဲ့တဲ့
ကံကြမ္မာကိုအံမတုရဲပေမဲ့
ရင်ထဲမှာတော့ဆို့နှင့်လို့ပေါ့
ငါ တကယ်ခံစားရတာပါဟာ
အချိန်များစွာနာရီကိုကြည့်
ဣနြေ္ဒမရသိက္ခာမရှိ ဆောက်တည်ရာမဲ့
ဟန်ပျက်နေတာသိနေပေမဲ့
ပတ်ဝန်းကျင်ကိုမေ့နေမိတယ်
ကိုယ်မရှက်နိုင်တော့ပါဘူး
ဘာဖြစ်ဖြစ်ပေါလေ....
လွမ်းနေရတာကိုပဲ
ကျေးဇူးတင်ပြီး ကျေနပ်ရတော့မယ့်

နေဆည်းဆာ ဖောင်းပြင်

မျှော်လင့်နေသူ

မျှော်လင့်နေသူ

ပညာရေးကတစ်ဖက်ကမို့
အချစ်ကိုဦးစားမပေးနိုင်တာ
တို့တောင်းပန်ပါတယ်
မင်းကိုအချစ်စစ်နဲ့ချစ်ခဲ့တာပါ
ဒါပေမဲ့အဆင့်ခွဲခြားတဲ့မိဘတွေ
သဘောတူလာအောင်
ကြိုးစားပေးပါလို့…
တောင်းဆိုပါတယ်…
ကိုကြိုးစားနေချိန်မှာ
တို့ဘက်ကသစ္စာရှိစွာ
စောင့်ကြိုနေမှာပါ
အသိုင်းဝိုင်းကြားမှာ
ကန့်ကွက်သူမရှိအောင်
ကြိုးစားပေးမဲ့ ကို့ကို
ထာဝရ စောင့်ကြိုနေမယ်……

ချစ်သူ
pku

လှလိုက်တဲ့ ကျောင်းသူ

လှလိုက်တဲ့. ကျောင်းသူ

တစ်နယ်တစ်ကျေး နယ်အဝေးမှ
ကျောင်းတတ်ဖို့လာ မြို့မှာရောက်တော့
ကျောင်းသူများက ပြင်ထားပုံကို
မင်သမီးလား ကျောင်းသူလားလို့
မေးရလောက်တယ်
တောမှာနေတဲ့ မိဘတွေဆီ
ပေးလိုက်ပါအုံး ပိုက်ဆံလိုလို့
တောရွှာမှာနေ မိဘတွေကို
တစ်ချက်လော့တော့
ပြန်ကြည့်ပါလား
ကျောင်းသူတွေရာ

ရဲနောင်(ပြည်)

မင်းအတွက်.... နေလင်းအောင်

မင်းအတွက်

မြို့ကြီးမှာနေတဲ့ မင်းကို
ငါချစ်တယ်လို့ပြောချင်ပေမဲ့
ငါ့လို အင်းသားကို
မင်းအထင်သေးသွားမှာထက်
အင်းသားလေးတွေရဲ့
ယဉ်ကျေးမှုကို
မဖျောက်ဖျက်ပဲမင်းကို
တိတ်တခိုးနဲ့ပဲ
ချစ်သွားတော့မယ်
ချစ်သူ,.,.....

လင်းကင်း
နေလင်းအောင်

သတိ စဉ်းစားစရာ.... ထွန်းနောင်

"သတိ စဉ်းစားစရာ"

@ ပျိုရွယ်စဉ်ခါက ပွင့်လန်း
အချစ်ဆိုသည့်ပန်းကို
လက်လှမ်းလို့ မမီ
ထင်မိသည်ကြောင့်
လျစ်လျူရှုခြင်း
ဥပေက္ခာစာရင်းသွင်းခဲ့မိပါသည် . . . ။

@ အချိန်တန်အရွယ်ရောက်
လူလားမြှောက်လာသောအခါ
ဥပေက္ခာ၏ သဘာဝ
နားလည်စပြုလာသောအခါ
ငယ်စဉ်ခါကစဉ်းစား
ဥပေက္ခာသဘောတရားတို့သည်
လွဲမှားခဲ့သောအမြင်တို့သာဖြစ်ခဲ့ပါ၏. . . ။

@ တကယ်တမ်းတော့
အချစ်ပန်းဆိုတာ
လူငယ်တို့ရဲ့ သဘာဝ
လူငယ်တို့ရဲ့ ဘဝ
လျစ်လျူရှုရမည့်အရာ မဟုတ်ပါဘဲ
ရင်ထဲစွဲအောင်
အမြဲနှောင်ဖွဲ့တတ်သည့်
သံယောဇဉ်ကြိုးရှည်ဇာတ်၏
ရစ်ပတ်မှုတစ်ခုသာဖြစ်ပါသည် . . . ။

@ သံယောဇဉ်ကြိုး ရစ်ပတ်စု၍
ချစ်တတ်မှုတို့ ဖြစ်တည်လာရာ
သာယာစွာဖြင့်လက်ခံ
ချစ်သူသက်ထားထံသို့
ရင်ဖွင့်ပြောကြားဖို့သာလိုပါသည် . . .။

@ ဤသည်မှာ
ရှက်စရာ မဟုတ်
စက်ဆုတ်ဖွယ် မထင်
တကယ်ပင်
လူ့ဘဝ
လူ့လောက
လူ့သမိုင်း
လူ့နိုင်ငံတိုင်း
လူ့ခေတ်တိုင်းတွင် ရှိကြပါသည်
ကမ္ဘာတည်သရွေ့လည်း
ရှိနေလိမ့်ဦးမည် . . . ။

@ ကမ္ဘာတည်ခြင်း
ကမ္ဘာမှုပြုခြင်းတို့၏
အရင်းအမြစ်မူလ
ချစ်ခြင်းနဲ့ပင်စရသောကြောင့်
လူငယ့်ဘဝ
ချစ်ခြင်းနဲ့ ထုံမွှမ်းခဲ့ပါမှ
လူကြီးဘဝ
လူပီသမည်ဟု
မှတ်ထင်ယုံကြည်ရင်း
ချစ်ခြင်းဖွဲ့အလင်္ကာကို
ဥပေက္ခာမပြုသင့်ပါကြောင်း . . . . . ။

ထွန်းနောင်( ဖောင်းပြင် )

လွမ်းနေဆဲပါ..... (pku)

လွမ်းနေဆဲပါ.....

အမှတ်မထင် တွေ့ခဲ့တဲ့
ကိုကိုတို့ရင်ထဲမှာ စွဲလန်းသွားခဲ့ပြီ
ကြမ်းတမ်းလှတဲ့ဘဝကြီးကို
ရင်ဆိုင်နေရတဲ့ကိုယ့်ကို
သနားချစ်နဲ့ချစ်ခဲ့မိတာ
တို့ကိုအပြစ်မယူစေချင်ဘူး
တို့လည်းကိုနဲ့ထပ်တူ
လွမ်းနေတာကိုသိပါစေ....
အချိန်တိုင်းလွမ်းနေသူပါ ချစ်သ

ူ(pku)

Saturday, December 27, 2014

မေ့သွားပြီလား(P…P )

မေ့သွားပြီလား(P…P )

တစ်ချိန်တစ်ခါက ချစ်ခဲ့တဲ့ငါ့ကို
နင် မေ့နေတာလား....
အကြောင်းပြချက်မဲ့စွာ
စွန့်ခွါသွားတဲ့နင့်ကို
ငါ့ရင်ထဲမှာမေ့ပစ်လိုက်ချင်ပြီ
ငါ့ရင် ထဲကထွက်သွားပေးပါ
နင့်ကိုဘယ်တော့မှ မမေ့ပါနဲ့လို့
နင် ပြောခဲ့တယ် ငါဘယ်လိုမေ့လို့ရမှာလဲ
အချစ်ကြီးချစ်ခဲ့တဲ့
ငါတို့တွေဘာလို့ဝေးသွားရတာလဲ
အစကတည်းက နင့်ရင် ထဲမှာ
ငါမရှိခဲ့တာဟာ ခုတော့.....
နှုတ်မဆက်ဘဲ ထွက်သွားရအောင်
ငါ့မှာ ဘာအပြစ်တွေရှိခဲ့လို့လ
ဲငါလေ....နင့်ကိုခုထိမျှော်လင့်နေတယ်
ငါဟာရူးသွားပြီလား....
ငါကိုယ်တိုင်တောင် မသိခဲ့ပါဘူး....
နင့်ကိုငါသက်ဆုံးတိုင်
ချစ်နေတယ်ဆိုတာ
နင်တစ်ယောက်သိနိုင်ပါစေ......

ချစ်သူ
pku

ရင်ခွဲသူ …{korean phyo}

ရင်ခွဲသူ …{korean phyo}

တစ်သက်လုံးချစ်ပါ့မယ်တဲ့
ပြိုင် ဘက် ရှားချစ်သူတွေဖြစ်ခဲ့တယ်
ကံတရားရယ် ဘာလို့များ
အရမ်းချစ်တဲ့သူတွေကို
ဝေးစေရတာလဲဟာ....
ငါမှားတာတွေရှိရင်ပြင်ပါ့မယ်
ငါ့အနားကိုပြန်လာခဲ့ပါ
နင် နဲ့အတူသွားခဲ့တဲ့
တံတားပေါ်ရောက်တိုင်း
ငါလွမ်းနေတယ် နင် ရော
ငါ့ကိုသတိမှရသေးလားဟာ
ငါ့ရင်ထဲကခံစားချက်တွေ
နားလည်နိုင်ပါစေဟာ.....
ငါချစ်ခဲ့ရတဲ့နင့်ကို
တခြားသူနဲ့တွေ့လိုက်ရတာ
ငါ့ရင် ထဲဘယ်လောက်ပူလောင်လ
ဲနင် သိရဲ့လားငါ့အချစ်တွေ
နင် တစ်နေ့တော့နားလည်လာမှာပါ
အချစ်ထက် ငွေဟာ
အရေးကြီးမှန်းငါသိခဲ့ရပါပြီ
ငါ့အသည်းခွဲတဲ့နင်
ပျော်ရွှင်နိုင်ပါစေ.....……

ချစ်သူ( pku)

အဖေနဲ့ သား 💖 ချစ်လွမ်းရတီစိုးထိုက်

အဖေနဲ့ သား

*အဖေက လမ်းတွေဖောက်
သားတွေက လမ်းဖွေလျှောက်
မျိုးဆက်ရှေ့နောက်လိုက်ဖက်ညီ
စံချိန်မီတဲ့ အဖေနဲ့ သား+++

#အဖေက လမ်းထွင်ကြွ
သားတွေက စွမ်းအင်ပြ
လမ်းစဉ်ကျလို့  ဂုဏ်မြင့်စည်
စံချိန်မီတဲ့ အဖေနဲ့ သား~~~

#အဖေက လက်ဆင့်ကမ်း
သားတွေက ဆက်ပင့်ထမ်း
အမြင့်လမ်းသို့  စွမ်းအားချီ
စံချိန်မီတဲ့ အဖေနဲ့ သား~~~

#အဖေက အမွေတွေထား
သားတွေက အမွေတွေပွါး
အားထားထိုက်တဲ့ သားဇာနည်
စံချိန်မီတဲ့ အဖေနဲ့ သား~~~

ဘုန်းရွှေစင်၏ကဗျာအား
ချစ်လွမ်းရတီစိုးထိုက်မှ
ပြန်လည်တင်ပြသည်!

မာယာမျက်လှည့် 💖 ချစ်လွမ်းရတီစိုးထိုက်

မာယာမျက်လှည့် 💖 ချစ်လွမ်းရတီစိုးထိုက်

သမုဒယနန်းရင်ပြင်မှာ
အလှအပ ပန်းတွေကို
တယုတယ နမ်းစေမယ်ဆိုပြီး
လှည့်စားရက်တဲ့
မာယာသခင်ရယ်
ခုတော့ ကိုယ့်ဘဝမှာ
နှလုံးသားမျက်ရည်
ကျရပြီပေါ့ကွယ်

# အမုန်းမပွါးစေဖို့ ဆိုပြီး
ချိုမြတဲ့မေတ္တာအသံတွေနဲ့ 
မာယာနှုတ်ခမ်းမှ ထွက်စကားကို
ကိုယ်ယုံမှားမိလေတော့
မာယာဆူးချုံ ကြားမှ
ကိုယ်ဘယ်လိုအပေါက်ရှာပြီး
ရုံးထွက်လို့  ရပါ့မလဲကွယ်•••

#နှလုံးသားမှာ နွေးစေဖို့ 
အပြုံးတရားလေးတွေနဲ့ ဖန်ဆင်းပြပြီး
ကိုယ့်ဘဝအညွန့် တုန်းစေဖို့ 
မာယာဘိန်းဖြူ တွေနဲ့ 
ယစ်မူးသွားစေခဲ့တဲ့
ဘုံနန်းထက်က မာယာသခင်ရယ်
ဒီဘဝ ဒီမျှနဲ့ သာ
ကျေနပ်ပါတော့လားကွယ် •••

ဟေမာန်​​ဆောင်းရဲ့ ပုံပြင်​တစ်​ပုဒ်​ '' အလင်းသစ်​ ''

ဟေမာန်​​ဆောင်းရဲ့ ပုံပြင်​တစ်​ပုဒ်

💛💙💜💚❤💔💗💓💕💖💞💘💌

ဒီ​နေရာ​လေးမှာ.....
လွန်​ခဲ့​သော အချိန်​ကာလတစ်​ခု
နာရီနှင့်​​ရေတွက်​ရင်​ {၈၇၆၀} နာရီ
ခန့်​​လောက်​က​ပေါ့
ဒီဇင်​ဘာရဲ့
ဟေမန္တ နှင်းစက်​​လေးတွေ
ကျဆင်း​နေတဲ့ နံနက်​ခင်း​လေးတစ်​ခုမှာ
ကောင်​​လေးတစ်​​ယောက်​ကို
ကောင်​မ​လေးတစ်​​ယောက်​က
ရိုး​မြေကျ သစ္စာ​တွေနဲ့
အဖိုးကု​ဋေမက ချစ်​ပါတယ်​လို့
ပြုံးကာပ ချစ်​အ​ဖြေကို​ပေးခဲ့တယ်
အဲဒီအချိန်​က​ပေါ့ ....
ကမ္ဘာ​ပေါ်မှာ
အ​ပျော်​ဆုံးလူသား တစ်​​ယောက်​အဖြစ်
ကောင်​​လေးဖြစ်​ခဲ့ဖူးတယ်
ကံအ​ကောင်းဆုံးလူသားအဖြစ်
ကောင်​​လေးက​ ပျော်​ရွှင်​ခဲ့ဖူးတယ်
ခု​တော့လည်း​လေ.....
နှောင်းအတိတ်​​တွေက 
ဆောင်းအရိပ်​​တွေလို
ဝေဝါးကာ​ပျောက်​ကွယ်​သွားခဲ့ပြီ
ကောင်​မ​လေးက​တော့.....
ဘယ်​ဆီမသိ
အတူတူထိုင်​ခဲ့ကြတဲ့ 
ဒီနေရာ​လေးက......
နှင်းမှုန်​​တွေရဲ့​အောက်​မှာ
အေးစက်​ငြိမ်​သက်​လို့ .....။
သို့​ပေမယ့်
သက်​ရှိကင်းမဲ့ဇုံ​တော့ မဟုတ်​​သေးပါ
တစ်​​ယောက်​တည်း​သော သူက
ဒီ​နေရာ​လေးမှာ .....
အေးမြတဲ့နှင်းစက်​​တွေကို
ဆန့်​ကျင်​စွာရင်​ထဲကအပူ​တွေနဲ့
အချိန်​တိုင်းလိုလို
ရှိ​နေတတ်​ခဲ့ပြီ
ဒီ​နေရာ​လေးမှာ​ပေါ့....။
>--▷♡
*~*~*~*~*~*~*~*~*~*~*~*~*~*
'' အလင်းသစ်​ '' ` Ŷ ´
 ​ရွှေနန်း​မြေ....။

ဒို့နှစ်​​ယောက်​သစ္စာ 💍 ​ဝေလင်းခန့်

ဒို့နှစ်​​ယောက်​သစ္စာ

ချစ်​သူ ​ကောင်းကင်​ပြာပြာ
ဒီကမ္ဘ္ဘာရဲ့​​အောက်
ကိုယ်​တို့နှစ်​​ယောက်
သစ္စာမ​ဖောက်​ဖို့
ဘုရားမှာအတူ ဂတိပြုလို
ချစ်​ခြင်း​မေတ္တာတည်​မြဲစို့
ငါတို့ချစ်​ခြင်း အပြစ်​ကင်းဖို့
တစ်​​ယောက်​နဲ့​တ​ယောက်
သံသယ​တွေ​ဖျောက်​ကြစို့

ဝေလင်းခန့်
Pku

သားရဲ့​နောင်​တ 💞 ဝေလင်းခန့်

သားရဲ့​နောင်​တ

နဖူးက​ချွေး ​ခြေမကျလဲ
မငြီးညူပါ အ​ဖေ​မေတ္တာ
သားသမီး မျက်​နှာ
ပျက်​တဲ့အခါ
မ​နေတတ်​တာ ဒို့အ​ဖေပါ
အာအင်းကုန်​ခမ်း ပင်​ပန်း​နေတဲ့
ဒို့အ​ဖေကို အလိုက်​မသိ
နေလိုက်​မိတာ ငါရဲ့အသက်
၂၀အထက်​​ရောက်​​နေခဲ့ပြီ
နောင်​တ​တွေကို ရုပ်​သိမ်းလို့
အ​ဖေအတွက်​ ကြိုးစာ​တော့မယ်

ဝေလင်းခန့်
Pku

နားလည်​နိုင်​ဆုံး နှလုံးသား

နားလည်​နိုင်​ဆုံး နှလုံးသား

ကိုယ်​တကယ်​ခံစားရတယ်
ချစ်​သူရဲ့​နွေး​ထွေးမှုကို
ခဏတာ​လေး ရရှိခဲ့တာ
အဲဒီချိန်​ခဏမှာ
ကိုယ်​ဘဝရဲ့ အ​ပျော်​ဆုံးချိန်​ကို
လက်​လွှတ်​ရတာမို့ ကိုယ်​စိတ်​က
ပျော်​ရွှင်​မှုမ​ပေးနိုင်​တာ
ခွင်​လွှတ်​ပါ ချစ်​သူ....
ကိုယ်​အမြဲ​နေချင်​​နေတာ
မင်းနားမှာမို့ ကိုယ်​အတ္တ
ကိုယ်​အကျင့်​က
ခဏဆိုတဲ့အချိန်​ကို မုန်း​နေမိတယ်
ရပါတယ်​ ချစ်​သူ
ကိုယ်​က အရာရာကို
အရှုံးနဲ့ အမြဲရင်​ဆိုင်​​နေကြပါ
ခံနိုင်​ရည်​​တွေက နှလုံးသားမှာ
အ​ရေထူ​နေပါပြီ
ကိုယ်​နားလည်​ပါတယ်
အမြဲတမ်းအတွက်​​ပေါ့

သူငယ်ချင်း 🙏 မိုးထက်

သူငယ်ချင်း

မင်းပဲ ချမ်းသာ ချမ်းသာ
ငါပဲ ချမ်းသာ ချမ်းသာ
ချမ်းသာသူက
နိဗ္ဗာန်ရည်းစူး ကုသိုလ်ထူးဖို့
ငယ်ဆရာ ရွာဦးကျောင်းကို
ကျောင်းငယ်တစ်ဆောင်ဆောက်
"မိတ်သင်္ဂဟတွေဖိတ်
ဘိသိတ်ခံပေးပါ"

မိုးထက်( ဖောင်းပြင်)

မ. 👩 အလင်္ကာ



မကိုချစ်​မိလို့ အပြစ်​ဆိုရင်
နောင်​သံသရာ အဆက်​ဆက်​ကို
အပြစ်​​တွေ​ကြေ​အောင်
ပေးဆပ်​ရဲပါတယ်

မရဲ့ကြင်​နာတတ်​တဲ့အကြည့်
ဖော်​​ရွေလှတဲ့အပြုံး
ပန်းနု​ရောင်​နုပ်​ခမ်းပါး
ကြင်​နာစွာ​ပြောတတ်​တဲ့
စကား​လေး​တွေကို
မြတ်​နိုးစွာနဲ့အမြဲ
စောင့်​ကြည့်​​နေမိတယ်

မကိုချစ်​တဲ့အချစ်​က
ဘာနဲ့မှတာဆီး
ဖျောက်​ဖျက်​လို့မရနိုင်​​အောင
်​ဖြစ်​​နေရပြီမရယ်
ပတ်​ဝန်းကျင်​က ရိုက်​ခတ်လာတဲ့
ဒဏ်​​တွေကိုခါးဆီးခံရင်း
မကိုဆက်​ချစ်​​နေမယ်​​နော်
ငယ်​ရွယ်​တဲ့သူဆို​ပေမဲ့
ချစ်​တဲ့အချစ်​က​တော့
ကြီးမားကျယ်​ပြန့်​လှပါတယ်​မရယ်
တစ်​​နေ့မ​တွေ့ရင်
မ​နေနိုင်​​လောက်​​အောင်​ကို
ဖြစ်​​နေရတဲ့အဖြစ်​က
အရူးတစ်​ပိုင်းဖြစ်​​နေရတယ်​မရယ်
ဘယ်​သူ​တွေဘာပဲ​ပြော​နေကြပါ​စေ
မကိုထာဝရဆက်​ချစ်​​နေချင်​မိတယ်

အ​ခြေ​နေ​တွေကွာခြား​နေ​တော့
ကြောက်​စိတ်​ဝင်​မိတယ်
မဘဝကကြယ်​​လေး​တွေလ
ိုလှပ​နေတယ်​​လေ
ကျွန်​​တော့ဘဝက
နေမင်းလို့ပူ​လောင်​​နေရတယ်​ဗျာ
မျဉ်းပြိုင်​နှစ်​​ကြောင်းလို
ဘယ်​​တော့မှများနီးစပ်​ခွင့်​ရမှာလဲဗျာ
ခံစားချက်​​တွေများလာ​တော့
ကျွန်​​တော်​ခံနိုင်​အားမရှိ​တော့ဘူးဗျာ
မအချစ်​သာကျွန်​​တော်​ရမယ်​ဆိုရင်
ကျွန်​​တော်​ဘာမဆို​ပေးဆပ်​ဝံ့ပါတယ်

အလင်္ကာ

ချစ်​​သောမ​ရေ💞 အလင်္ကာ

ချစ်​​သောမ​ရေ

နူးညံ့​တော်​ဝင်​ ပန်းသဇင်​​တွေ
ဦးညွတ်​​မော်​ဖူး အလှထူးကို
ပိုင်​ဆိုင်​ထားသူ ငုဝါပန်း​လေး
အ​ခြေကွာခြား ​တော်​ဝင်​မခြား
လှနိုင်​ရက်​သူ မ​ရေ.....

ရူးသွပ်​​လောက်​​အောင်​ ညို့ယူဖမ်းစား
မအလှတရား ရူးသွပ်​​လောက်​​အောင်
ချစ်​မိ​နေပြီ မ​ရေ.......

နှင်းပွင့်​​လေး​တွေ ​ကြွေကာကျ​တော့
ငိုချင်​လာမိတယ်​ ​ကြွေကာကျတဲ့
မျက်​ရည်​​လေး​တွေ သနားလှည့်​ပါ
မရယ်​......

မှောင်​မိုက်​ညဝယ်
လမင်းပါမှ..ညဟာလှသလို
နေ့ခါ​နေမင်း...​နေမင်းပါမှ​နေ့ဟာလှ၏..
ကျွန်​​တော့ဘဝဟာလဲ..မရဲ့ချစ်​ခြင်း​တွေသာပါမယ်​ဆိုရင်
အတိုင်းတာမရှိ လှပ​နေမှာပဲ​နော်​...
အချစ်​​ကြောင့်​ရူး​နေတဲ့..အချစ်​ရူး​လေးကို
..သနားလှည့်​ပါ မရယ်​......

မကိုချစ်​တယ်
အချစ်​ဆိုတာ..
ဟိုး​ရှေ့ဦးကမ္ဘာထဲက မရှိခဲ့ရင်​​ကောင်းမယ်​ဗျာ
အချစ်​​ကြောင့်​ ရူး​နေပြီသိလား....မ

အလင်္ကာ

ငိုသောသူ 💔 အရှင်ကေသရ

( ငိုသောသူ)

မွေးဖွါးခြင်း အစ
အသက်ရှင်ခြင်း အလယ်
သေဆုံခြင်း နောက်
မည်သူတစ်ဦး တစ်ယောက်မျှ
မငိုကြွေးသောသူ
ဤ "ဇမ္ဗူဝယ် လူရယ်လို့
ဖြစ်ခွင့်ရခဲ့ရင်
အဘယ်သူသည် ငိုသောသူတည်

အရှင်ကေသရ
်( ဖောင်းပြင်)

ချစ်သော"ဖြူ"သို့ 💔 မိုးထက်

( ချစ်သော"ဖြူ"သို့ )

သတိတရနဲ့
အမိအရ စကားလေး
တစ်ခွန်းပြောခြင်းတယ်
ရက်ရက်စက်စက်
ဖြူ "ကို ချစ်တယ်
ဖြူ "ပါးပြင်မို့မို့လေးကို
အာဘွားပေးချင်တယ်
ဖြူ" နှင်းဆီရောင်း နှုတ်ခမ်းလေးကို
ကစ်ပေးချင်တယ်
ဖြူ " ရင်ခွင်ထဲမှာ
ဖြူ "ရနံ့တွေကို ရှုရှိက်ရင်
သေဆုံခြင်းကို ဥပေက္ခာပြုခြင်းတယ်
ဖြူ" ကို ဘဝနဲ့ ထပ်တူ
ချစ်ခွင့်ရဖို့ ဒီကဗျာ
ဒီစာလွှာနဲ့ ရင်ဖွင့်လိုက်တယ်နော်

မိုးထက်( ဖောင်းပြင်)

ဆင်ခြင်းစရာ 💔 အရှင်ကေသရ

( ဆင်ခြင်းစရာ)

အဘိဏှသုတ်လာ ဒေသနာကထာကို
သေချာကျန နာယူကွယ်
အိုးခြင်းတစ်ဖြာ နားခြင်းတစ်ထွေ
သေခြင်းတစ်ဆုံး ဤ ""သုံးလုံးကို
စိတ်၌ စွဲမှတ် အမြဲမပြတ်ရအောင်
ခန္ဓာဥာဏ်တွင်း ကြည်လင်းခြင်းဖြင့်
အသက်ရှင်စဉ်ခဏ မမေ့လျော့ကြဖို့
ဗုဒ္ဓမြတ်စွာ စောသတ္ထာသည်
မမြဲနိစ္စသင်္ခါရတရားကို
လူပြိန်း လူအ များသတ္တဝါ
မကျန်းရအောင်
စွမ်းဆောင်ကြိုကုတ်
အားထုတ်တော်မူခဲ့သည်

အရှင်ကေသရ( ဖောင်းပြင်)

အပယ်ခံနှလုံးသား 💔 ဇော်ရဲ

အပယ်ခံနှလုံးသား

တစ်ပွဲထိုးဗျူဟာနဲ့
အသဲခိုးယူနေတာ
မဟုတ်ပါဘူးကွယ်။
မျိုသိပ်မရ
ယိုဖိတ်ကျလာတဲ့
ငါ့ရဲ့အချစ်တွေကို
နင် အသိအမှတ်ပြုဖို့
ကြိုးစားရုံသက်သက်ပါ
ချစ်မိလို့
အပြစ်ရှိတယ်ဆိုရင်
ခွင့်လွှတ်နားလည်ပေးဖို့
တောင်းပန်ပါရစေ။

ဇော်ရဲ(အပယ်ခံထန်းတော)

အမုန်းချစ်​သူ💔 မိုးပွင့်​ဖြူ

အမုန်းချစ်​သူ

လွမ်းတတ်​​အောင်​သင်​​ပေးခဲ့တဲ့မင်းမှာ
အပြစ်​မရှိ​ပေမယ့်​ ချစ်​တတ်​​အောင်
လှုံ့​ဆော်​​ပေးခဲ့တဲ့ နှလုံးသား​လေးကို​တော့
မုန်းမိတယ်​ ........

မိုးပွင့်​ဖြူ

Wednesday, December 24, 2014

မမ အတွက် ✏ လင်းအောင်

မမ အတွက်

အဝေးတစ်နေရာမှာမျော်လင့်နေပေမဲ့
မမ ဟာ သူ့ရဲ့ချစ်သူနဲ့ပျော်နေတယ်
တစ်ရောက်တည်းကြေကွဲ
နေခဲ့ရတယ်ဒါကို...
မမ မသိဘူး မမ သိအောင်
ဒီကဗျာနဲ့ရင်ဖွင့်လိုက်ရတာပါ

အင်းလေး လင်းအောင်

လေပြေ ✏ နွေဦး

လေပြေ

ညင်သာသွဲ့ပျောင်း
နုညံ့သိမ်မွေ့
သာယာစွာတိုးဝှေ့လာတဲ့
အကြင်နာလေပြေ။
ဆောင်းမနက်မှာမိုးရွာသလို
ရင်ထဲကိုအေးမြမှုအပေါင်း
သွန်းလောင်းတဲ့လေပြေ။
ရင်ထဲသို့လေပြေ
ဝင်ရောက်ချိန်ကစလို့
မြက်ဖျားပေါ်ကနှင်း
အရုဏ်လင်းရောင်နီ
ကောင်းကင်ပြာပြာတွေက
ကဗျာဖြစ်ခဲ့တယ်လေပြေ။
အရာအားလုံး
ပျိုမြစ်ခြင်းတွေနဲ့
လက်ဆက်တောက်ပလို့
လှနေလိုက်တာလေပြေရယ်....။

နွေဦး

တိမ်ပန်းချီသို့....အညတရမောင်

တိမ်ပန်းချီသို့....

တိမ်ပန်းချီ လကွေးပေါ်မှာ
ရေးခြယ်သတဲ့ချစ်ခြင်းက
အမှောင်ရောက်လို့ကွယ်ပျောက်သွားတဲ့
ညခင်းတစ်ခုရဲ့...
လွမ်းဆွတ်သတိရခြင်းအတွက်လား။

တိမ်ပန်းချီခေါင်းထဲက
ထုတ်စရာမလိုအောင်ရှိနေတဲ့
မင်းအကြောင်းတွေ
နှလုံးသားထဲမှာချစ်ခြင်းဖွဲ့လို့
ငါဘယ်လိုမေ့လို့ရနိင်မှာလဲ။

ခွင့်လွတ်ပါသိပ်ချစ်ခဲ့တယ်
်တိမ်ပန်းချီတမ်းတခြင်းတွေနဲ့
မင်းပေးသွားတဲ့နေ့ရက်တွေ
မှာအိမ်မက်ကခါးလို့
ငါကိုယ်ငါ တောင်မှာအခုတော့
နှစ်သိမ့်လို့မတတ်တော့ဘူး။

တိမ်ပန်းချီသို့....အညတရမောင်

တိမ်ပန်းချီသို့....

တိမ်ပန်းချီ လကွေးပေါ်မှာ
ရေးခြယ်သတဲ့ချစ်ခြင်းက
အမှောင်ရောက်လို့ကွယ်ပျောက်သွားတဲ့
ညခင်းတစ်ခုရဲ့...
လွမ်းဆွတ်သတိရခြင်းအတွက်လား။

တိမ်ပန်းချီခေါင်းထဲက
ထုတ်စရာမလိုအောင်ရှိနေတဲ့
မင်းအကြောင်းတွေ
နှလုံးသားထဲမှာချစ်ခြင်းဖွဲ့လို့
ငါဘယ်လိုမေ့လို့ရနိင်မှာလဲ။

ခွင့်လွတ်ပါသိပ်ချစ်ခဲ့တယ်
်တိမ်ပန်းချီတမ်းတခြင်းတွေနဲ့
မင်းပေးသွားတဲ့နေ့ရက်တွေ
မှာအိမ်မက်ကခါးလို့
ငါကိုယ်ငါ တောင်မှာအခုတော့
နှစ်သိမ့်လို့မတတ်တော့ဘူး။

တိမ်ပန်းချီရဲ့ကောက်ကြောင်း ✏ အညတရမောင်

တိမ်ပန်းချီရဲ့ကောက်ကြောင်း

တိမ်ပန်းချီ အမြတ်တနိုးငေးရတဲ့
နေ့ရက်နဲ့ ဖမ်းဆုတ်မရတဲ့
တမ်းတမူမှာ အကြိမ်ကြိမ်ကျရှုံးလို့
ငါနှလုံးသားမိုးတိမ်တွေထဲရေးဆွဲထားတဲ့
မင်းရဲ့ကောက်ကြောင်းတွေက
ငါကိုလွမ်းစရာအတိ။

တိမ်ပန်းချီငါဘဝထဲဝေဒနာနဲ့
ဲ့နင်ဝင်လာလို့ငါအမှတ်ရခြင်းရဲ့နာရီတွေက
ိုရပ်တန့်ပေးပါတော့။

အခုတော့ . . . . .
ကြွေကျလာတော့မဲ့တိမ်စတွေကြားမှာ
ငါဘာတတ်နိုင်ခဲ့လို့လဲ
တိမ်ပန်းချီ . . . . .
တကယ်တော့ တိမ်ပန်းချီရေ
ဖော်ဝေးငှက်တစ်ကောင်ရဲ့
တမ်းချင်းဟာမင်းရှိရာသတိရစိတ်နဲ့
လွမ်းဆွတ်ပျံသန်းရရုံလေးပါ။

အညတရမောင်

တိမ်ပန်းချီ ✏ အညတရမောင်

တိမ်ပန်းချီ

ဘဝမှာ စိတ်နဲ့တည်ဆောက်ထားခဲ့တဲ့
ဒီညနေခင်းတွေ
ငါကမ္ဘာတဘက်ခြမ်းကအလွမ်းတွေ
ွနေဝင်ခွင့်မရခဲ့ဘူးတိမ်ပန်းချီရေ။

ညနေရဲ့ကျယ်ပြန့်တဲ့ကွင်းပြင်ထဲ
အိပ်တန်းပျံငှက်တွေမိုးကောင်းကင်ထဲ
လွတ်လပ်စွာပျံသန်းနေချိန်
ငါတော့ ဖော်ဝေးငှက်တစ်ကောင်လို့
မင်းရှိရာဆီငေးလိုအလွမ်းတွေနဲ့သာ
ဖြတ်သန်းခဲ့တယ်။
ဒီလို့ ညနေတွေနဲ့မင်းဆီရောက်ဖို့
ငါမြတ်နိုးတဲ့အလှတရားက
ဘာကြောင့်....
ငါကိုအလွမ်းသင့်စေတာလဲတိမ်ပန်းချီ ။

မျှော်နေပါ.... ဝေလင်းခန့်

မျှော်နေပါ....

ကိုယ်​ကကြိုးစား​နေသူ
မင်းက​စောင့်​စား​နေသူ
ကိုယ်​ဘဝ​ပြောင်းလဲခ်ျိန်​ထိ
မင်းဘက်​က သစ္စာရှိ​နော်
ကိုယ်​ဘဝကြမ်း​ပေမဲ့
နမ်းချင်​တဲ့ပန်းက သဇင်​မို့
တက်​လှမ်းဖို့ ကြိုးစား​နေချိန်
ကိုယ်​ဘက်​က အမှားရှိရင်
နားလည်​​စေချင်​တယ်
ချစ်​သူရယ့့် 

ဝေလင်းခန့်
Pku

ညီမ​လေး သို့....ဝေလင်းခန့် (pku)

ညီမ​လေး သို့

ညီမ​လေး ကိုယ်​ရဲ့အချစ်​က
သစ္စာ​မေတ္တာ​တွေနဲ့
တည်​​ဆောက်​ထားခဲ့တာ
မင်းယုံကြည်​​ပေးပါ ချစ်​သူ
ငါဘဝရဲ့ အရာရာကို
မင်းစိတ်​​တွေစိုးမိုး​နေတာ
ငါကိုငါ မသိခဲ့ဘူး
ဒါ​ပေမဲ့ ငါ​ပျော်​ရွှင်​ပါတယ်
မင်းကို အမြဲသတိရ​နေလို့
ငါနှလုံးသားကို​တော့
မင်းဘယ်​​တော့မှ ဥ​ပေက္ခာ
မပြုမိပါ​စေနဲ့ ငါသစ္စာက​တော့
ဘယ်​​တော့မှ ပျက်​ပြယ်​မှာမဟုတ်​​ဘူး
ညီမ​လေးရေ

ပန်းပျိုးသူ ✏ အညတရမောင်

လွမ်းလဲမထူးပေမဲ့
အလွမ်းစူးတွေနဲ့
ဥယျာဉ်မှူးဆိုတာ
"ပန်းမခူးရ" တဲ့ ချစ်သူရယ်။

အခုတော့......
ကိုယ်တိုင်ပျိုးလို့
ကိုယ်မခြွေရက်တဲ့ပန်းကိုမှ
ဥယျာဉ်ထဲဝတ်မှုန်လာကူးတဲ့အခါ
ရင်နာနာနဲ့ငေး
ကြည့်နေခဲ့ရတယ်လေ။

အချစ်မိတ်ဆွေများဆီသို့.....✏ ပြည့်ဖြိုး

အချစ်မိတ်ဆွေများဆီသို့.....

လှပဆင်ယင် မိန်းမမြင်
ချစ်ချင်တိုင်းသာ ချစ်နေပါက
ဘယ်မှာအချစ်စစ် ဖြစ်မည်နည်း။

ဥစ္စာရှိမှအချစ်စစ်ထင်
ဖြတ်ချင်တန်ဖိုး ဖြတ်နေပါက
ဘယ်မှာအချစ်တန်ဖိုး ဖြစ်မည်နည်း။

ရွေးစရာပေါ မိန်းမတောတွင်
ရွေ့ချင်တိုင်းသာ ရွေ့နေပါက
ဘယ်မှာအချစ်စစ်တွေ့မည်နည်း။

မိတ်ဆွေသူငယ်ချင်း
ထိုသုံးခုပြင်
အချစ်တန်ဖိုး သိစေချင် .....

ခရစ်စမက်လက်ဆောင် ပြည့်ဖြိုး

သတိပေးတားမြစ်ချက် ✏ ပြည်ဖြိုး

သတိပေးတားမြစ်ချက်

သစ္စာမေတ္တာ ချစ်ဂေဟာသို့
သစ္စာမဲ့သူ မလာရ။

ယူ့ယကြင်နာ ဒို့နေရာသို့
လိမ်ညာတတ်သူမလာရ။

သစ္စာပွင့်လန်း ဒို့ရင်နန်းမှ
မုန်းတမ်းစကားမပြောရ။

ဒို့ရေးတဲ့ကဗျာ ချစ်လင်္ကာကို
လိမ်ညာလှည့်စား မိစိမ်းကားများ
မဖတ်ရ။

ခရစ်စ်မတ်လက်ဆောင် ပြည်ဖြိုး

အ​မေ့နိဗ္ဗန်​တံခါးပွင့်​​စေ​သော်​....။✏ ဥယျာဉ်မှုး

အ​မေ့နိဗ္ဗန်​တံခါးပွင့်​​စေ​သော်​....။

ကိုးလလွယ်ကာ ဆယ်​လမှာဖွား
အ​မေ့သားတဲ့
သမဏ​ခေါ် မြို့ပြ​ပေါ်တက်
တောင်​​ဝှေးတစ်​ဘက်​နှင့်
စာကျက်​သ​နော်
အသက်​​ကျော်​ အခါ​နှောင်းခဲ့လို့
ဘဝ​ဟောင်းဝိပါက်​ နာချက်​က​ပေါ်
နာချက်​​ပေါ်သူ အ​မေ့သား
မ​နေမနားကျက်​လို့​ပျော်
ပညာ​တော်​အသင့်​တတ်​လျင်
အကျင်​မြတ်​ကိုတဲ့မျှော်
အကျင့်​မြတ်​လျင်​ အ​မေ့​ကျေးဇူး
ရှေးဦးဆပ်​လို့​ဖော်​ ​ကျေးဇူး​ဖော်​လျင်
မ​မေ့တရားနှင့်​ အ​မေ့နိဗ္ဗန်​တံခါးပွင့်
စေ​သော်​။
်
ဥယျာဉ်မှုး

အ​ဝေး ချစ်​သူသို့...✏ tawtar

အ​ဝေး ချစ်​သူသို့...

ကဗျာဆရာ​တွေက
အ​တွေးနဲ့​ရေးတယ်
ပန်းချီဆရာ​တွေက
စိတ်​ကူးနဲ့ပုံ​ဖေါ်တယ်
ဂီတသမား​တွေက
တိတ်​ဆိတ်​မူ့နဲ့သံစဉ်​ရှာတယ်
သိပ္ပံပညာရှင်​​တွေက
လေထဲမှာတိုက်​​ဆောက်​တယ်
ငါက​တော့...မင်းကို
အ​ဝေးကပဲချစ်​​နေ​တော့မယ်
ချစ်​သူရယ်​......။ ။

tawtar (tgi)

မမ

ဆောင်းရာသီမှာအေးချမ်းပေမဲ့
မအေးချမ်းတာတစ်ခုရှိတယ်
မမ နဲ့ဝေးနေရတဲ့အချိန်မှာ
စိတ်ပူနေမိတဲ့
ရင်ဘက်ထဲကမီးတစ်ခုပဲ
ချစ်သူ.......

အလွမ်းဒီဇင်​ဘာ ✏ အလင်းသစ်

အလွမ်းဒီဇင်​ဘာ

ချစ်​သူ
နာရီ​တွေ အပတ်​​ပေါင်းများစွာ
လည်​ပတ်​​ ​ကျော်​လွန်​သွားလို့
D ဇင်​ဘာကို
တစ်​ခါပြန်​လည်​​ရောက်​ရှိလို့
လာခဲ့ပြန်​ပြီ
အတိတ်​ရဲ့D ဇင်​ဘာမှာ
အချစ်​​နှင်း​မှုန်​တွေ ဝေစီ​နေခဲ့​ပေမယ့်
ပစ္စုပ္ပန်​ Dဇင်​ဘာမှာ​တော့
အလွမ်း​တွေ ​နေ​ပြောက်​ထိုး​နေခဲ့ပြီ
မင်းမရှိ မင်းမသိတဲ့ ​နေ့ရက်​များစွာကို
ငါတစ်​​ယောက်​တည်း အလွမ်း​တွေနှင့်
ဖြတ်​သန်းရင်း ပြက္ခဒိန်​​တောင်
အသစ်​​ပြောင်း​တော့မယ်
ဒါ​ပေမယ့်​.....
မ​ပြောင်းလဲ​နိုင်​​သေးတာက
ငါ့ရင်​ထဲက​ဟောင်​နွမ်း​ပေမယ့်
လတ်​ဆတ်​နေ​သေးတဲ့
နင့်​အ​ပေါ်ထားတဲ့ ခံစားမှု​တွေပါ ...။


အလင်းသစ်​ ŷ´
ရွှေနန်း​မြေ ...။

ငြိမ်းချမ်းရိပ်​မြုံ ✏ ဥယျာဉ်မူး

ငြိမ်းချမ်းရိပ်​မြုံ
ပန်း​ပေါင်းစုံနှင့်
ရဂုံမြိုင်​လယ်
တော​တောင်​နယ်​သို့
သုံးထည်​သင်္ကန်း
သံပိတ်​ထမ်းလျက်
တောလမ်းတ​လျှောက်
ရွာစဉ်ရောက်​လို့
စိတ်​​နောက်​​ဗျာကင်း
ဉာဏ်​မဂ်​လင်း၍
မျှော်​ခြင်းများစွာ
မိမာတာသို့
သေချာကျန
မြတ်​ဓမ္မဖြင့်
ပေးငှ​ဝေချင်
ငါ့စိတ်​စဉ်သည်
ဘယ်​တွင်​ဘယ်​ရွေ့
ဘယ်​​နေ့ကျမှ
ပြည့်​ရလိမ့်​မည်​နည်း။

ကျွေး​ဖေ​ဖေသို့တမ်းတခြင်း (ဥယျာဉ်​မှူး)

ကျွေး​ဖေ​ဖေသို့တမ်းတခြင်း

ဖေ​ဖေ
ပုဆိုးတိုတိုနှင့်
တောင်​ယာလယ်​လုပ်​ကာ
နဖူးမှ​ခြေဖျားထိ
ချွေးတသီးသီးနှင့်
ပင်​ပန်းကြီးစွာ
သားသမီးတို့ကို​ကျွေး​မွေးခဲ့
စောက်​​ရှောက်​ခဲ့တဲ့
ဒို့ရဲ့​ဖေ​ဖေပါ။
သမ္မာအာဇီဝကျသည်
မကျသည်​မသိ
သားသမီးတို့ကို ​ကျွေး​မွေးခဲ့
စောက်​​ရှောက်​ခဲ့တဲ့
ဒို့ရဲ့​ဖေ​ဖေပါ။
ကြုံရာအလုပ်​ကိုလုပ်​ပြီး
အထမ်းသမား
အလုပ်​ကြမ်းများကိုလုပ်​ပြီး
ကျွေး​မွေးခဲ့
စောက်​​ရှောက်​ခဲ့တဲ့
ဒို့ရဲ့​ဖေ​ဖေပါ။

အချစ်သတိ.... (နွေဦး)

အချစ်သတိ

အချစ်နဲ့အမုန်းကြားမှာ
နံရံပါးပါးလေးခြားပေမယ့်
ချစ်ခြင်းကကြည့်ရင်
အမုန်းကိုမမြင်နိုင်ဘူး
အမုန်းကကြည့်ရင်လည်း
ချစ်ခြင်းကိုမမြင်နိုင်ဘူး ။
ချစ်နေစဉ်မှာ
သောကကိုသတိမရပေမယ့်
ဆင်းရဲခြင်းတွေက
အချစ်နောက်မှာ
ကပ်ပါလာတယ် ။
အနတ္တကိုမေ့ပျောက်
အချစ်နောက်လိုက်ရင်
စိုးရိမ်ပူပန်မှုက
စောင့်ကြိုနေတယ်။
မချစ်ဘူးသေးရင်
ချစ်တတ်အောင်သင်
အချစ်ကြောင်းသိမှ
အချစ်ကောင်း မကောင်း ခွဲခြားတတ်မယ် ။

နွေဦး

သူငယ်ချင်းသို့... (နွေဦး)

သူငယ်ချင်းသို့

မင်းအောင်မြင်နေတာ
ငါအပြည့်အဝ
ဝမ်းမသာနိုင်ခဲ့ဘူး
နောင်တတွေရနေလို့ပါ ။
မင်းကျရှုံးနေတာ
ငါနည်းနည်းပဲ
စိတ်မကောင်းဖြစ်ခဲ့တယ်
ဘဝကိုဓမ္မဖြင့်
တန်ဆာဆင်နေလို့ပါ ။
ထပါ....သူငယ်ချင်း
အရှုံးကိုပွေ့ရင်း
ဆက်မှိုင်နေလို့ထူးမလာာဘူး
ကြိုးစားခွင့်ရှိပါသေးတယ် ။
ဘဝဆိုတာ
အရှုံးနဲ့အောင်မြင်မှုရဲ့ စစ်ခင်းရာပဲမို့
စိတ်ဓာတ်တွေတင်လိုက်
ပြန်တိုက်ပါသူငယ်ချင်း ။

နွေဦး

ထို့ကြောင့်.... (နွေဦး)

ထို့ကြောင့်....

တောင်းပန်ပါတယ်ကွာ
ကျောင်းပြန်သွားတဲ့အခါ
ဝေဒနာတွေယူမသွားချင်ဘူး
ထို့ကြောင့်.....
မင်းမျက်ဝန်းလေး ရုပ်သိမ်းပေးပါ ။
ပုထုဇဉ်သာ ရှိသေးပါ၏
ရင်ခုန်သံဟာ မြန်လာမှာစိုး
နှလုံးသဲထက် ချစ်တတ်မှာစိုးတယ်
ထို့ကြောင့်.....
မင်းအပြုံးများ ပြန်သိမ်းထားပါ။
ရင့်ကျက်သောသူ မဖြစ်မူသေး
တည်ငြိမ်စိတ်ထား အားနည်းပါးသည်
ဆန္ဒတရား သိက္ခာအားဖြင့်
ချုပ်တည်းနိုင်ရန် ခက်နေပြန်သည်
ထို့ကြောင့်....
မြန်မြန်ရုပ်သိမ်းပေးပါ။

နွေဦး

အခုဘဝ ပဓာန ✏ အသျှင်တိဿ တောပျော်

အခုဘဝ ပဓာန

စားဝတ်နေရေး ကျော်ကြားရေးနှင့်
မော်ကြွားရေးသာ အားထုပ်ပါရင်း
မီးစာကုန်လျှင် နေဝင်မကောင်း
နောက်နှောင်းဘဝ မလှပ ။
ခက်ခဲပါလှ လူ့ဘဝကို
ရခိုက်ချိန်မှာ သံသရာအရေး
ရှည်မျှော်တွေး၍ မနှေးကုသိုလ်
အမြဲလိုပြု ထိုသို့ပြုမှ
နောင်ဘဝ စိတ်အေးရလိမ့်မည်။
အနာဂါတ်မှာ ကောင်းဖို့ရာ
အခါယခု ကုသိုလ်ပြု ။
အပါယ်လွတ်ရာ
ပြုရန်မှာလည်း
အခါယခုကုသိုလ်စု။
ယနေ့မနက်ဖြန်
ကောင်းဖို့ရန်မှာ
အခါယခုကုသိုလ်ပြု။

အသျှင်တိဿ တောပျော်

နှင်းပန်းသို့..... (ရွက်​လှ​မြေ..နမ့်စန်​)

နှင်းပန်းသို့

နှင်းရည်​ကြည်​​တွေ​တောင်
အခုဆို...
မြူ​ငွေ့​တွေကိုအ​ဖော်​ပြု့လို့
နှင်းပွင့်​သဏ္ဍာန်​နဲ့​ပေါ့.......
နှင်းပွင့်​ဥယျာဉ်​ထက်​မှာ
ပန်းက​လေး​တွေ
ဝေဆာ​နေလိုက်​တာ
နှင်း​​ပန်းတစ်​ချို့​တောင်
နှင်းရည်​ဆို့လို့
ရနံ​လေးသင်းခဲ့ပြီ​ပေါ့
အားနာပါရဲ့​နော်
လှ​သွေးကြွယ်​ကြွယ်​နဲ့
မင်းဘဝဖြူစင်​ပါတယ်
သဇင်​ကသူ​တော်​ဝင်​တဲ့
နှင်း​ရေ....
အားမငယ်​ပါနဲ့လား
မင်းဘဝ​​​လေးရနံ​တွေနဲ့
ထုံသင်း​မွှေးကြိုင်လို့
နမ်းရှိုက်​ခွင့်​ရှိမယ်​ဆိုရင်​​ပေါ့
မင်းလဲ​တော်​ဝင်​ပါပဲ...နှင်း​ရေ.........

ရွက်​လှ​မြေ..နမ့်စန်

မျက်ရည်မသုတ်မိပါစေနဲ့.... (ရိုက်ခက်ညံ)

မာနတရားကို
အင်္ကျီလိုဝတ်
ဘုရားလိုအမြဲကိုးကွယ်ခဲ့တဲ့ မင်း....
တစ်နေ့ မင်းကိုးကွယ် ဝတ်ဆင်ထားတဲ့
မာနဆိုတာကို လက်ကိုင်ပဝါအဖြစ်
အသုံးပြုပြီး မျက်ရည်မသုတ်မိပါစေနဲ့
ကောင်မလေး....

(ရိုက်ခက်ညံ)

မရှိမဖြစ် သူ ✏ သက်ပိုင်

( မရှိမဖြစ် သူ)

သူဟာ ကမ္ဘာကျော်
တစ်ယောက်မဟုတ်ခဲ့ဘူး။

သူဟာ ရုပ်ရည်ချောမောသူ
တစ်ယောက်မဟုတ်ခဲ့ဘူး။

သူဟာ ဥစ္စာပေါများသူ
တစ်ယောက်မဟုတ်ခဲ့ဘူး။

သူဟာ အချစ်ကိုဖော်ပြတတ်သူ
တစ်ယောက်လဲမဟုတ်ခဲ့ဘူး

သူဟာ .....
သူဟာ .....
.....................
.......................
ကျွန်တော့်အတွက်တော့
မရှိမဖြစ် သူ" ပါ ။ ။ ။

သက်ပိုင်

ငါမပိုင်ရသေးတဲ့ ကဗျာ ✏ သက်ပိုင်

(ငါမပိုင်ရသေးတဲ့ ကဗျာ)

ချစ်သူ ဆံနွယ်ဖွဖွ
လွှလွှလေးတွေ ကြားက
ဆံညှပ်သေးသေးလေးက
ငါ့ ကဗျာ ...... ။

ချစ်သူ သနပ်ခါးနံ့
မပြယ်တပြယ်
ပါးမို့မို့လေးက
ငါ့ ကဗျာ ..... ။

ပျော့ပျောင်းအိစက်
လက်ဖဝါးနုနုတွေက
ငါ့ ကဗျာ .....။

ခြေဖမိုးဖွေးဖွေး
ခြေတန်လှလှလေးက
ငါ့ ကဗျာ......။

အိပ်စက်ပေမယ့်
အိပ်မက် မမက်ရတဲ့
အိပ်မက်လှလှလေးက
ငါ့ ကဗျာ ...... ။

ပြီးတော့ ........
......................
ငါမပိုင်ရသေးတဲ့
ကဗျာလေးက
ငါ့ ကဗျာ ...... ။

သက်ပိုင်

အသဲခွဲ တက္ကသိုလ် ✏ နွေလွင့်ကြယ်

'အသဲခွဲ တက္ကသိုလ်'

*အတတ်ပိုမာယာတွေနဲ့
အချက်ဆိုတာမပြပဲ
အသက်နုတ်ယူပြေးမှာလား?
တက္ကသိုလ်ကျောင်းသူလေးရယ်...

*အသဲခွဲတဲ့ပညာတွေကို
စွဲမြဲစွာနင်တတ်ထားတယ်လို့
ထင်မှတ်မထားခဲ့တော့
ရင်ဘက်တံခါးကိုအသာဖွင့်
ချစ်ခွင့်ရဖို့ကြေညာမိခဲ့တယ်...

*အခုတော့
ဝေဒနာရိုင်းတွေကပုတ်ခတ်
ရင်တွေစုပ်ပျက်မတတ်ကြေကွဲ
နေ့စွဲတွေမလှတော့ပေမယ့်
ခဏခဏတော့သတိရနေမိတယ်...

*ကျေနပ်ပါတယ်ချစ်သူ
ချေဖြတ်မရနိုင်တဲ့သံယောဇဉ်တွေကို
မင်း ခြွေဖျက်ခဲ့ပေမယ့်
နွေရက်လိုပူလောင်နေတဲ့
တစ်ဖက်သားလူရဲ့အသဲက
ပြတ်သားတဲ့အဖြေတစ်ခုကို
မျော်နေဆဲဆိုတာ....

နွေလွင့်ကြယ်(မှော်ဝန်း)

အချစ်​ကဗျာ ✏ မိုးပွင့်​ဖြူ

အချစ်​ကဗျာ

လူတစ်​​ယောက်​ရဲ့
ပထမဆုံးချစ်​သူဖြစ်​ရတာ
အရမ်းကြီးကျယ်​ခမ်းနားတယ်​လို့
ထင်​တတ်​ကြသည်
ဒါ​ပေမယ့်​.....လူတစ်​​ယောက်​ရဲ့
နောက်ဆုံးအချစ်​ဖြစ်​ရတာပိုပြီးတန်​ဖိုးရှိတယ်

မိုးပွင့်​ဖြူ

ကောင်​မ​လေးရဲ့​ကောင်​လေး ✏ မိုးပွင့်​ဖြူ

ကောင်​မ​လေးရဲ့​ကောင်​လေး

လမင်းကြီးကအမြဲမသာဘူး​ ကောင်​မ​လေး
လပြည့်​ည လကွယ်​ည
လမို​က်​ည​ တွေရှိပါတယ်​​ ကောင်​မ​လေး
ကောင်​မ​လေး​ လပြည့်​​နေလို့
မင်းဘဝ​လေးသာယာ​နေစဉ်​​တော
့မင်း​ပျော်​​ပျော်​​နေ​ပေါ့
လကွယ်​ည​ရောက်​ရင်​​တော့
ကောင်​မ​လေး မင်းအ​မှောင်​ဒဏ်​က
ိုမခံနိုင်​မှာ​ကောင်​​လေးစိုးရိ​မ်​​တယ်

မိုးပွင့်​ဖြူ

( ငါတို့ဗိုလ်ချုပ် မင်းတို့ဗိုလ်ချုပ်)

( ငါတို့ဗိုလ်ချုပ် မင်းတို့ဗိုလ်ချုပ်)

ဗိုလ်ချုပ်စစ်တပ်
ပြည်သူသတ်ဖို့မဟုတ်
ဗိုလ်ချုပ်စကား
ဖယ်ရှာဖို့မဟုတ်
ဗိုလ်ချုပ်အလုပ်
ဇာတ်မြုတ်ဖို့မဟုတ်
ဗိုလ်ချုပ်စကားကို ကျင့်သုံးပါ
တိုင်းတစ်ပါးနဲ့ပေါင်းပြီး
ဆင်းရဲသား တောသူ
တောင်သားတွေကို မနှိုပ်စက်ကြနဲ့
ဗိုလ်ချုပ်ပေးခဲ့တဲ့ စစ်လက်နက်တွေနှင့်
မပစ်သတ်ကြပါနဲ့
ဗိုလ်ချုပ်ကို အားနာကြပါအုံး
ဗိုလ်ချုပ်သာရှိရင် မင်းတို့
နားရင်ကွဲဖို့တာပြင်
အခုခေတ်ဗိုလ်ချုပ်
မိုးချုပ်လို့ ချုပ်မှန်မသိ
ယောင်တီးယောင်တောင်
မော့်တီး မော့်ကန်း ဗိုလ်စုတ်
အချုပ်ထဲသွား
ပြည်သူများရဲ့ မုန်းမေတ္တာ
ငါတို့ ဗိုလ်ချုပ် မင်းတို့ဗိုလ်ချုပ်
ချေးအုပ်နဲ့ ရွှေအုပ်
နိုင်ရတာတောင် မသထီ
ဗိုလ်စုတ်ဘဝ အပါယ်ကျ
မသေခင်က ပုတ်စော်နံ့
သင်လို့ကြိုင်လို့ဗျ
ငါတို့ဗိုလ်ချုပ် တကယ်လုပ်
အဟုတ်အမှန်အကျင့်ခံ
ကိုယ်ကျင့်တရား ရှားမှရှား
သေပြီးသွားတောင်
မွေးနေပါလား ""

မိုးထက်( ဖောင်းပြင်)

နောင်တ

နောင်တ

ဆုံးရှုံးပြီးသားအရာတွေကို
ပြန်လည်မတမ်းတပါနဲ့
လက်ရှိအနေထားမှာ
သက်တောင် သက်တာနေတတ်ပါစေ
အရာရာတိုင်းမှာ
ငါပဲသိတယ်ဆိုတဲ့
အတွေးစိတ်ဓာတ်မျိုးကို
မတွေးမိပါစေနဲ့
တစ်ချိန်က.....
ထောင်ကြခဲ့ဖူးတာကိုတွေးပြီး
ထောင်ပိုင်းကြီးကို
စိတ်မဆိုးပါနဲ့
( သူလဲနေ့ထွက်မကိုက်ရှာပါဘူး)
စစ်အစိုးရရဲ့ နှိုပ်စက်မှု့တွေကို
ခံစားပြီး လက်ရှိအစိုးရကို
မမုန်းပါနဲ့တော့
( သူတို့ခများလဲ မနည်းဖြေရှင်းနေရတာ)
ထောင်ကျစဉ်က ခေါင်းစွတ်ကာရိုက်ခဲဖူးတဲ့
စစ်သားကြီးကိုလည်း
အပြစ်မယူပါနဲ့
( သူလဲအခုထောင်ထဲမှာ)
အထက်ကအမိန့်ဆိုပြီး
နယ်မြို့တွေမှာ လူပါးဝတဲ့
ရဲသားကြီးလည်း
အသက်ကြီးရော့ပေါ့
န ဝ တ ခေတ် နေဝင်းအုပ်ချုပ်တုန်းက
ပစ်သတ်ခဲ့တဲ့ လူပေါင်းများစွာ
သေကြေတာကို စိတ်မကောင်းမဖြစ်ပါနဲ့တော့
အခုဆိုရင် တိုင်းရင်သားတွေ သေနေပြီပဲ
အခုထက်ထိ အကျင့်ခြစားနေတဲ့
မြို့နဲ့ တော နယ်က အစိုးရ
ဝန်းထမ်းတွေကိုကြည့်ပြီး
ဒေါသမထွက်ပါနဲ့တော့
ပွင့်လင်းမြင်သာမှု့ရှိဖို့
အားထုတ်နေကြပြီးပဲ
ဖုန်းလိုင်းတွေ မကောင်းတာကိုကြည့်ပြီး
တာဝါတိုင်းစောင့်တဲ့ ဝန်းထမ်းတွေကို
မေတ္တာမပို့ ကြပါနဲ့တော့
နှောင်းလာမည့် နှစ်တွေဆိုရင် OKပါပဲ
နောင်တမျက်ရည်နဲ့ ပွဲမသိမ့်

ချစ်သူ ~ချစ်လွမ်းရတီစိုးထိုက်

ချစ်သူ ~ချစ်လွမ်းရတီစိုးထိုက်

*နှလုံးသားမှာ နွေးစေဖို့ 
အပြုံးတရားလေးတွေနဲ့ 
ပျော်ရွှင်စရာပေးဝေခဲ့တဲ့
အရမ်းမိုက်တဲ့ ကိုယ့်ချစ်သူ ~~~

*အမုန်းမပွါးစေဖို့ 
နှလုံးသားချိုချိုလေးနဲ့ 
အပြုံးစကားဆိုတတ်တဲ့
အရမ်းမိုက်တဲ့ ကိုယ့်ချစ်သူ~~~

*သံသရာမှာ လှစေဖို့ 
သစ္စာဓမ္မတွေနဲ့ 
မေတ္တာမျှဝေပေးတဲ့
အရမ်းမိုက်တဲ့ ကိုယ့်ချစ်သူ~~~

*သမုဒယ နန်းရင်ပြင်မှာ
အလှအပ ပန်းတွေကို
တယုတယ နန်းစေခဲ့တဲ့
အရမ်းမိုက်တဲ့ ကိုယ့်ချစ်သူ~~~

ဝယ်​မရတဲ့သတ္တိ ✏ များစွာပျားဘုရား

ဝယ်​မရတဲ့သတ္တိ

ချစ်​ခြင်းအလင်္ကာ
မေတ္တာအတိမ်​အနက်​ကို
တိုင်းထွာရမယ့်​ကိရိယာ
ဈေးမှာဝယ်​လို့ရသတဲ့လား...?
မ​ရေရာနိုင်​တဲ့ဘဝထဲကို
ရွှေစံ​လှောင်​အိမ်​ထဲက
ပြေးထွက်​ရဲတဲ့သတ္တိ
မင်းအနားမှာရှိရဲ့လား......?

များစွာပျားဘုရား

မုန်းရက်သူ ✏ မောင်ငယ်ရင်သွေး

မုန်းရက်သူ

သံယောဇဉ်ကြိုးတမျှင်
နွယ်တစ်ပင်လို ရစ်ပတ်။
အထပ်ထပ် ချည်နှောင်
သူမတူအောင် ရစ်ပတ်ခဲ့ပြီးမှ။
ကြင်နာသူ သစ်စိမ်းချိုးရက်တယ်
မုန်းနိုင်ပြီပေါ့။

မောင်ငယ်ရင်သွေး{ပန်းတနော်}

Sunday, December 21, 2014

အလွမ်းဒဏ်ရာ ပြည့်ဖြိုး

အလွမ်းဒဏ်ရာ ပြည့်ဖြိုး

အဝေးကလွင့်နေတဲ့တိမ်တိုက်နဲ့
ညနေခင်းတခုရဲ့ကောင်းကင်မှာ
စိတ္တဇဆန်တဲ့အခန်းထဲ
လမင်းကိုနမ်းရှိုက်ဖို့
အလွမ်းတံခါးဝမှာ
နေဝင်ချိန်ကိုနူတ်ဆက်စို့
့နှင်းဆက်တို့ကအလင်းကိုဖောက်ပြီး
လမ်းမီးတိုင်တွေပေါ်မှာ
ယိုင်နွဲ့တဲ့အေးစက်ခြင်းက
ငါ့နှလုံးသားကိုကိုင်ဆောင်သွားခဲ့
သြော်....ဒီလိုနဲ့ချစ်ဆုံးသူရေ
မောင့်ရင်ဘတ်ကိုပြန်ကြည့်ဖို့
အမှတ်ရချိန်မှာ
ဒဏ်ရာတွေဗလပွနဲ့
ခုမှအလွမ်းတွေဖြတ်လျှောက်သွားခိုင်းတာကို
မောင်မြင်တွေ့ခဲ့ရတယ်..........

ပြည့်ဖြိုး

နားလည်မှု့ဖယောင်းတိုင် ✏ ပြည့်ဖြိုး

နားလည်မှု့ဖယောင်းတိုင်

နားလည်မှု့စာနာမှု့ဆိုတဲ့
ဖယောင်းတိုင်လေးရှိနေသေးရင်
(အချစ်)ဆိုတာပြန်ဖြစ်နိုင်တယ်
သံယောဇဉ်ဆိုတာပြန်ဖြစ်နိုင်တယ်
မေတ္တာတရား ကရုဏာတရားတွေ
ပြန်ဖြစ်နိုင်တယ်
နားလည်မှု့စာနာမှု့ဆိုတဲ့
ဖယောင်တိုင်လေးသာ
ငြိမ်းသွားခဲ့တယ်ဆိုရင်......

ပြည့်ဖြိုး.....ပြည်

လမ်းပြကြယ် ✏ သူရတကျော်စွာ

လမ်းပြကြယ်

သူရယ်
မဖြစ်သင့်တဲ့အခြေအနေဆိုပေမယ့်
မဖြစ်ပဲမှမနေနိုင်ကြပဲကွယ်....။
အမှန်တရားဆိုတာကတော့
တခါတခါ အရသာက
နည်းနည်းတော့ခါးတတ်ရဲ့...။

သူရယ်...
ငါ့ ရည်ရွယ်ချက်ကတော့
မင်းလည်တိုင်ပေါ် တွဲလျားချထားတဲ့
စမ်းသပ်နားကြပ်လေး ဖြစ်ခွင့်ရရင်တောင်
နေပျော် သေပျော်ပြီးသားပါလေ။
မင်းက ငါ့အတွက်တော့
ကမ္ဘာ့အကာင်းဆုံး nurse တစ်ယောက်ဆိုတာ
သံသယဖြစ်စရာမရှိပါဘူး...။
မင်းအကြင်နာအကြည့်တစ်ချက်က
အသက်တစ်ရာပိုရှည်စေသကွဲ့…။
ကဲ....ဆရာမ
ငါ့ ရင်ဘက်ကို
မင်းလက်ဖဝါးနုနုနဲ့ ဖိထား
မြန်နှုန်းမြင့် ရင်ခုန်သံကိုမကြားရင်
ငါ့ကို ဆက်မကုပဲထားသွားနိုင်တယ်…။ ။

သူရတကျော်စွာ{KST-MDY}

ကြိုနေမှာ..... ချစ်လွမ်းရတီစိုးထိုက်

ကြိုနေမှာ.....

တစ်ယောက်ထဲပါ
ငါ့ရဲ့မေတ္တာ
ထားခဲ့တာကြောင့်
မင်းဘာဖြစ်ဖြစ်
မပစ်ပါဘူး
စိတ်ထင်ရာသွား
ကမ္ဘာခြားလည်း
ထားသစ္စာနဲ့
ချစ်ခဲ့တာကြောင့်
ဘယ်နေ့ဘယ်ခါ
ပြန်လာပါလည်း
ကြိုဆိုနေမှာ
မင်းသိပေးပါ

ချစ်လွမ်းရတီစိုးထိုက် ဖောင်းပြင်

ချစ်ဆုံးသို့.... ချစ်လွမ်းရတီစိုးထိုက်

ချစ်ဆုံးသို့....

အကျည်းတန်စေတဲ့
မင်းရဲ့စကားလုံး
ကိုယ့်ဘဝတစ်လျှောက်လုံးမှာ
ရင်ကွဲမတတ် ကိုယ်မခံစားနိုင်ဘူး
အမုန်းကိုအပြုံးနဲ့ ဆက်လျှောက်မယ်
ကိုယ်ဟာ မင်းအတွက်ဆို
စွန့်လွတ်စွန့်စားရဲတယ်
အနစ်နာခံရဲတယ် မောင့်ချစ်သူ

်ချစ်လွမ်းရတီစိုးထိုက် ဖောင်းပြင်

တဒင်္ဂ ✏ ချစ်လွမ်းရတီစိုးထိုက်

တဒင်္ဂ

မရေရာ မသေချာတဲ့ ဘဝမှာ
သေချာတာက တဒင်္ဂအချစ်
တခဏတာ ချစ်ရတာကို
တစ်ဘဝဝစာ ထာဝရချစ်သင့်တာပေါ့
ခုတော့ ခုချစ်လိုက် ခုမုန်းလိုက်
အလိမ်ညာတွေကို ဖန်ဆင်းပြလေတော့
အချစ်ဆိုတဲ့စကားလုံးကိုသုံးတာ
အင်မတန် ရုပ်ဆိုးအကျည်းတန်တယ်နော်ချစ်သူ

်ချစ်လွမ်းရတီစိုးထိုက် ဖောင်းပြင်

မေမေ့ဂရုဏာ လမင်းထက်

မေမေ့ဂရုဏာ
လမင်းထက်……ဖောင်းပြင်
………………………………
အမေ့ရင်သွေး သားထွေးလေးကို
လွမ်းဆွတ်တမ်သ စောင့်မျှော်ရ၏
တစ်နိုင်းမြေမှ ပြန်လာသူတိုင်း
မေးမြန်းရှာ၏
တစ်နိုင်းမြေမှာ ခများသားဟာ
သေရရှာပြီတဲ့
မဖြစ်နိုင်ဘူး ငါ့သားလေးဟာ
တစ်နေ့ငါ့ထံပြန်လာမယ်တဲ့
အချိန်ရှိသ၍ သားထွေးလေးကို
စောင့်ကာမျှော်ရင်း
ကွယ်လွန်အနိစ္စရောက်ရရှာ၏
သြော်....နှစ်ပေါင်းနှစ်ဆယ်ကျော်တောင်
ကွဲကွာခဲ့ပါပေါ့လား အမေ...
မေမေကောင်းရာသုဂတိလားပါစေ

မေမေချစ်သောသားထွေး....
လမင်းထက်…ဖောင်းပြင်

ဆောင်း ✏ များစွာပျားဘုရား

ဆောင်း

အေးက​အေးနဲ့ ခိုလှုံစရာရင်​ခွင်​ကမဲ့
ဝေဒနာ​တွေက နှလုံးသားကိုရိုက်​ခတ်
သေရာပါမဲ့ဒဏ်​ရာနဲ့ ခ​ရောင်းလမ်းကိုဖြတ်
နှလုံးသားနဲ့​ခြေဖဝါးမှာ အသားမာ​တွေသာတိုးခဲ့
အသဲထဲထိ​အေးတဲ့ ဒီ​ဆောင်းကို
ယိုင်​နဲ့နဲ့နှလုံးသားတစ်​စုံးကို
ပိုက်​​ထွေးရင်း
ကျော်​ဖြတ်​ရအုံးမှာ​ပေါ့​လေ

များစွာပျားဘုရား

အ​မှောင်​ကြသွားတဲ့လူ ✏ ​ဝေလင်းခန့်

ငါအချစ်​ကို အစကမယုံကြည်​တာ
ငါလက်​ခံလိုရတယ်
မင်းကို​ပြောတဲ့ ​ယောက်ျားတိုင်း
ပေါ့​ပျက်​ပျက်​မို့ အချိန်​အကြာကြီး
မင်းလှည့်​စားသမျှကိုခံခဲ့ပြီးမှ
ငါကိုထားရစ်​ခဲ့တာ
မင်းအ​ပေါ်ငါထက်ကောင်းတဲ့သူရှိ​နေလိုလား
မင်းနှလုံးသားကရက်​စက်​တာလား
့မ​ရေရာတဲ့ အ​တွေးစ​တွေနဲ့ ​​ဆွေး​နေရတာ ငါကိုငါမသိလိုက်​ပါလား
သိလိုက်​ချိန်​မှာ​တော့ ငါရလိုက်​တာ
နောင်​တ​တွေနဲ့သူ အ​မှောင်​ကြသွားတဲ့လူ

ဝေလင်းခန့့် pku

အချစ်နောက်တွင် ✏ နွေဦး

အချစ်နောက်တွင်

အချစ်ပြန်ရဖို့
တောင်းဆိုမိတာကို
သူက မုန်းသတဲ့
နှလုံးသားအလိုကျ
တစ်သက်မှတစ်ခါ
ပြောမိတာပါ
ရင်နာရပေမယ့်
သင်္ခါရသဘောက
ဘယ်အရာမှ
ကိုယ့်အလိုတိုင်းမဖြစ်တာမို့
တရားနဲ့ဖြေမယ်
ခန္ဓာဥာဏ်ရောက်
သစ္စာသိလို့မဟုတ်ဘူး
ဘဝါဘဝတွေက
အကြိုက်တွေနောက်
တစ်ကောက်ကောက်လိုက်ခဲ့မိလို့
ချစ် မုန်းသံသရာမှာ
မျောခဲ့ရတဲ့ဒုက္ခတွေ
ဆင်ခြင်မိလို့ပါ ။

နွေဦး

နေရစ်ခဲ့တော့ ✏ နွေဦး

နေရစ်ခဲ့တော့

ကာရံမတူတဲ့သရနှစ်ခု
ပေါင်းစပ်ကာစီကုံးလည်း
လှပတဲ့လင်္ကာတစ်ပုဒ်
ဖြစ်မလာနိုင်ဘူး ။
အချစ်ကိုအခြေခံ
လက်တွဲရန်စဉ်းစား
သူသွားမဲ့လမ်း
ငါထမ်းတဲ့တာဝန်
နှိုင်းယှဉ်တော့ကွာလွန်း
ချစ်ခြင်းတွေသီးပွင့်ဖို့
နီးခွင့်ရယ်မဖြစ်နိုင် ။
နှစ်ယောက်တစ်ကမ္ဘာ
မနေသာလို့
ဝေဒနာကိုမေ့အောင်
ကြံဆောင်ရင်းရှေ့ဆက်
ချစ်တဲ့သက်လျာ
နှုတ်ဆက်ခဲ့ပါတယ် ။

နွေဦး

လွမ်းနေမည် ✏ နွေဦး

လွမ်းနေမည်

ငါလွမ်းနေရမယ်လို့
မရည်ရွယ်လောက်ဘူးထင်ပါရဲ့
အသံမဲ့စကားလုံးတွေနဲ့
မင်းပြောခဲ့တာ
သတိရသေးလား
မမေ့နိုင်သူက
မင်ပုံရိပ်တွေပဲ
အာရုံမှာ လွမ်းမိုးနေဆဲ
မင်းသတိရရ မရရပါ
လွမ်းနေခွင့်ရရင်
အသက်ရှင်ရတာ
ပျော်ပါတယ်
တော်ရာရှာဖွေ
တာဝန်တွေထမ်း
ဘဝလမ်းကို
အလွမ်းတွေနဲ့
လျှောက်လှမ်းမယ် ။

နွေဦး

ညီမလေးသို့ (၅) မောင်ကေ

ညီမလေးသို့ (၅)

ညီမလေးရယ်....
မြစ်တို့၏မာယာသဘောဟာ
အကွေ့အကောက်များတယ်ဆို
အချစ်ရဲ့မာယာသဘောဟာလည်း
အသစ်တစ်ယောက်ရှာသတဲ့လား
ဘဝမှာရှုံးတာရှိသလို
ပြုံးတာလည်းရှိမှာပဲ
ဒါပေမယ့်ဟာ....
ကိုယ့်အတွက်ကတော့
မုန်းရတာလွယ်မယ်မှန်း
မင်းနဲ့မှသိခဲ့ရပါပြီ
ညီမလေးရယ်။

မောင်ကေ(သောတုဇန)

ညီမလေးသို့ (၁) မောင်ကေ

ညီမလေးသို့ (၁)

ချစ်တတ်ခြင်းတွေကို
ငါမကြိုဆိုချင်ပါ
တမ်းတရတာတွေကိုလည်း
မုန်းတီးမိပြီ
မျှော်လင့်ချက်တွေကိုလည်း
ခါးသီးစွာနဲ့
ရင်မှာပိုက်ထားရမြဲပါ
ခံစားချက်တွေကို
ဖွင့်ဟတိုင်တည်ဖို့
တစ်စုံတစ်ယောက်ကို
တမ်းတမိပေမယ့်
လက်တွေ့မှာတော့
လောကကြီးကပေးတဲ့
ခံစားချက်တွေကို
တနင့်တပိုးသယ်ဆောင်ရင်း
အဆုံးမရှိတဲ့ခရီးလမ်းကို
ယောင်ဝါးဝါးနဲ့
ငါတစ်ယောက်ထဲ
လျှောက်လှမ်းမြဲပေါ့
ညီမလေးရယ်။

မောင်ကေ(သောတုဇန)

ညီမလေးသို့ (၂) မောင်ကေ

ညီမလေးသို့ (၂)

ညီမလေးရယ်……
ငါဟာ...
အချစ်ဆိုတဲ့အရာကို
ချိုမြိန်တဲ့ ပန်းသီးတစ်လုံးလို့
ထင်ထားခဲ့တာ
ခုမှပဲ.…
ပေါက်ကွဲလွယ်တဲ့
ဗုံးတစ်လုံးမှန်း
သိခဲ့ရပါပြီ
ညီမလေးရယ်။

မောင်ကေ(သောတုဇန)

ညီမလေးသို့ (၃) မောင်ကေ(သောတုဇန)

ညီမလေးသို့ (၃)

မကြင်နာချင်လို့ တမင်ရှောင်သွားတာ
ကြေကွဲစရာမဟုတ်ပေမယ့်
အသည်းနစ်အောင်ချစ်ရတဲ့
ငါ့အတွက်ကတော့ ဝမ်းနည်းမှုတွေနဲ့
အလွမ်းတွေကိုသာ ပိုင်ဆိုင်ခဲ့ရတာပါ
ညီမလေးရယ်။

မောင်ကေ(သောတုဇန)

ညီမလေးသို့ (၄) မောင်ကေ

ညီမလေးသို့ (၄)

ညီမလေးရယ်……
ကိုယ့်ကို ရက်စက်ချင်ရင်
ရက်စက်လိုက်ပါ။
ကိုယ်ကျေနပ်ပါတယ်
ဒါပေမယ့်……
ချစ်လျှက် အချစ်ငတ်နေတဲ့
ကိုယ့်ရဲ့နှလုံးသားကို
ဒဏ်ရာတော့ မပေးလိုက်ပါနဲ့
ညီမလေးရယ်။
ခုတော့လဲ....?

မောင်ကေ(သောတုဇန)

Friday, December 19, 2014

မြစ်တစ်ဆင်းသို့..... (နွေဦး)

မြစ်တစ်ဆင်းသို့

မာယာတွေပျိုးထောင်ပြီး
အသုံးချခါစမို့
တို့တွေခေါ်မယ် မြစ်ကလေး
လှည့်ပတ်ကွေ့ကောက်
မင်းစီးဆင်းနေတာ
သင်ကြားထားတဲ့ပညာ
ရှေးကဝါသနာကြောင့်လား ။
မြစ်ဝမရောက်ခင်ထိ
လက်နက်တွေအသက်သွင်း
မင်း ရှင်သန်ထားဦးပေါ့ ။
ပင်လယ်ထဲရောက်တဲ့တစ်နေ့
ကံရဲ့နိယာမအတိုင်း
ကိုယ့်အလှည့်ကျရင်
ပြန်ခံရမယ်
မမေ့နဲ့ ။

နွေဦး

Thursday, December 18, 2014

အချစ်ဝေဒနာ.... (ထွန်းနောင်)

"အချစ်ဝေဒနာ"

မိန်းမနဲ့ယောက်ျား
နှစ်ယောက်သားချစ်ကြတဲ့
ဟောဒီအရေး
လူတိုင်းရဲ့ဘဝမှာ
သိပ်ကိုလေးနက်တယ် . . . ။

မတွေးရက်လို့
သိမ်းထားတဲ့အဲဒီဝေဒနာ
နှလုံးသားရဲ့တစ်နေရာ
သေချာစွာရှိနေခဲ့တယ် . . . ။

သြော် . . ဒုက္ခ
မနေ့တစ်နေ့ကမှ
အဲဒီဝေဒနာ
ပြန်လည်ကာ
နှိုးထလာခဲ့တယ် . . . . . ။

ထွန်းနောင်(ဖောင်းပြင်)

ခွဲခွာရခြင်း​ကြောင့်​ ......သူ့ရှင်​[က ​လေး]

ခွဲခွာရခြင်း​ကြောင့်
နာကျင်​ရတဲ့ ​ဝေဒနာ
ဝေးရပြီ ဆိုတဲ့ အသိ
ရင်​ ထဲ အထိ
မချိ​အောင်​နာ...။

မ​ပျော်​ရချင်​ ​နေ
မငိုပါရ​စေလို့သာ
တောင်းဆု ခါ​ခြွေ
ပန်းတို့လဲ
မ ​ဝေလိုက ​နေပါ...။

မျက်​ရည်​စ တို့
ဝေ့​ဝေ့လည်​သည့်​ တိုင်
မဲ့၍ ကျ​သော
သောက သ​ဘောကို
မ​ဆောင်​လို..။

သောက ကိုပယ်
မလွယ်၍ မပယ်​နိုင်​ခဲ့လျှင်
မလွှဲသာတဲ့ ဒီလမ်း
မင်းတို့ထက်
အရင်​လှမ်းချင်​တယ်​...။

သူ့ရှင်​[က ​လေး]

မိုးထက် ✏ တောသားနှုတ်ဆက်

တောသားနှုတ်ဆက်

ပလီပလာ တီတီတာတာနဲ့
လှည့်ကာသွယ်ဝိုက်
အချော့ကြိုက်မို့
ချစ်တယ်ပြောပြော
မုန်းတယ်ဆိုဆို
နှစ်လုံးဗဟိုက
အပြုံးချိုချိုမျက်နှာနှင့်
စကားလုံးလှလှလေးတွေကို
မပြောတတ် မရေးတတ်
မတွေးတတ်တာကိုတော့
ဆောရီးပါနော်....
တောမှာ မွေးပြီ
တောမှာကြီးသမို့
တောစကားနဲ့ပဲနှုတ်ဆက်မယ်
နေကောင်း,ကျန်းမာ,ချမ်းသား
ထီပေါက် နိဗ္ဗာန်ရောက်ပါစေ
တောင်းဆုတွေဝေးလို့
ကောင်းမူတွေလည်း
တိုးပွါးပါစေ
ရွှင်လန်း၍ ကျန်းမာ
ချမ်းသားကြပါစေ
တောသူ တောင်းသား
လူအများ နှိုပ်စက်ချင်မှ
ကင်းကြပါစေ""
မင်္ဂလာနံနက်ခင်းပါ

မိုးထက် ဖောင်းပြင်

ဘဝအမှန်.... (အရှင်ကေသရ)

ဘဝအမှန်

စွမ်းနိုင်မှ စွမ်းအားဖြစ်တာ
ထိမ်းနိုင်မှ ထိပ်ကိုရောက်တာ
အောင့်နိုင်မှ အောင်မြင်တာ
ကြိုစားမှ တိုးပွါးတာ
ရိုးသားမှ ဖြူစင်တာ
ဖြူစင်မှ ယဉ်ကျေးတာ
ယဉ်ကျေးမှ လှပတာ
လှပမှ ချစ်စရာကောင်းတာ
ချစ်စရာ ကောင်းမှ မေတ္တာဖြစ်တာ
မေတ္တာဖြစ်မှ အေးချမ်းတာ
အေးချမ်းမှ နိဗ္ဗာန်ရောက်တာ
နိဗ္ဗာန်ရောက်မှ ဘဝဆုံးတာ

အရှင်ကေသရ ဖောင်းပြင်

ကွဲလွယ်​သည့်​ နှလုံးသား....​(ဝေလင်းခန့်)

ကွဲလွယ်​သည့်​ နှလုံးသား

တမ်းတမှုတခုနဲ့
လွမ်းရသူအဖို့​တော့
စိတ်​ပင်​ပန်း​နေရပြီ ချစ်​သူ
အလွမ်း​ပြေအ​နေနဲ့
ပန်းက​လေး​တွေကိုကြည်​ရင်း ငိုခဲ့ရတာ
အလှမ်းဝေ​နေတဲ့ ချစ်​သူ
မင်း သိနိုင်​မလား
ငါမျက်​ရည်​​ကြောင့်
စီး​မျှောသွားတဲ့ ပန်​က​လေးက​ပြောတယ်
မင်းအပူ​တွေ
ငါကိုထပ်​မ​ပေးပါနဲ့တဲ့

ငါကိုစာနာပါချစ်​သူ
ငါနှလုံးသားလဲ လက်​သုံးစကား​ပြောရရင်
အက်​​ကြောင်းများထပ်​​နေပြီ
ချစ်သူရယ်​......

ဝေလင်းခန့်
Pku

လူ....( အလင်္ကာ )

လူ

အော်​...လူ.လူ.လူ
ပေါင်းသင်​ကြရ လူ့သဘာဝ
ဆိုး​ကောင်းကုန်​စင်​ သိ​လေပါမှ
စိတ်​​ရောလူပါ နွမ်းလျှစိတ်​ကုန်
ဆိုးလျှင်​တစ်​မျိုး ကောင်းရင်​တစ်​ဖုန်
အမျိုးမျိုး​တွေ မလိုတစ်​မျိုး
လိုတစ်​မျိုး​ပေ ဒါ​ကြောင့်​ပင်​လျှင်
ဘုရားရှင်​က ​ဟောကြား​ပေခဲ့
နိဗ္ဗာန်​​ရောက်​​ကြောင်း ​ဟောကြားပါလား
ဟင်​.....လူဆိုတာ
ကြောက်​စရာပါလို့ ​တွေး​တောမိတိုင်း
ဝမ်းနည်းမိခဲ့.....
အော်​..ငါလဲလူသားတစ်​​ယောက်​ဖြစ်​​နေရပါလား

အလင်္ကာ

မအတွက် (အလင်္ကာ)

မအတွက်

မရယ်​..
မချစ်​စဖူး အချစ်​​ထူး​တွေနဲ့
မအ​ပေါ်ချစ်​မိခဲ့ ချစ်​မိပြန်​လဲ
ချစ်​​ကြောင်းကုန်​စင်
ပြောရန်​အ​ခြေမ​ပေး
အ​နေ​ဝေးပါ​ပေါ့..မရယ်
တစ်​​နေ့..မ..ရဲ့အချစ်​​တွေ
မျှော်​လင့်​​နေမိတယ်
မနဲ့ပတ်​သတ်​သမျှဟာ
အရာရာပြီးပြည့်​စုံတဲ့ဘဝတစ်​ခုရယ်​ပါ.
ဘုရားရှင်​​ရှေ့ ဆု​တောင်​ဖန်​များ​တော့လဲ
ဆု​တောင်းမပြည့်​ခဲ့
ဒီဘဝနဲ့..မလုံ​လောက်​​သေးရင်
နောင်​ဘဝအထိ..ဆု​တောင်းဆဲပါ
အ​နေနီး၍..ချစ်​ခွင့်​ရပါ​စေလို့
မရဲ့အသံ ကြားမိပြန်​လဲ
တည်​ငြိမ်​ရာမရ ဆူ​လောင်​ပွတ်​​လော
ရိုက်​​နေတဲ့ရင်​ခွင်​အစုံ
မရဲ့အမူအရာ မြင်​မိပြန်​လဲ
ပျော်​ရွှင်​မိ​ပေါ့ မရယ်​....

မရဲ့အချစ်​ကို​မျှော်​လင့်​​နေတဲ့ကျွန်​​တော်

အချစ်​ရယ်​... (အလင်္ကာ)

အချစ်​ရယ်​...
အနမ်းဦးမှာ...
အရမ်းယစ်​မူးပြီး
ပျော်​​မွေ့ခဲ့သ​လောက်
အလွမ်းဦးက​တော့..
ဘဝပျက်​မတတ်​ ခါးသက်​လှပါတယ်​..

အလင်္ကာ

နှင်းစွတ်​ချိန်​ (ပန်သော်တာ)

(နှင်းစွတ်​ချိန်​)

ဒီတစ်​ခါလဲ ရာသီဟာ
ဟေမံ​တောင်​တန်း​ပေါ်
ဖြူလွှလွှနှင်းဇာရုံခြုံလွှမ်း
ခြေ​လေး​ချောင်း​ထောက်
လျှောက်​လှမ်းလာ​လေရဲ့။
လာပြီဆို​တော့
ရာသီကြိုနှင်းပန်း​တွေနဲ့အတူ
ချယ်​ရီ​​တောင်​​​စောင်း​ပေါ်​မေးတင်​ထားတဲ့
သံ​​ယောဇဉ်ဆိုတဲ့နွယ်​တစ်​ပင်
အထီးကျန်​နှလုံးသားပင်​ကိုင်း​ပေါ်
ခေါင်းမော့လို့​ထောင်
နှင်း​ရေ
လွမ်းဆွတ်​သူရင်​ထဲက
စိုင်​ခဲထားတဲ့​ဝေဒနာဟာ
မိုးဝဿန်​​ပြောင်းဝက​နေမှုတ်​လွှင့်​လာခဲ့​တော့
ဆောင်းရဲ့ညလမ်း​ကြောင်း​ပေါ်
အေးချမ်းခြင်း​တွေနဲ့အတူ
မိုင်​တိုင်တို့ရှည်​လျားရပြန်​တယ်
အဲ့ဒီမိုင်​တိုင်​​တွေကိုဖြတ်​သန်း​ဖို့ရာ
ရင်​ခွင်​မှာမင်းမရှိ​တော့
ဘဝရဲ့အ​နွေးဓာတ်​တစ်​ခုက
နှင်းဆွတ်​ချိန်​ကို
မလုံ​လောက်​​စေ​တော့ဘူး
နှင်း​​ရေ
အထီးကျန်​သံ​ယောဇဉ်​တစ်​စုံကို
ဘယ်ချစ်ခြင်းကမှလက်သင့်မခံရဲတော့
အရိုင်းထည်ရင်ခုန်ခြင်းခများမြစ်ရေခမ်းတဲ့
တောင်ထွန်းအိမ်မက်ဆီ
လှည့်ပြန်ခဲ့ရဘူးတာ
ဒီတစ်ခါနဲ့ဆိုရင်
ဟေမာန်နှင်းပန်းတွေတောင်
ကိုယ်စားရှက်သွေးဖြာတော့မယ်ထင်တယ်

(ပန်သော်တာ)နမ့်စန်။။

နတ်လူသာဓုခေါ်ပါစေ…… လမင်းထက်

နတ်လူသာဓုခေါ်ပါစေ……

ငယ်စဉ်ဘဝ ကာလကပင်
ယနေ့ထက်တိုင် ရှိသည့်တိုင်ပေါ့
စဉ်းစားမိပြန် အဖန်ဖန်
အဖန်ဖန်စဉ်းစား
ဒီတစ်လမ်းသွား ဗုဒ္ဓသာသနာ
ခွင်ခါကြုံခိုက်.ငါသည်သင်္ကန်းဆင်မြန်းခဲ့ပြီ
မိဘနှစ်ဖြာ.ရင်မှာအေးလို့
သောကကင်းစေ...နတ်လူသာဓုခေါ်ပါစေ……

လမင်းထက်………………

အရှုံးသမား……လမင်းထက်

အရှုံးသမား……လမင်းထက်

ငယ်စဉ်ကတည်းကချစ်ခဲ့တာ
စွဲလမ်းခဲ့တာကို နင်သိဖို့
အကြိမ်ကြိမ်ကြိုးစားခဲ့တယ်
အချိန်ရှိသရွေ့ငါရင်ဖွင့်ခဲ့ရတယ်
ဒါကိုသိလျှက်နဲ့
တမင်ရှောင်ရောင်တောင်တောင်နဲ့
မိစိမ်းကား နောက်ဆုံးတော့လည်း
အရူံးသမားဟာအရူးံသမားပါပဲ………

လမင်းထက်……ဖောင်းပြင်

လောကမှာသောကဆိုတာ…………လမင်းထက်

လောကမှာသောကဆိုတာ…………လမင်းထက်

လောကမှာသောကဆိုတာ
လူတိုင်းလူတိုင်းမှာရှိကြတာပဲဗျား
သောကအပူဟာဘာလဲ....?
စီးပွားရေးအပူတွေ
သားရေး သမီးရေး အပူသောကတွေ
တောက်လောင်နေတယ်
ဒီသောကမီးအပူတွေကိုဘာနဲ့
ငြိမ်းမလဲဆိုရင်
ထိသိ သတိအမြဲရှိရင်
နှလုးံစိတ်ဝမ်းငြိမ်း၏
…………
.…လမင်းထက်

လူတွေအကြောင်းများများသိသင့်တယ်~~လမင်းထက်

လူတွေအကြောင်းများများသိသင့်တယ်~~လမင်းထက်

ကိုယ်ကိုယ်တိုင်လည်းပဲ
အမြဲပြောင်းနေတယ်
ကိုယ်နဲ့ ဆက်စပ်ပတ်သက်နေတဲ့
လူတွေအားလုံးလည်းပြောင်းလဲနေတယ်
အဲ့ဒါကိုနားလည်ဖို့လိုတယ် သူကလည်း
အရင်လူဟုတ်တော့ဘုး
ငါလည်းအရင်လူမဟုတ်တော့ဘူး
သူရောငါရောဟာ....
ကြီးလာတာနဲ့အမျှအသိအမြင်အတွေး
အခေါ်တွေ သဘောထားတွေ
အကြိုက်တွေပြောင်းလည်းသွားနေတယ်
အဲ့ဒီတော့ငါ့ကိုလည်း
သူကနားလည်ဖို့အမြဲတမ်း
ကြိုးစားနေရမှာဖြစ်သလို
သူ့ကိုလည်းငါကနားလည်ဖို့
အမြဲတမ်းကြိုးစားနေရမယ်

လမင်းထက်~~~~ဖောင်းပြင်

အဖော်မဲ့ခြင်း ✏ လမင်းထက်

အဖော်မဲ့ခြင်း ✏ လမင်းထက်


ငါကအောက်ကျနောက်ကျ
ဖြစ်နေတယ်ဆိုတဲ့ ခံစားချက်ကြောင့်
အဖော်မဲ့သလို ခံစားရသလို
ငါကအထက်တန်းစားပါဆိုတဲ့
စိတ်ဝင်နေရင်လည်း
အဖော်မဲ့ဦးမှာပဲ....

လမင်းထက်းးးဖောင်းပြင်းးးးး

နောင်တ. ✏ လမင်းထက်

(နောင်တ)

လူ့ဘုံအလယ် ထယ်ဝါရောင်နဲ့
အများသူငါ လေးစားသမူ့
အစဉ်ပြုလို့ ကြွားဝါပလွှား
သမုဒ္ဒရာ ဝမ်းတထွာအတွက်
ပြည့်ဖို့လေးကို လူလိမ်လုပ်ပြီးရှာစား
ဝမ်းစာမပြည့်ရှာပြီ
ရှင်တော်ဟောကြားမိန့်မှာစကားကို
မသိရော့လေသလား
ဒါမှမဟုတ် အဝင်နက်ပြီး
သိသိကြီးနဲ့ အမိဝမ်းစာကိုမရိုးမသား
လုပ်လက်စနဲ့လုပ်ကြမလား
ဒီစာကိုဖတ် ပြုပြင်တတ်အောင်
နောင်တများစွာ မတရအောင်
နောင်တဆိုတာ နောင်မှတရင်
နှောင်းသွားပါပြီ ....သြော်နောင်တ

လမင်းထက်##$ဖောင်းပြင်

အမေများသို့ (၁) မောင်ကေ

အမေများသို့ (၁)

အမေ……
ကျောက်တုံးကျောက်ခဲနဲ့
ခိုင်ခိုင်မြဲမြဲ
တည်ဆောက်ထားတဲ့
မဟာတံတိုင်းကြီးဟာ
ဖျက်ဆီးမယ်ဆိုရင်
ပျက်စီးနိုင်ပါတယ်
အမေ……
ဒါပေမယ့်……
အမေ့မေတ္တာ
စေတနာတွေကတော့
ဘယ်လောက်ပဲ
ဖျက်စီးဖျက်စီး
မပျက်စီးနိုင်ပါဘူး
မွေးမေမေ။

မောင်ကေ(သောတုဇန)

အမေများသို့ (၂) မောင်ကေ

အမေများသို့ (၂)

အမေ……
အမေ့ရဲ့မေတ္တာ
စေတနာတွေ
မဟောင်းသေးပါလည်း
ဇရာထောင်းလို့
အမေ့ရုပ်ရည်တွေ
ပြောင်းခဲ့လေပြီ
မဟုတ်လား
မွေးမေမေ။

မောင်ကေ(သောတုဇန)

အမေများသို့ (၃) မောင်ကေ

အမေများသို့ (၃)

အမေ....
တိုက်ကြီးပေါ်က
မသူတော်တို့၏
ဘဝထက်
တဲစုတ်လေးထဲက
သူတော်ကောင်း၏ဘဝက
အနှိုင်းအဆမရှိ
ပို၍ချမ်းသာပါတယ်
အမေ……
ဆင်းရဲတာဟာ
ရှက်စရာမဟုတ်ပါဘူး
ဆင်းရဲတွင်းကလွတ်မြောက်အောင်
မကြိုးစားတာကမှ ရှက်စရာပါ
မွေးမေမေ။

မောင်ကေ(သောတုဇန)

အမေများသို့ (၄) မောင်ကေ

အမေများသို့ (၄)

အမေ..
ဇယနဲ့ပရဇယဆိုတာ
ထရံတစ်ချပ်ပဲခြားတယ်
ဆိုပေမယ့်
အမေ့မေတ္တာ
စေတနာတွေကတော့
ထရံတစ်ချပ်မက
ခြားနားလွန်းလှပါတယ်
မွေးမေမေ။

မောင်ကေ(သောတုဇန)

အမေများသို့ (၅) မောင်ကေ

အမေများသို့ (၅)

အမေ……
လက်ရှိဘဝထက်
ကျေးဇူးအကြီးမားဆုံးဟာ
မိခင်နှင့်ဖခင် ဖြစ်တယ်ဆိုရင်
အနာဂတ်ဘဝအဖို့ကတော့
ဘုရား တရား သံဃာဆိုတဲ့
ကိုးကွယ်ရာ ရတနာသုံးပါသာ
ကျေးဇူးအကြီးမားဆုံးပါ
မွေးမေမေ။

မောင်ကေ(သောတုဇန)

အမေများသို့ (၆) မောင်ကေ

အမေများသို့ (၆)

အမေ……
အလုပ်တွေများနေလို့
တရားအလုပ်
မလုပ်ဘူးဆိုရင်
အမေ့ရဲ့အလုပ်တွေကို
ဘယ်သူနားပေးမှာလည်း
မွေးမေမေ။

မောင်ကေ(သောတုဇန)

အမေများသို့ (၇) ✏ မောင်ကေ

အမေများသို့ (၇)

အမေ……
တွယ်တာခြင်းဆိုတဲ့
သမုဒယကို
ပြုစုချင်ကြပေမယ့်
အမေ့ခန္ဓာကို
မရဏရွာသို့
မရောက်စေရန်
သားအားမာန်တွေနဲ့
တွန်းလှန်စွဲထားသော်လည်း
မရဏတရားကိုအနိုင်ရရိုးလား
မွေးမေမေ။

မောင်ကေ(သောတုဇန)

အမေများသို့ (၈) ✏ မောင်ကေ

အမေများသို့ (၈)

အမေ……
လက်ယာတော်ရံ
သာရိပုတ္တရမထေရ်
သာရိအမေလို
ဓမ္မနှင့်ပျော်
သားမယ်တော်ရယ်လို့
လူတကာသိအောင်
ကြွေးကြော်လိုက်ချင်ပါဘိ
မွေးမေမေ။

မောင်ကေ(သောတုဇန)

တပေါင်းနွေ ✏ လွမ်းသူ ဖေါင်းပြင်

တပေါင်းနွေ

ငိုစရာမျက်ရည်မရှိတော့သလို
အို ကဗျာဆက်စီဖို့လည်း
ဝေးခဲ့ရပါပြီ ချစ်သူ
မင်းကိုတမ်းတ ငါလွမ်းရတယ်
မင်းကိုတွေးသမျှ ငါဆွေးရတယ်
လွမ်းရဆွေးရ ဒီသောကကြောင့်
ချမ်းအေးနေပေမဲ့ အလွမ်းအဆွေးရှိသူ
ငါ့ရင်မှာတော့ အကြောင်းကံခေသူမို့
တပေါင်းဆိုတဲ့ ဂိမှာန်နွေပေါ့ ချစ်သူ

လွမ်းသူ ဖေါင်းပြင်

ခွင့်လွတ်ပါတယ်သူငယ်ချင်း ✏ ထွန်းနောင်(ဖောင်းပြင်)

" ခွင့်လွတ်ပါတယ်သူငယ်ချင်း "

သူငယ်ချင်း . .
မင်းရဲ့စိတ်တွင် မောဟဝင်၍
ပြစ်တင်ပြောကြား ဒီစကားကို
ငါကြားခဲ့ရ ထိုခဏမှာ
လွန်စွာထန်ပြင်း ငါ့ရင်တွင်းမှ
မုန်းခြင်းဒေါသ လှိုက်လှိုက်ထခဲ့ . . . ။

သို့ပါသော်ငြား သိတရားနှင့်
အားထားစရာ ဉာဏ်ပညာနှင့်
ထပ်ကာသတိ တွေးဆကြည့်ရင်း
သည်းခံခြင်းဖြင့်
ချင်းချင်းခွင့်လွတ်လိုက်ပါသည် . . . ။

ထွန်းနောင်(ဖောင်းပြင်)

မေလေးသို့ ၄ 😒 မောင်သူရိန်

* မေလေးသို့ ၄ *

စက္ကန့်နဲ့အမျှလွမ်းလွမ်းရ
အသစ်အချစ်နေ့စဉ်ဖြစ်
မေလေးအပြုံး ပန်းကုံးလိုသီ
ပန်းချီလိုရေး ရင်ခွင်သဲဦး
မြဲဖူးချင်ရဲ့
မေလေးအပြုံး ပြိုင်သူရှုံးလို့
ရင်တွင်းခုန်သံ လှိုင်းထက်ထန်
မျက်လုံးချင်းကြည့် ပါးချင်းထိ၍
မြတ်နိုးတွယ်တာ တိုးကြင်နာချင်
စက္ကန့်နဲ့အမျှ လွမ်းးးးလွမ်းးးးရ
အသစ်အချစ်နေ့စဉ်ဖြစ်
မြတ်နိုးကမ္ဘ္ဘာ တွယ်တာမြင့်မိုရ်
သစ္စာပင်လယ် မေတ္တာကောင်းကင်
ဒီရင်ခွင်ဦး မေတစ်ဦးသာ
လူဦးရေကန့်သပ်ထားပါသည်

မောင်သူရိန်( မော်ကျွန်းငရဲသား )

ပန်းသည်(၁) မောင်ငယ်ရင်သွေး

''ပန်းသည်''(၁)

ကျောင်းနေရွယ်စ အရွယ်လှမို့
စာအုပ်ကိုပိုက် ကျောင်းသို့လိုက်ကာ
စာပေပညာ သင်နိုင်ပါဘူး..။

ပညာရေးထက် ဝမ်းရေးခက်လို့
သမုဒ္ဒရာ ဝမ်းတစ်ထွာတွက်
ပန်းဗန်းကိုရွက် အရပ်လှည့်ကာ
တစာစာဟစ် သံကုန်ပြစ်၍
ဂန္ထဝင်တေး သီဟစ်ကြွေးမယ်

ပန်းယူပါဦး...ကွယ်တို့ရယ်..။

မောင်ငယ်ရင်သွေး(ပန်းတနော်)
ချစ်စဖွယ် ပန်းသည်လေးများကို ရည်ရွယ်သည်

ပန်းသည် (၂) မောင်ငယ်ရင်သွေး

''ပန်းသည်''(၂)

ဘဝကံ မလှလို့
ပန်းသည်ဘဝ ရောက်ရပေမယ့်
သူတို့လေးတွေရဲ့ စိတ်ဓာတ်ဟာ
သူတို့လက်ထဲက ပန်းစံပယ်လေးတွေလို
ဖြူစင်ပါတယ်။

အခြေနေ မပေးလို့
ပညာ ဝေးပေမယ့်
သူတို့လေးတွေရဲ့ အသိဥာဏ်
မြင့်မြတ်ပါတယ်။

အမြင်ကျဉ်းသူတွေ အတွက်
ပန်းသည်ဟာ နန်းမဆန်ပေမယ့်
အမြင်ကျယ်သူတွေ အတွက်တော့
ပန်းသည်ဟာ ဘဝထည်ပါတယ်...။

မောင်ငယ်ရင်သွေး(ပန်းတနော်)

ချစ်စရာ ပန်းသည်ကလေးများကို
ရည်ရွယ်သည်...

လွမ်း ✏ မောင်ငယ်ရင်သွေး

''လွမ်း''

ဟို..အရင်က နင်...
ရင်မှာ.. ထင်ဆဲ..
လွမ်းနေဆဲ..မို့
လွမ်းရိပ်ရောင်သမ်း..
လွမ်းပင် တန်းမှာ..
လွမ်းပွင့် တို့ဝေ..
လွမ်းပွင့် ကြွေလို့..
လွမ်းပွင့် ကောက်ရင်း..
လွမ်းနေမည်..။

မောင်ငယ်ရင်သွေး
(ပန်းတနော်)

ကြယ်ကြွေဆုတောင်း ✏ ဆုသက်အောင်

ကြယ်ကြွေဆုတောင်း

ကောင်းကင်ပေါ်က
လမင်းကြီးကိုငေးကြည့်ရင်း
ရုတ်တရက်ကြယ်လေးတစ်ပွင့်
မြေပေါ်ကိုခစင်းသွားတယ်
ဆုတစ်ခုပဲတောင်းမိတယ်
ငါ့ချစ်သူအရာရာအဆင်ပြေပါစေလို့

ဆုသက်အောင်(ထိန်တော-မိုးညို)

ရင်ခုန်သံတစ်ချက် ✏ အောင်ကိုဦး

ရင်ခုန်သံတစ်ချက်

အချစ်ရေးနဲ့ပတ်သတ်လာရင်
လဆန်းပိုင်းပဲရှိသေးတဲ့ငါ့အတွက်
လူတိုင်းကိုယဲ့ယဲ့ပဲပြုံးပြနိုင်တာ
ခွင့်လွှတ်ပါနော်
င့ါ,ကပြခဲ့တဲ့ပြကွတ်က
မင်းနန္ဒာအလွမ်းခန်းတမျိုးမဟုတ်လား
ငမိုးရိပ်ကိုယ်တိုင်
ကိုယ်ကိုတံတားခင်းခဲ့တာကိုက
ဒဏ္ဍာရီဆန်ဆန်ဇာတ်လမ်းတွေ
ဖန်တီးဖို့ပဲမဟုတ်လား ကံကြမ္မာရယ်
ဒါဆို....ငါနောက်ဆုံးကပြရမဲ့ကကွက်က
ဒဿဂီရိ ကကွက်မဖြစ်ပါရစေနဲ့လား
တခါက ရရင်
တခါပြိုရတဲ့မျက်ရည်မိုး
ကိုကြောက်နေတယ်
မျက်ရည်စုရတာလဲအမောပဲ
ရင်ခုန်ကမှမရပ်သေးပဲလို့နော်

အောင်ကိုဦး

ထားခဲ့ပါ ✏ ရှင်းသန့်ဖြူ

ထားခဲ့ပါ

မမေ့ချင်ပါဘူး
ဒါပေမယ့်....မေ့ထားပါရစေ
အပြောင်းအလဲနဲ့ ကြုံလာတဲ့အခါ
ပြုံးမပြနဲ့ မမြင်ချင်ယောင်ဆောင်သွားပါ

ကိုယ့်ရဲ့လုပ်ရပ် ✏ အရှင်ကေသရ

ကိုယ့်ရဲ့လုပ်ရပ်

တစ်ယောက်တည်းထမင်း ဝ တာနဲ့
တစ်နိုင်ငံလုံးချမ်းသားဆိုတာ
လိမ်းညာမှု့တစ်ခုပဲ
အရည်းအချင်းဆိုတာ
သေရဲတဲ့သူကို
ခေါ်တာမဟုတ်ဘူး
မိုက်ရူးရဲခြင်းဆိုတာ
ဘဝအတွက် ဘာအကျိုးမှ
ဖြစ်လာမှာမဟုတ်ဘူး
တန်ဖိုးရှိပြီး အကျိုးရှိဖို့ဆိုရင်
ဘာသာသာသနာ
လူမျိုးအတွက် အလုပ်လုပ်သူကတော့
သူရဲကောင်းပါဗျား
ကြောင်""ဆိုတဲ့
သတ္တဝါက ရန်သူမရှိဘဲ
သူ့လက်နက်ကို ထုတ်မသုံးဘူး....
အရေးကြောင်းကြုံမှ
အသုံးချတာဟာ
ပညာရှိတွေရဲ့လုပ်ရပ်ပါ
ကိုယ်လုပ်နေတဲ့ လုပ်ရပ်ဟာ
ပတ်ဝန်းကျင်ကို မထိခိုက်ဖူးဆိုရင်
ဘာမဆိုလုပ်သင့်ပါတယ်
ပတ်ဝန်းကျင်ကို
ထိခိုက်တဲ့အလုပ်မျိုးကို
ပညာရှိသူတော်ကောင်းတွေက
နှလုံးသားနဲ့ခံစားပြီး ရှောင်းကြဉ်ကျတယ်
ဘာဘဲဖြစ်ဖြစ် ကိုယ့်ရဲ့လုပ်ရပ်ဟာ
လူအများစုအတွက် အကျိုးဖြစ်ထွန်းဖို့
တန်ဖိုးရှိဖို့ အဓိပ္ပါယ်ရှိဖို့
သိပ်အရေးကြီးပါတယ်......

အရှင်ကေသရ] ဖောင်းပြင်

Thursday, December 11, 2014

မဆုံနိင်ခဲ့ (အညတရမောင်)

မဆုံနိင်ခဲ့

ကျိုးကျေကွဲအက်နေတဲ့
မျှော်လင့်ချက်ရဲ့အဆုံးသတ်မှာ
ပြန်မရတဲ့ ပုံရိပ်ကိုထွေးပိုက်
လွမ်းစိတ်နဲ့ရင်ထဲသိမ်းဆည်းလို့
မျှော်လင့်ခွင့် ရနိင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့
တိမ်တွေနဲ့ လွင့်နေတဲ့
ညနေခင်းတွေမှာငါရဲ့
အထီးကျန်ခြင်းကောင်းကင်ကို
အမှောင်ဝင်နှုတ်ဆက် သွားခဲ့တော့
ကောင်မလေးရေ . . . . .
ငါ. . . . . လွမ်းတယ် ။

လှမ်းယူဆွတ်ခူးလိုက်ချင်ပေမဲ့
နွမ်းနေတဲ့စိတ်နဲ့
အလွမ်းတွေလေအပင့်မှာ
ပန်းအကြွေ သာကောက်ခဲ့တယ်
မေရေ . . . .။
လွမ်းည နဲ့နွမ်းလျှ
တမ်းသူကသာ ရှုံးနိမ့်မူမှာ
တွယ်ရာမဲ့လို့အလွမ်းတွေနဲ့
ဲမမြင်ကွယ်ရာက
ရင်ရဲ့ ဝေဒနာတွေအတွက်
အဖြေခက် အတွေးခက်
ဆွေးရက်နဲ့မဆုံနိင်ခဲ့ပြီ။

အညတရမောင်

ဒဏ်ရာ (အညတရမောင်)

ဒဏ်ရာ

ထားခဲ့ရမဲ့မနက်ဖန်တွေရဲ့
တမ်းတမူဟာ တစ်နေရာဆီမှာ
အလွမ်းဆိုတာဘဝရဲ့
အစိတ်အပိုင်းထဲက
ကိုယ်ပိုင်ထုဆစ်ထားရှိတဲ့
ကိုယ်ပွားတစ်ခုပါပဲ။
တကယ်တော့. . . .
လှမ်းဖြစ်သွားတဲ့ သတိရမူမှာ
လမ်းမရှိမူနဲ့အထီးကျန်သွားလို့
လွမ်းမိသွားတဲ့နှလုံးသား
ိမင်းရှိရာဆီငေးတော့ကမ်းမရှိတဲ့
လွမ်းဆွတ်ရာကိုခဏခဏ
ငါဖြတ်သန်းခဲ့။
ဒီအတွက်. . . .
တန်ရာတန်ကြေးက
အနာတရနဲ့ကြေမွနေတဲ့
ဒဏ်ရာဒဏ်ချက်တွေသာရခဲ့ရ။

အညတရမောင်

(မေလေးသို့) မောင်သူရိန်

(မေလေးသို့)

ချစ်တယ်မေရယ်
ညညဆိုအိပ်မရ
လွမ်းရပါတယ်
စားမဝင်တဲ့နေ့တွေ
တမ်းတတဲ့နေ့တွေ
လွမ်းရတဲ့နေ့တွေ
တွက်ရေချိုးရင်
လက်ကျိုး
သေလောက်တယ်

မောင်သူရိန်
( မော်ကျွန်းငရဲသား )

သိမ်းထားပါရ​စေ.... (အလင်း​ရောင်)

သိမ်းထားပါရ​စေ....

ငါ့​မေတ္တာ​တွေတံတားအဖြစ်​ရှိ​နေဆဲပါ
မြေပုံလမ်းညွှန်​​လေး​တွေ
လပြည့်​ညတိုင်းဆီ ဖြန့်​ထားပြီးပြီ
မင်း​လျှောက်​လာမဲ့လမ်း​လေးဟာ
ငါ့ဆီကိုပဲဖြစ်​ပါရ​စေသား
ဒီလူရဲ့ရင်​ထဲကိုဝင်​မကြည့်​ပဲနဲ့
သိမ့်​​မွေ့​သော​မေတ္တာဘယ်​မြင်​နိုင်​မလဲ
ဆည်းလဲသံ​တွေ ဟို့...အ​ဝေးဆီကကြားတိုင်း
မျက်​မြင်​သက်​​သေမရှိတဲ့
ငါ့အချစ်​​တွေပိုလိုခိုင်​မာလာတယ်
အခု​တော့လည်းကြမ္မာဆိုးက
သက်​​တော်​ရှည်​လွန်းတယ်
မင်းနဲ့နီးခွင့်​မရခဲ့​အောင်
ငါနဲ့​ဝေးဖို့ဘယ်​ဘဝကဆုပန်​ခဲ့တာလဲ
မင်းအတွက်​ဆိုငါ့ရင်​ထဲမှာ
ဟိုး...ပ​ဝေသဏီက​တေးစ​လေး​တွေ​တောင်
ပြန်​ပြီနုပျို​နေဆဲပါ
မင်းနဲ့နီးခွင့်​ရဖို့က
ဒီဘဝတွင်​ပဲလား...မဟုတ်​ဘူး
နောင်​ဘဝဆိုလဲ​စောင့်​ရဲတယ်
အက္ခရာမပါတဲ့စာလုံး​လေး​တွေ
မင်းမျက်​ဝန်းထဲကို
သီကုံး​ပေးလိုက်​ချင်​တယ်
ဘာဖြစ်​လို့လဲသိလား
မင်းအတွက်​နစ်​နာခံမဲ့သူဟာ
ငါတစ်​​ယောက်​ထဲပဲဖြစ်​လိုပါ
မင်းရဲ့အနားမှာဘယ်​သူပဲရှိရှိ
ငါ့ရဲ့ရင်​ထဲမှာမင်းတစ်​​ယောက်​ထဲပါ
နောင်​ဆို​သောအချိန်​​တွေထိ​အောင်
ငါ့ဒဏ်​ရာ​တွေ
ထုံ​ဆေးသွင်းပြီးသိမ်းမထားပါရ​စေ


အလင်း​ရောင်
ထပ်​ဆင့်​ခံစား များစွာပျားဘုရား

Jasရဲ့​ကောင်းကင်​ကြီးသို့ (Jasmine/ ဓနု)

Jasရဲ့​ကောင်းကင်​ကြီးသို့ (Jasmine/ ဓနု)

လွမ်းတယ်​​မေ​မေ....
အ​ခြေ​အ​နေ​မ​ပေးလို့
မေ​မေရဲ့​အေးမြတဲ့ရင်​ခွင်​နဲ့
တဒင်္ဂ​ဝေး​နေခဲ့​ပေမဲ့
Jasရဲ့ရင်​ထဲမှာ ​မေ​မေကထာဝရပါဘဲ
ဘယ်​သူ​တွေဘယ်လိုချစ်​လဲ
မေ​မေကိုမမီခဲ့ဘူးဆိုတာ
စေတနာ​တွေပို့လည်း
မေ​မေရဲ့ညိုညင်​​နေချိန်​​တောင်​မယှဉ်​နိုင်​တာ
Jas​ကောင်း​ကောင်းသိ​ပါတယ်
နေ​ကောင်းရဲ့လားလ
ို့​စိုးရိမ်​​နေ​သေးတဲ့​မေ​မေ့မှာ
အရင်​လိုခွန်​အား​တွေ​နည်း​နေခဲ့ပြီ
မေ​မေရဲ့အပြုံးတွေက
Jasအတွက်​အနာဂတ်​ပါ
Jasအတွက်​​မေ​မေရှိရင်
ပြီးပြည့်​စုံ​နေခဲ့ပါပြီ
ဖေ​ဖေ​​ရောေ​မ​မေပါ
မေ​မေဖြစ်​ခဲ့​ပေမဲ့Jasအတွက်​ပြည့်​စုံခဲ့ပါတယ်
မေ​မေရယ်​.......

သမီး​ရဲ့ဖေ​ဖေ....သို့ ....✏ Jasmine(ဓနု)

သမီး​ရဲ့ဖေ​ဖေ....သို့

ဖေ​ဖေ လို့​ခေါ်ရရင်​ပဲ သမီးဘဝပြည်​စုံ​နေခဲ့တာပါ
လောကမှာရှိတဲ့အရာရာတိုင်းထက်
ဖေ​ဖေ့ကိုပိုပြီလိုချင်​ခဲ့တာပါ
ဘယ်​သူ​တွေဘာ​ပြော​ပြော
သမီးအတွက်​​တော့သမီရဲ့​ဖေ​ဖေဟာ
အနှိုင်းမဲ့ပါ​ ဖေ​ဖေ
အခုဘယ်​သူကို အပြစ်​တင်​ရမလဲ....
ရက်​စက်​ခဲ့တဲ့ ကံကြမ္မာကိုလား
ကံမ​ကောင်းတဲ့ သမီးကိုပဲလား
အခုနားလည်​လိမ္မာပါပြီ ​ဖေ​ဖေ
တကယ်​ထွက်​ခွာသွားခဲ့ပြီပဲ​လေ
မေ​မေနဲ့သမီးတို့ကို
တကယ်​​မေ့​နေခဲပြီပဲလေ
နှုတ်​ဆက်​မသွားချင်​ခဲ့ဘူးတဲ့​လေ
သမီးကံဆိုခြင်းထင်​ပါရဲ့
လဲပြိုကျတိုင်း ဖေ​ဖေ့ရဲ့အား​ပေးစကားနဲ့အ
ကြင်​နာလက်ကမ်းကို ရခွင့်​မရှိ​တော့ဘူးတဲ့
သမီးအရင်​လို မငို​တော့ပါဘူး
ဖေ​ဖေစိတ်​မပူပါနဲ့
သမီးရဲ့​ဖေ​ဖေ ​ကောင်းရာဘုံမှသမီးကို
စောင့်​ကြည်​​နေမှာ​သေချာလို့
သမီး​လေး ဖေ​ဖေမကြိုက်​တာ​တွေ
လုံးဝမလုပ်​ဘူး
သမီးအတွက်​​ ဖေ​ဖေ​ပျော်​ရွှင်​​နေရမှာပါ​​နော်

Jasmine(ဓနု)

ခြေရာမဲ့ဒဏ်​ချက်​များ......သို့(Jasmine ဓနု)

ခြေရာမဲ့ဒဏ်​ချက်​များ......သို့(Jasmine ဓနု)

တစ်​ခါတစ်​ခါ​ တွေးကြည့်​ဖူးတယ်
တစ်​ခါတစ်​ခါ ထွက်​​ပြေးချင်​မိတယ်
တစ်​ခါတစ်​ခါ စိတ်​တိုမိတယ်
ထိန်​ချုပ်​မထားနိုင်​တဲ့ အချိန်​​တွေမှာ
ပေါက်​ကွဲ​နေခဲ့မိတယ်
Jasမမှား​ပေမဲ့ အများကသတ်မှတ်ခဲ့တဲ့
Jasရဲ့အမှားအတွက် ဘယ်​လို​ဖြေရှင်းရမလဲ
အရမ်း​ကြောက်​ဖို့​ကောင်းပါတယ်
အဲဒီထိုးနှက်​ချက်​​တွေက
Jasအတွက်​အရမ်းကို တုန်​လှုပ်​​စေခဲ့တယ်
တ​ခါတလေ....လဲကျမသွား​အောင်
ကြိုးစား​နေရတယ်
တခါတ​​လေ.....ထွက်​​ပြေးချင်​မိတယ်
ဘယ်​သူမှမရှိတဲ့​နေရာကိုပေါ့.....
ဒါ​ပေမဲ့.....အခုမဟုတ်​​တော့ဘူး
Youတို့ထင်​ထားသလ
ိုဖြစ်​လာမှာမဟုတ်​​တောဘူး
Youတို့ကိုအရှုး​ပေးပြီး
Jaထွက်​​​ပြေးသွားမှာမဟုတ်​ဘူး
Youကို​ပြောချင်​ပါတယ်
အရာရာတိုင်းအတွက်း​ကျေးဇူးတင်​ပါတယ်
Jasဆက်​​လျှောက်​​နေပါ့မယ်
ခေါင်း​မော့ပြီးအရာရာအသင်​ပြင်​ပြီး​တော့​ပေါ့....

မ​ရေရာ​ပေမဲ့.....ACSK(ဓနု)

မ​ရေရာ​ပေမဲ့.....ACSK(ဓနု)

အချိန်​​တွေ....
ဘယ်​​လောက်​​ပြောင်း​ပြောင်း
မိုင်​တိုင်​​တွေ.....
ဘယ်​​လောက်​​ဝေး​ဝေး
တစ်​​နေ့နီးရမယ်​ဆိုတဲ့​ မျှော်​လင့်​ချက်​နဲ့
နေ့ည​ကျော်​ဖြတ်​ အသက်​ဆက်​ခဲ့ရ
သ​စ္စာတရားကို ကိုးကွယ်
သံသယစိတ်​ကို ဥပေက္ခာပြု
ယုံကြည်​ချက်​ဆိုတဲ့ ကြိုးတစ်​​ချောင်းကို
တင်းတင်းဆုတ်​ကိုင်​ပြီး
စောင့်​စား​နေလိုက်​တာ....
အများကသတ်​မှတ်​​ပေးတဲ့
အလွမ်းသမားဘွဲ့ကိုခံယူရင်း​ပေါ့

ACSK(သုဓနု)

အိမ်​....သို့ .....✏ မေ​မေ့ရဲ့Jas(သုဓနု)

အိမ်​....သို့

ဒီဇင်​ဘာရဲ့ နှင်းစက်​​ဖွေး​ဖွေးကြား
ဝိုးတစ်​ဝါးအနာဂါတ်​အတွက်​​ လျှောက်​လှမ်း
Jasmineရဲ့ဘဝလမ်း ကြမ်းကြမ်းမှာ
အဆင်​မ​ပြေချိန်
အ​ပြေးသွားချင်​မိသည်​က
ဟိုး.....အ​ဝေးက
တောင်​တန်း​တွေကြား
ငြိမ်းချမ်းစွာ​၊​ နွေး​ထွေးစွာ ​ထွေး​ပွေ့ကြို​နေမဲ့
ဂုဏ်​ပကာသန အခြယ်​အသမရှိ
ရိုးရှင်းလှတဲ့Jasmineရဲ့ မေ​မေရှိရာ
အိမ်းက​လေးဆီ​ပေါ့.........

မေ​မေ့ရဲ့Jas(ဓနု)

အိမ်​....သို့ .....✏ မေ​မေ့ရဲ့Jas(သုဓနု)

အိမ်​....သို့

ဒီဇင်​ဘာရဲ့ နှင်းစက်​​ဖွေး​ဖွေးကြား
ဝိုးတစ်​ဝါးအနာဂါတ်​အတွက်​​ လျှောက်​လှမ်း
Jasmineရဲ့ဘဝလမ်း ကြမ်းကြမ်းမှာ
အဆင်​မ​ပြေချိန်
အ​ပြေးသွားချင်​မိသည်​က
ဟိုး.....အ​ဝေးက
တောင်​တန်း​တွေကြား
ငြိမ်းချမ်းစွာ​၊​ နွေး​ထွေးစွာ ​ထွေး​ပွေ့ကြို​နေမဲ့
ဂုဏ်​ပကာသန အခြယ်​အသမရှိ
ရိုးရှင်းလှတဲ့Jasmineရဲ့ မေ​မေရှိရာ
အိမ်းက​လေးဆီ​ပေါ့.........

မေ​မေ့ရဲ့Jas(ဓနု)

ဗုဒ္ဓံ ဓမ္မံ သံဃံ ✏ ကိုစိုလင်း

ဗုဒ္ဓံ ဓမ္မံ သံဃံ

- မြတ်စွာဘုရားရှင် ရှိနေ၍
သာသနာတော် ရှိနေသည် ၊
- သာသနာတော် ရှိနေလျှင်
ပိဋကတ်တော် ရှိနေသည် ၊
- ပိဋကတ်တော် ရှိနေလျှင်
ရဟန်း,သံဃာတော် ရှိနေသည် ၊
- ရဟန်း,သံဃာတော် ရှိနေလျှင်
အရိယာ ရှိနေသည် ။ ။

(ရဟန်းနိမိတ်>> အရိယာအရိပ်)
- အရိယာ၏ အတိမ်အနက်
မိမိသဘော စာနှင့်နှောလည်း
တိုင်း၍မမှီ ဥာဏ်တွင်မရောက် ၊
- သူငါအများ ပြောကြားစကား
နားယောင်ပြုပြီး မေးမြန်းပြု၍
စိစစ်,စစ်ဆေး ဝေဖန်ဆုံးဖြတ်
လွဲမှားခဲ့သော် ရှောင်လွဲမရ
မိမိသာလျှင် ခံရမည်တည်း ။ ။

ကိုစိုလင်း
တောင်ဥက္ကလာ

နိဗ္ဗာန် အဝင်လမ်း ✏ ကိုစိုးလင်း

နိဗ္ဗာန် အဝင်လမ်း

- ရတနာသုံးပါး ယှဉ်စပ်သဒ္ဓါ
လွန်သည်မဆို ကုသိုလ်မြဲဆို
မဂ်ဥာဏ်ပညာ လှမ်းစွတ်ယူမည် ၊
- သဒ္ဓါ,အစ အဝင်လမ်းဟု
မိမိလက်နှင့် တူသည့်ပမာ
သဒ္ဓါခင်းဖြူ ဥာဏ်ပညာယူ ။ ။

ကိုစိုးလင်း
တောင်ဥက္ကလာ

အထင် တရား ✏ ကိုစိုးလင်း

အထင် တရား

- ကောင်းနိုး ကောင်းနိုး
အကောင်းမမြဲ ၊
- ကောင်းသည်မမှတ်
မကောင်းမပြော ၊
- ကောင်းနိုးရပ်မှ
အကုန်ကောင်း၏ ၊
- အကောင်းကုန်မှ
ကိလေ ငြိမ်း၏ ။ ။

ကိုစိုးလင်း
တောင်ဥက္ကလာ

တဏှာ အနုဿယ ✏ ကိုစိုလင်း

တဏှာ အနုဿယ

- သုံးဆယ့်တစ်ဘုံ……
အငတ်ဘုံလို့ ပမာပုံသို့ ၊
- တဏှာငတ်မို့……
ချမ်းသာမှတ်နိုး ငတ်ဆိုးမပြေ ၊
- မရှိတမ်းတ ရှိလည်းမဝ
မစားရ,ငတ် စားမဝ,ငတ် ၊
- ငတ်,မပြေရှာ သမုဒယသစ္စာ
ဒုက္ခသစ္စာ ဖွေရှာမဆုံး ၊
- မသိလုံးလုံး လိုချင်မဆုံး
အို,နာ,သေမဆုံး ဖြစ်ပျက်မမုန်း
ပုထုဇဉ်သုံး သုံးဆယ့်တစ်ထုံး။ ။

ကိုစိုလင်း
တောင်ဥက္ကလာ

ဂန္ထဝင် အချစ်စစ် ✏ ကိုစိုးလင်း

ဂန္ထဝင် အချစ်စစ်

- အကြည့်ခြင်းဆုံ နှစ်ဦးကြားဝယ်
ကြည်လင်ဝင်းပ အလင်းရောင်
နှလုံးတွင်းမှ ပေါ်ထွက်လာ
ပြိုင်တူနှလုံး ခုန်၍သာ
ဖြူစင်မေတ္တာ မွေးဖွားလာ ၊

- ပီတိအဟုန် ရင်အခုန်နှင့်
သာယာပျော်ရွှင် မေတ္တာနှောင်ဖွဲ့
တစ်စိတ်တည်းသာ တည်တော့တာ
မမြင်ရမနေနိုင် ဝေးမှာစိုး
နီးကပ်ခြင်တော့တာ… ။ ။

ကိုစိုးလင်း
တောင်ဥက္ကလာ

အစိမ်းချုပ် ✏ မောင်ငယ်ရင်သွေး

''အစိမ်းချုပ်''

ရင်နှစ်ခြမ်း
ဖြန်းဖြန်းခွဲလို့
အစိမ်းချုပ် ချုပ်ဖို့
သူ..ကြံရွယ်
နာကျင်ခြင်း
မနှစ်မြို့ပေမယ့်
ချုပ်စေတော့ကွယ်...။

မောင်ငယ်ရင်သွေး
(ပန်းတနော်)

နင်..သိစေဖို့....✏ မောင်ငယ်ရင်သွေး

နင်..သိစေဖို့....

ငါ့ကို မြင်လျက်နဲ့
မမြင်ဟန်ဆောင်ကာ
အခြားတစ်ဖက်ကို
လှည့်သွားတဲ့ နင့်ရဲ့
အမူရာကြောင့်
ငါ့ရင် တစ်စစ်စစ်
နာကျင်ခဲ့ရတာကို
နင်သိနိုင်ပါ့မလား...?

မလွှဲသာလို့ ဆုံခဲ့ရင်တောင်
ငါ့ကို ပြုံးပြတဲ့
နင့်ရဲ့ အသက်မပါတဲ့
အပြုံးတွေကြောင့်
ငါ့ရင် တစ်စစ်စစ်
နာကျင်ခဲ့ရတာကို
နင်သိနိုင်ပါ့မလား...?

တစ်မိုးအောက်မှာ
အတူတူနေ နေပေမယ့်
တစ်ခါမှ မမြင်ဘူးတဲ့
သူစိမ်းတွေလို
ခပ်စိမ်းစိမ်းဖြစ်နေတဲ့
နင့် အကြည့်စိမ်းစိမ်းတွေကြောင့်
ငါ့ရင် တစ်စစ်စစ်
နာကျင်ခဲ့ရတာကို
နင်သိနိုင်ပါ့မလား...?

မောင်ငယ်ရင်သွေး
(ပန်းတနော်)

အမေ့ မှာတမ်း ✏ မောင်ငယ်ရင်သွေး

... အမေ့ မှာတမ်း...

''ကောက်ပင်'' စိုက်ရလို့
အမေ မမောပါဘူး...
အဝေးမှာ ပညာသင်နေတဲ့
သားဆီကို ငွေမပို့နိုင်တဲ့အတွက်
အမေ..စိတ်မောတယ်တဲ့လား?
အမေ.....။

ရပါတယ် အမေရယ်...
သားက အမေ့ရင်ခွင်
ခေါင်းဝင်ဝှေ့တဲ့ သူငယ်နှပ်စား
အရွယ်မှ မဟုတ်တော့တာ
ကိုယ့်ခြေထောက်ပေါ်
ကိုယ်ရပ်တည်နိုင်ပြီမို့
အမေ..စိတ်အေးပါတော့နော်...။

မောင်ငယ်ရင်သွေး
(ပန်းတနော်)

သူငယ်ချင်း...သို့....✏ မောင်ငယ်ရင်သွေး (ယခုတပတ်အကောင်းဆုံးကဗျာ)

သူငယ်ချင်း...သို့

တစ်ယောက် နဲ့ တစ်ယောက်
အနေဝေးနေလို့ပါ ဆိုတဲ့
အကြောင်းပြချက်နဲ့
ငါ့ကို မမေ့လိုက်ပါနဲ့ သူငယ်ချင်း
ငါတို့က ငယ်ပေါင်းတွေမို့ပါ...။

ကိုယ့်မိသားစု နဲ့ ကိုယ်ဖြစ်နေလို့ ဆိုတဲ့
အကြောင်းပြချက်နဲ့
ငါ့ကို မမေ့လိုက်ပါနဲ့ သူငယ်ချင်း
ငါတို့က ငယ်ပေါင်းတွေမို့ပါ...။

အလုပ်တွေ များနေလို့ပါ ဆိုတဲ့
အကြောင်းပြချက်နဲ့
ငါ့ကို မမေ့ပါနဲ့ သူငယ်ချင်း
ငါတို့က ငယ်ပေါင်းတွေမို့ပါ...။

မင်းအပေါ် ငါထက်ကောင်းတဲ့
သူငယ်ချင်းအသစ်ရလို့
ငါ့ကို မမေ့ပါနဲ့ သူငယ်ချင်း
ငါတို့က ငယ်ပေါင်းတွေမို့ပါ...။

ပတ်ဝန်းကျင်သစ် ရေသစ်
မြေသစ်မှာ ကျန်းမာရေး
ဂရုစိုက်ပါ သူငယ်ချင်း
မင်းကို ဂရုစိုက်တတ်တဲ့
ငါက အဝေးမှာ မို့ပါ...။

ဝမ်းရေးအတွက် လှုပ်ရှား
ရုန်းကန်ရင်း မိမိကောင်းကျိုး
သူတပါး ကောင်းကျိုးကိုဖြစ်စေမယ့် ကုသိုလ်ကောင်းမှုတွေကိုလည်း
ကြိုးစားအားထုတ်ပါ သူငယ်ချင်း
ငါတို့ရဲ့ ဘဝ စာမျက်နှာတွေက
ကိုယ်ပိုင် ပြဌာန်းခွင့် မရှိလို့ပါ....။

မောင်ငယ်ရင်သွေး
(ပန်းတနော်)

ဝေးပါရစေချစ်သူရေ....✏ လွမ်းသူ

( ဝေးပါရစေချစ်သူရေ )

ကြမ္မာလဲသင့် မုန်တိုင်းပင့်၍
အခွင့်လဲမသာ အခါကမပေး
အနေဝေးတော့ ဆွေးစိတ်ဝေဒနာ
မဖြေသာအောင် ဒီမှာခံစားနေရပြီ
သမုဒယဆိုတဲ့ ကမ်းနဒီ
အလွမ်းဟူသည်ကမြစ်ပင်လယ်
အဏ္ဏဝါနယ်မှာ ရူးမတတ်
ကူးခတ်နေရတဲ့ ဘဝလေး
ဝေးပါရစေ ချစ်သူရေ

လွမ်းသူ ဖေါင်းပြင်

မဆုံနိုင်ခဲ့......✏ အညတရမောင်

မဆုံနိုင်ခဲ့

လှမ်းယူဆွတ်ခူးလိုက်ချင်ပေမဲ့
နွမ်းနေတဲ့စိတ်နဲ့
အလွမ်းတွေလေအပင့်မှာ
ပန်းအကြွေ သာကောက်ခဲ့တယ်။

မေရေ . . . .။
လွမ်းည နဲ့နွမ်းလျှ
တမ်းသူကသာ ရှုံးနိမ့်မူမှာ
တွယ်ရာမဲ့လို့အလွမ်းတွေနဲ့
ဲမမြင်ကွယ်ရာက
ရင်ရဲ့ဝေဒနာတွေအတွက်
အဖြေခက် အတွေးခက်
ဆွေးရက်နဲ့မဆုံနိုင်ခဲ့ပြီ။

စာသင်သားများအတုယူရန် ✏ လင်းလင်း

စာသင်သားများအတုယူရန်

တတ်ချင်ရင် သင်
တော်ချင်ရင် ကျင့်
မမေ့ချင်ရင် စိတ်ဝင်စား
မမှားချင်ရင် ပြန်စစ်
ဆုံးမသမျှ နားထောင်
ကျမ္မာအောင် သတိပြု
ဝတ္တရားကျေပွန်စေ
ကွပ်လပ်တွေမရှိစေနဲ့
သိမူ့အတွက်ကျိုးစား


လင်းလင်း

အဆုံးမဲ့ခရီး....✏ ကျော်ဝင်းနိုင်

(အဆုံးမဲ့ခရီး)

အတိတ်ဆိုတဲ့ ရထားတစင်းဟာ
အနာဂါတ်ဘူတာကို မရောက်သေးသရွေ့တော့
အဆုံးမဲ့တဲ့ သံလမ်းတွေကို
အချစ်အတွက်နဲ့ ခပ်ကြမ်းကြမ်းလေး
နင်းချေသွားအုံးမှာပါ

ကျော်ဝင်းနိုင် (လွိုင်ကော်မြို့ )

အမေ့ရွာ.....✏ ကျော်ဝင်းနိုင်

(အမေ့ရွာ)

အူဝဲဆိုတဲ့အသံနဲ့အတူ
လူ့လောကထဲကိုဝင်လာထဲက
အကြင်နာတေးတစ်ပုဒ်နဲ့
ရင်မှာထွေးထုတ်ခဲ့တဲ့အမေ

တော်ရာမှာနေ
ပျော်ရာမှာမနေရဆိုပေမဲ့
မျှော်တော်ရှာအမေရှိတဲ့ရွာကို
တော်မကြာသားပြန်ခဲ့မယ်
လွမ်းလွန်းလို့လေ.....

ကျော်ဝင်းနိုင်
(လွိုင်ကော်မြို့ )

ဆောင်း ✏ သူ့ရှင်​ [ ကလေး]

"ဆောင်း"
❤◦.¸¸. ◦✿
ဆောင်း ဟူသည်​က
တော ရွာ​လေး တစ်​ခုအား
ကိုယ်​စား ပြုခဲ့လျှင်
ငြိမ်း၍ ​အေး​သော
လှသော သ​ဘောကို
ဆောင်​မည်​ ထင်​ သည်​.။

.ဆောင်း ဟူသည်​က
ကျောင်း​တော်
တစ်​ခုခု​လေအား
ကိုယ်​စား ပြုခဲ့လျှင်
လွမ်းရနံ့ သင်း၍ ​မွှေး​သော
မြတ်​နိုးဖွယ်​ သ​ဘောကို
ဆောင်​မည်​ ထင်​ သည်​.။

ဆောင်း ဟူသည်​က
မိခင်​ တစ်​ဦးဦးအား
ကိုယ်​စား ပြုခဲ့လျှင်
အေး ၍ ​နွေး​သော
ချစ်​ဖွယ်​​သော သ ​ဘောကို
ဆောင်​မည်​ ထင်​ သည်​...။

ဆောင်း ဟူသည်​က
ချစ်​ခင်​သူ တစ်​ဦးဦးအား
ကိုယ်​စား ပြုခဲ့လျှင်
နှင်းမှုန့်​ ​ဝေ ​ဝေ
လေ​ပြေ တဖြူးဖြူး
ကြည်​နူး လွမ်း​မော
ချစ်​ဖွယ်​​သော သ ​ဘောကို
ဆောင်​မည်​ ထင်​ သည်​...။

အကယ်​၍သာ
ဆောင်း ဟူ သည်​ က
ကျွန်​​တော့်​အား
ကိုယ်​စား ပြုခဲ့​လေလျှင်
သို့တည်း မ ဟုတ်
သင့်​အား
ကိုယ်​စားပြုခဲ့ ​လေလျှင်
အဘယ်​သို့​သော
သ ​ဘောကို 
ဆောင်​​လေမည်​ကား မသိ​.။

သူ့ရှင်​ [ ကလေး]

အကြွင်းမဲ့ရတနာ .....✏ ပြည်(Ko nyi'@)

(အကြွင်းမဲ့ရတနာ)

မြှားတစ်စင်း အတွက်
လေးတစ်လက်ရဲ့ စွန့်လွှတ်မှု
မြစ်တစ်စင်း အတွက်
ကမ်းပါးစပ်ရဲ့ အနားသတ်
ပြန်လည် မမျှော်လင့်တဲ့
တစ်လမ်းသွား တည်နေရာ
ဝေဒနာ ဖြစ်ခဲ့ရင်လဲ
ဒီရင်မှာ အနက်ရှိုင်းဆုံး
အကြွင်းမဲ့ ရတနာ......

ပြည်(Ko nyi'@)

လွမ်း​နေမိသူ

လွမ်း​နေမိသူ

လွမ်း​နေသူမှာ ​ယောင်​ချာချာ
ထွက်​​ပြေးပုန်း​ရှောင်
ကွယ်​​ပျောက်သွား​သောချစ်​သူ
ပူ​လောင်​ပြင်းပြ
နွေအခါသမယမို့
ပူ​လောင်​​နေရပြီချစ်​သူ
နွေအခါ​နွေဥသြလို
အ​ဖေါ်မပါတစ်​ကိုတည်း
တွန်​ကျူး​နေရတယ်​ချစ်​သူ
ရာသီ​တွေ​ပြောင်းနှစ်​​တွေ​ဟောင်းလည်း
မေ့လို့မရဘူးကွာ
လွမ်း​နေသူမှာ ​ယောင်​ချာချာ

များစွာပျားဘုရား

အချစ် ✏ များစွာပျားဘုရား

အချစ်

အပြုံး​လေးတစ်​ချက်​​ကြောင့်
တွယ်​ငြိမိတဲ့သံ​ယောဇဉ်
ခိုင်​ခံလွန်းလှတယ်
နှလုံးသားမှာ
အမြစ်​က​လေး​တွေ
နှောင်​ဖွဲ့ခဲ့တယ်
အခုအချိန်​မှာ​တော့
ရင်​နှင့်​မဆန့်​​အောင်
လွမ်း​နေရတယ်
ချစ်​ချင်းရည်​တူ​တော့
ထပ်​တူ​ကြွေကွဲရတယ်
မင်းနဲ့ငါ့ရဲ့
ချစ်​ခြင်းရဲ့ဖြစ်​အင်

များစွာပျားဘုရား

အချစ်​၏​ဆန်းကျယ်​မှု

အချစ်​၏​ဆန်းကျယ်​မှု

ခဏတာ​တွေ့ရုံနဲ့
တစ်​သက်​တာမ​မေ့နိုင်​သူပါ မိန်​က​လေး
မြင်​မြင်​ချင်းချစ်​တယ်​ဆိုတာ
ပိုတယ်​လို့ထင်​ခဲ့မိတာ
ကိုယ့်​အလှည့်​​ရောက်​မှ
သူ့ထက်​ကို ပို​နေခဲ့တယ်​ဆိုတာ
သိခဲ့ရတယ်
အချစ်​ဆိုတဲ့အရာဟာ
သိပ်​ဆန်းကျယ်​တယ်
သိပ်​နက်​ရှိုင်းတယ်​ဆိုတာ
သိလိုက်​ပါပြီ မိန်းက​လေးရယ်

များစွာပျားဘုရား

ဆုဆီသို့....✏ စောခေတ်သစ်

ဆုဆီသို့

ရင်ခုန်သံချင်း ထပ်တူကျပေမယ့်
မပြတ်သားတဲ့ နင့်စိတ်တွေကြောင့်
ငါ့ရဲ့ရင်ခုန်သံကို ပြန်ရုပ်သိမ်းပါရစေဆုရယ်

စောခေတ်သစ်

ချစ်သူသို့.....✏ ဆုသက်အောင်

ချစ်သူသို့

သူကိုယ့်အနားရှိစဉ်တုန်းက
ပျော်ရွှင်ကြည်နူးခဲ့ရတယ်
အဝေးကိုသွားဖို့သူနှုတ်ဆက်မှ
ခွဲခွာရဖို့ကြောက်ရွံ့နေမိတယ်
ဒါပေမဲ့ချစ်သူရယ်
တစ်နေ့နေ့ဆိုတဲ့အချိန်တစ်ခု
မင်းနဲ့ငါ့ကြားရှိလာခဲ့ရင်တော့
မင်းတစ်ယောက်အတွက်သာ
ရည်ရွယ်ထားတဲ့ချစ်တယ်ဆိုတဲ့
စကားတစ်ခွန်းပြောချင်ပါသေးတယ်
သစ္စာတရားသာရှိခဲ့မယ်ဆိုရင်
တို့နှစ်ယောက်ဆုံဆည်းကြမှာပါ

ဆုသက်အောင်(ထိန်တော-မိုးညို)

ချစ်သူ သိစေ.....✏ ဆုသက်အောင်

ချစ်သူ သိစေ.....

အရမ်းလွမ်းတယ်ချစ်သူရယ်
မင်းမရှိတဲ့နေရာတစ်ခုမှာ
ငါရှင်သန်နေရတာ
ပင်ပန်းလွန်းပါတယ်
အနားမှာအမြဲရှိစေချင်ပေမဲ့
ကံကြမ္မာရဲ့စီရင်ချက်အောက်မှာ
အရမ်းချစ်တဲ့ငါတို့နှစ်ယောက်
ဝေးကွာနေရတယ်
ဒီအချိန်လေးတွေ
မင်းငါ့ကိုပုံမှန်သတိရပေးပါ
နောက်တစ်ယောက်မရှာပါနဲ့
နေကောင်းအောင်နေပါ
သတိရတဲ့အခါဖုန်းဆက်ဖို့မမေ့ပါနဲ့
ငါ့ကိုလည်းစိတ်ချထားပေးပါ
မင်းသာငါ့ဘဝမိုလို့ပါချစ်သူ
မင်းကိုဆုံးရှုံးရမှာကြောက်လွန်းတဲ့သူမို့
ငါတစ်ယောက်တည်းကို သစ္စာရှိရှိချစ်နေပေးပါ
ငါအရမ်း ချစ်လို့ပါချစ်သူရယ်

ဆုသက်အောင်(ထိန်တော-မိုးညို)

ချစ်သူငယ်ချင်း သို့.....✏ ဆုသက်အောင်

ချစ်သူငယ်ချင်း သို့.....

ခင်မင်မှုကိုအရင်းတည်ပြီး
ပျော်ရွှင်စရာနေ့ရက်တွေနဲ့အတူ
ငါနင့်ကိုချစ်နေမိတာ
နင်တကယ်မသိခဲ့တာလား သူငယ်ချင်းရယ်
ချိုမြိန်တဲ့အပြုံးတွေနဲ့
နွေးထွေးတဲ့နင့်ရဲ့အကြည့်တွေ
ငါရင်ခုန်မိမယ်လို့ နင်မတွေးခဲ့တာလား
သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ
အချစ်မရှိဘူးလို့ နင်ယူဆခဲ့တာများလားဟာ
နင့်သူငယ်ချင်းကောင်မလေးမှာ
ရင်ခုန်တတ်တဲ့နှလုံးသားရှိတယ်ဆိုတာ
နင်မေ့လျော့ခဲ့တာလားနော်
ငါ့ခံစားချက်တွေကို
နင်ဥပက္ခာပြုခဲ့တာလားနော်
တခါတလေတော့လည်း
ရင်နာနာနဲ့တွေးကြည့်ဖူးပါတယ်
သူငယ်ချင်းချစ်သူဆိုတဲ့စကားလုံး
နင်ကြားဖူးရဲ့လားလို့ပေါ့ သူငယ်ချင်းရယ်

ဆုသက်အောင်(ထိန်တော-မိုးညို)့ 

Monday, December 8, 2014

သနပ်ခါးမကြိုက် အပျိုမိုက် ✏ ကိုသု

သနပ်ခါးမကြိုက် အပျိုမိုက်
ကိုကိုမိုက်နဲ့ လွဲတတ်သည်။
တစ်ခါလွဲ နှစ်ခါလွဲ သုံးခါလွဲ
အပျိုကြီးလည်း ဖြစ်တတ်သည်။
အပျိုကြီးဘဝဟာ ပျင်းစရာ
အတင်းဖျင်းသာ ပြောရသည်။
အတင်းပြောတာ များသောခါ
ဒေါသပါကြသည်။
ဒေါသမထိမ်း ရန်ဖြစ်ကိန်း
ဖျက်သိမ်းမိတ်ဆွေမည်။

ပွင့်သစ်စ ကာရံမဲ့အချစ်ပန်း ✏ ကိုစိုးလင်း

ပွင့်သစ်စ ကာရံမဲ့အချစ်ပန်း

ပန်းတစ်ပွင့်သည်
ညတွင်အဖူး နံနက်ပွင့်လန်း
ဥတုဒဏ်လျင် မကြုံရသေး
ငွါးငွါးစွင့်စွင့် တင့်တင့်တယ်တယ် ၊
ပျား,ပုတုံးများ မနားခိုခင်
ဝတ်ရည်ပြည့်လျှံ လန်းဆန်းစွာဖြင့်
ဝင်ကြွားထယ်ဝါ လှပလွန်းနေ
မြင်သူတိုင်းက စွတ်ချူချင်နေ
သူ့သဘာဝ ပွင့်လာငြားလည်း
စစ်မှန်မေတ္တာ မြတ်နိုးမှန်ကို
ဆုံတွေ့ရလည်း……၊
လေယူရာယိမ်း ကိုင်းညွတ်တိမ်းမှား
ရှောင်သွေဖယ်ခွါ ဖြစ်တတ်လေရာ
ရင်ဝယ်မြတ်နိုး ချစ်စစ်မျိုးနှင့်
ချစ်ပန်းပွင့်မှာ လွဲရစွာသာ
ကြုံရရှာသည် ………။ ။

ကိုစိုးလင်း
တောင်ဥက္ကလာ

အိမ်​လွမ်းသူ

အိမ်​လွမ်းသူ

"အိမ်​" တဲ့
စကား​လေးတစ်​ခွန်းတည်းပါ၊

ဒါ​ပေမဲ့......ခံစားမှု​ပေါင်းဆုံရာ
နေရာတစ်​ခုတဲ့၊
အိမ်​နှင့်​​ဝေးမှ သိလိုက်​ရတာက
အိမ်ဆိုတာ........
အဆိုးအ​ကောင်းအရာအားလုံး
မျှဝေခံစားသူ​တွေရှိတဲ့
နေရာတစ်​ခုပါတဲ့​လေ......

ဟိုး......တစ်​ချိန်​က​ပေါ့
အိမ်​ဆိုတာ.......
ကိုယ်​ပိုင်​လွတ်​လပ်​ခွင့်​​တွေအားလုံး
သော့ခတ်​ခံထားရတဲ့
နေရာတစ်ခုလို့ ထင်​မိခဲ့တာပါ၊

အခုအချိန်​မှာ....
အိမ်​ကိုလွမ်း​နေခွင့်​မရ​တော့​ပေမဲ့
Jas​လေ.....အခုအိမ်​ကို
တကယ်​တမ်းတ​နေမိတာပါ
တစ်ချိန်​တုန်းက အဲဒီအိမ်​​လေးကို
အရမ်းလွမ်း​နေမိ​တာပါ အိမ်​​လေးရယ်​........

အိမ်​......သို့ လွမ်းလွန်းလို့
ထပ်​ကာထပ်​ကာ ​ရေး​ဖြစ်​​နေ​ပေမဲ့
လက်​​တွေကျကျ လွမ်း​နေမိတဲ့အိမ်​ကို​ပြောဖို့
"လွမ်းတယ်​"ဆိုတာထက်
လေးနက်​တဲ့စကားရှိရင်​​ ပြောပြ​ပေးပါလား....?

သိပ်များတယ် ✏ နေမင်းရဲ့သားတော် (မြန်အောင်)

* သိပ်များတယ်*
-------------
မြန်မာမှုနဲ့ ပမာထုထားတဲ့
ပန်းပုရုပ်လေး ပမာ
မြင်သူရဲ့ နှလုံးသား
ဖမ်းစားနိုင်စွမ်း သိပ်များတယ်။

တော်ဝင်ပန်း မဟုတ်ပေမယ့်
ဂေါ်သဇင် ပန်းလေးလို
ရနံ့သင်းကြိုင် လှနေနိုင်လို့
တွယ်တာသူတွေ သိပ်များတယ်။

ပြောဆိုမှုမှာ ညင်သာ
နှုတ်ချိုကာ လျှာသေး
စွယ်တော်ရွက်ကလေးလို
နှစ်သက်သူတွေ သိပ်များတယ်။

နေမင်းရဲ့သားတော် (မြန်အောင်)

ဖြေသိမ့်တေး ✏ နေမင်းရဲ့သားတော် (မြန်အောင်)

ဖြေသိမ့်တေး

အဖော်မဲ့ အလွမ်း
ရင်ခွင်ကျွမ်းလည်း
ကျွမ်းပါစေမေ
ဆက်ချစ်နေမယ်

အလွမ်းကို အဖော်ပြု
တစ်ကိုယ်ထဲ ချောင်မှာထိုင်
ငိုင်တိုင်တိုင်မျက်ရည်စတွေနဲ့
သူအကြောင်းတွေး ဆွေးနေတယ်

အိပ်ပျက်ညမှာ
နှိပ်စက်တာ မင်းမျက်နှာလေးပဲ
လှသလောက် နှုတ်ချို
သိပ်ပိုတယ် ယဉ်ကျေးမှုတွေက
အိပ်ပျက်တာနဲ့ တန်ပါတယ်ကွာ။

နေမင်းရဲ့ သားတော် (မြန်အောင်)

ရင်ထဲကချစ် ✏ ရဲနောင်

ရင်ထဲကချစ်

မင်းတစ်ယောက်သာ ငါလေချစ်ခဲ့
ရင်ထဲကချစ် မင်းသိနိုင်ဖို့
ပြောဖို့အင်းအား ငါ့မှာမရှိ
မင်းမုန်းမှာကို ငါလေကြောက်ဘိ
ရင်ထဲမှာပဲ ချစ်နေပါ၏
မိန်းကလေးရယ်

ရဲနောင် (ပြည်)

အလွမ်းသံစဉ် ✏ လွမ်းတေဇ (ရွှေကန်)

အလွမ်းသံစဉ်

ငါမေ့ထားချင်တဲ့အရာတွေကို
ဘာကြောင့်ငါ့ဦးနှောက်ထဲကို
ငါ့ရဲ့စိတ်တွေကပို့ပေးနေတာလဲ
ငါမတွေးချင်တဲ့အရာတွေကိုလဲ
တိုက်ဆိုင်မူဆိုတဲ့တဒင်္ဂဆိုတဲ့အချိန်လေးတွေက
နိုးစွပေးလာတော့
အတိတ်ရဲ့ပုံရိပ်တွေဟာ
ပန်ချီကားတချပ်လို
ထင်ဟက်လာပြီပေါ့
ဒီလိုချိန်မှာပဲ
ငါ့ရဲ့မသိစိတ်တွေက
နင်ကိုသတိရစေခဲ့ပြီပေါ့
အလွမ်းဆိုတဲ့အရာကို
ပေးသွားတဲ့နင်ကမသိပေမဲ့
ရလိုက်တဲ့ငါကတော့
သေလုမတက်ခံစားရပါတယ်
လွယ်လွယ်ရခဲ့တဲ့အလွမ်းမဟုတ်တော့လဲ
လွယ်ကူစွာတော့မေ့လိုရမှာ
မဟုတ်တော့ပါဘူးဟာ,.,......


လွမ်းတေဇ (ရွှေကန်)

သစ်စိမ်းချိုး ✏ သူရတကျော်စွာ

သစ်စိမ်းချိုး"

ရင်ဘက်က သွေးစိမ်းရှင်ရှင်ထွက်မှ
သစ်စိမ်းချိုးဆိုတာကို
နဖူးတွေ့ ဒူးတွေ့ ခံစားလိုက်ရတယ်…။
ဓားလောက်မကထက်တဲ့ နှုပ်ခမ်းနဲ့
အပိုင်းပိုင်း ပြတ်ကျအောင်လုပ်ခဲ့တာတောင်မှ
အမှတ်သည်းခြေ လုံးဝမရှိ
အရိပ်ပေးဖို့ ကြိုးစားနေမိတုန်း…။
သံယောဇဉ်ကြိုးတွေအထပ်ထပ်တုတ်လို့
တို့နှစ်ယောက် လက်အမြဲဆုပ်ချင်ပေမယ့်
နင်ကိုယ်တိုင် လက်တွဲဖြုတ်ခဲ့မှတော့
လက်ဆွဲနှုတ်ဆက်ဖို့ မလိုတော့ဘူးပေါ့လေ…။
ရင်နာစရာ ဇာတ်လမ်းပေမယ့်
ဇာတ်ဝင်ခန်းမှာ
ငါ…အကောင်းဆုံး ကပြခဲ့ပါရဲ့…။
(-)ရယ်………
လမ်းအခွဲမှာ ဝမ်းနည်းမဆုံးပါဘူး
အလွမ်းတွေက ဟိုဒီ တစစီပြန့်ကျဲ
ငါ့ နှုတ်ခမ်းထက်မှာလေ
နင့် အနမ်းတွေ အခုထိပျံဝဲတုန်း…။ ။

သူရတကျော်စွာ

မမှန်သော အမှား ✏ မောင်ငယ်ရင်သွေး (ပန်းတနော်)

မမှန်သော အမှား

လူတွေ အမှန်တရားကို
မြတ်နိုးကြတယ် ဆိုတာ
ကိုယ်က မှန်နေတဲ့
အချိန်မှသာ မြတ်နိုးတတ်
ကြတာပါ..။

ကိုယ်က မှားနေပြီဆိုရင်တော့
''ငါတော့ မှားနေပါတယ်''ဆိုပြီး
အမှန်တရားကို ဝန်ခံဖို့
အလွန် ဝန်လေးတတ်ကြပါတယ်..။

တကယ် အမှန်တရားကို
မြတ်နိုးတတ်တဲ့ လူဆိုရင်
ကိုယ်မှားမှား မှန်မှန်
ရဲရဲရင့်ရင့် ဝန်ခံဖို့လိုပါတယ်
ဒါမှလည်း အမှန်တရားကို
မြတ်နိုးရာ ရောက်မှာပါ..။

မောင်ငယ်ရင်သွေး (ပန်းတနော်)

ကျောက်ထက်က အက္ခရာ ✏ မောင်ငယ်ရင်သွေး

ကျောက်ထက်က အက္ခရာ


အခွင့်ရေး ရခဲ့မယ်ဆိုရင်ပေါ့...
အဖေ့ရဲ့ ကြမ်းရှရှ လက်ဝါးပြင်ထက်
ပါးပြင်အပ်လို့ ခဏလောက်
မှေးစက်ခွင့်ရ ချင်မိတယ် အဖေ....။

အခွင့်ရေး ရခဲ့မယ်ဆိုရင်ပေါ့...
နေလောင်ဒဏ်ကြောင့်
အညိုရောင် သမ်းနေတဲ့
အဖေ့ရဲ့ နဖူးပြင်ကို
တစ်ရှိုက်လောက်ဖြစ်ဖြစ်
နမ်းရှိုက်ခွင့်ရ ချင်မိတယ် အဖေ...။

အခွင့်ရေး ရခဲ့မယ်ဆိုရင်ပေါ့...
အဖေ့ရင်ခွင် မေးယှက်တင်လို့
အဖေ့ညည်းချင်း တေးသီချင်းကို
နားထောင်ခွင့် ရချင်မိတယ် အဖေ...။

အခွင့်ရေး ရခဲ့မယ်ဆိုရင်ပေါ့...
နဖူးကချွေး ခြေဖမိုးပေါ် ကျတဲ့အထိ
သားတို့အတွက် လှုပ်ရှားရုန်းကန်ရင်း
ပင်ပန်းနွမ်းနယ်နေတဲ့ အဖေ့ကို
ခြေဆုပ်လက်နယ်ပြုရင်း
တစ်ဖန် ကျွေးမွေးစောင့်ရှောက်ခွင့်
ရချင်မိတယ် အဖေ...။

ခုတော့ဖြင့် အဖေရယ်...
အဖေ့ကို ချစ်တဲ့ မိသားစုကို
အဖေက ချစ်တဲ့ မိသားစုကို
စောစီးစွာနဲ့ နှုတ်မဆက်ပဲ
ထားရစ်ခဲ့တယ်နော်...။

ကြာလေ ဝေးလေ...
ဖြေလေ ဆွေးလေ...မို့
အဖေ..ဆိုတာ ဘဝမှာ
ဘယ်တော့မှ မမေ့နိုင်တဲ့
ဘယ်တော့မှ မပျောက်ပျက်နိုင်တဲ့
ကျောက်ထက်က အက္ခရာ တစ်လုံးပါ...။

မောင်ငယ်ရင်သွေး
(ပန်းတနော်)

အမေသို့...✏ မောင်ငယ်ရင်သွေး

အမေသို့...

လွမ်းမိတယ် အမေ...
ဘဝရှေ့ရေးမို့ မလွှဲသာ
ခွဲခွါရပေမယ့် မျက်ရည်
လည်ရွှဲနဲ့ အမေ့ကို
သား..တစ်နေ့မှ မမေ့ခဲ့ပါဘူး..။

နေကောင်းရဲ့လား အမေ...
ကိုယ့်ကျန်းမာရေးကို
လျစ်လျူရှု သားကျန်းမာဖို့သာ
မကြာမကြာ မှာတမ်းချွေတတ်တဲ့
အမေ့ ကျန်းမာရေးကရော
ဘယ်လိုနေသေးလဲ...။

ကျန်းမာရေး ဂရုစိုက်ပါ အမေ...
လူမသေ ငွေမရှား ဆိုသလို
ကျန်းမာရေးထက် အရေးကြီး
တာ ဘာမှမရှိပါဘူး
ပိုက်ဆံ ဆိုတာက ပြန်ရှာလို့
ရတယ် အမေဆိုတာက
ပြန်ရှာလို့မရနိုင်တဲ့ ရှားပါး
ရတနာ တစ်ပါးမို့ပါ အမေ...။

သားချစ်တဲ့ အမေ...
တကယ်တော့လေ သားက
အမေ့ကို ဝေယျာဝစ္စတွေ
ဝိုင်းကူရင်း အမေ့မေတ္တာရိပ်
အောက်မှာပဲ ခိုနားချင်တဲ့သူပါ
ဒါပေမယ့် အမေရယ်...
ကံဇာတ်ဆရာက ဒီလို ကဖို့
ဇာတ်လမ်းဖွဲ့ခဲ့တော့လည်း
မလှပတဲ့ ဇာတ်မှန်းသိလျက်
ရင်နာနာနဲ့ သားတို့ ကကြရ
တယ်နော်...။

စောင့်နေပါဦး အမေ...
မေ့ရင်သည်းချာ သားလိမ္မာက
အောင်ပန်းဆွတ်ခူး ပန်းတိုင်ထူးသို့
ရောက်မည့်နေရက် မွေးမေတွက်လို့
သားလှလိမ္မာ အိမ်ပြန်လာကို
ချစ်သောမေမေ....
အပြုံးတွေဆင်လို့ ကြိုပါဦးလေ
ချစ်မေမေရေ....။

မောင်ငယ်ရင်သွေး
(ပန်းတနော်)

မေ့ဖို့မလွယ် ✏ မောင်ငယ်ရင်သွေး

မေ့ဖို့မလွယ်

လွမ်းစရာ ရှိရင်
နာစရာ နဲ့ ဖြေပါ မောင်"တဲ့
မေ့နိုင်တဲ့သူ ချစ်သူခင်က
အမှာတော်ပါးတဲ့
တစ်ချက်လွှတ် အမိန့်တော်လေ...။

ခွင့်လွှတ်တော့ ခင်ရေ...
ခင့်အပေါ် နာကြည်းစရာ
အတိတ်ရဲ့ အရိပ်တွေ
ရှိနေပေမယ့်
အဲဒီ နာကြည်းစရာတွေကပဲ
လွမ်းဆွတ် တ,သ,စရာတွေ
ဖြစ်လို့နေတယ်လေ...။

မေ့ဖို့ရည်ရွယ်ကာ
ချစ်တာ မဟုတ်တော့
ခင့်ကို မမေ့နိုင်သော
မောင့်ကိုတော့ ထပ်ဆင့်
ခွင့်လွှတ်ပါ ခင်...။

မောင်ငယ်ရင်သွေး
(ပန်းတနော်)

အိုဘယ့် ဆရာ ✏ မောင်ငယ်ရင်သွေး

အိုဘယ့် ဆရာ

အချိန်ဆိုတဲ့ စက်ယန္တရား
မပြတ်လည်နေသည့် အလျောက်
ဆရာသမားရဲ့ သက်တော်ဟာလည်း
၄၀ ကျော်လို့ ၂ နှစ် စွန်းခဲ့ပြီ။

အချိန်တွေပြို ဇရာတွေ အိုခဲ့ပေမယ့်
တပည့်များအပေါ်မှာ သွန်းဖြိုးခဲ့တဲ့
ဆရာ့မေတ္တာ မိုးရေတွေကတော့
အိုမင်းရင့်ရော်ခြင်း ကင်းခဲ့သလို
ကွက်ကြား ရွာသွန်းခြင်းလည်း
မရှိခဲ့ပါ။

ပုထုဇဉ်တို့ သဘာဝ
မှားတတ်သည့်အလျောက်
အမှားနဲ့ မကင်းကြတဲ့ တပည့်များအပေါ်
သည်းခံခြင်း ခွင့်လွှတ်ခြင်းတွေနဲ့
နားလည်ပေးခဲ့တာလည်း
ဆရာ့ ရဲ့ကြီးမားမွန်မြတ်တဲ့
မေတ္တာပါ။

ဆရာ့ရဲ့ အရိပ်အာဝါသအောက်မှာ
ခိုနားခွင့်ရတဲ့အချိန်က စ,လို့
ယနေ့အချိန်ထိ ကိုယ်ကျိုးကိုဘေးချိတ်
တပည့်များ ကောင်းစားရေး
တိုးတက်းရေးကိုသာ ဦးစား
ပေးတတ်တဲ့ ဆရာပါ။

အရွယ်ရောက်လို့
အတောင် အလက် စုံလင်နေတဲ့
တပည့်တွေကသာ
ဆရာ့အရိပ်ကို စွန့်ခွါထားခဲ့ကြ
ပေမယ့် ဆရာဆိုတဲ့
သစ်ပင်ကြီးကတော့ အေးမြတဲ့
အရိပ်တွေဖြန့်ကျက်လို့
ထာဝစဉ်လက်ကမ်းလို့
ကြိုနေဆဲပါ။

သွေးမတော် သားမစပ်
"ဆရာ တပည့်''ဆိုတဲ့
ခေါင်းစဉ်လေးကို
အကြောင်းပြု မိဘရင်းနှင့်မခြား
တပည့်များကိုဂရုစိုက်တတ်တဲ့
ဆရာပါ။

ရေးဖွဲ့မကုန်တေးစပ်မကုန်တဲ့
ဆရာ့ဂုဏ် အနန္တကို
ရည်ညွှန်းလျက် အဝေးမှ
ဆရာ့အား ဦးခိုက်ပါ၏။

မောင်ငယ်ရင်သွေး

ရုပ်နာမ်နှင့် ငါ… မဂ္ဂဥာဏ်နှင့်နိဗ္ဗာန် ✏ ကိုစိုးလင်း

ရုပ်နာမ်နှင့် ငါ…မဂ္ဂဥာဏ်နှင့်နိဗ္ဗာန်
- သူ,လည်းပါလာ ငါ,လည်းမှီနေ
ခရီးတူ မှနေ ၊
- သူ,လည်းမသိ ငါ,လည်းမသိ
ငါနဲ့တွေ့ မှငြိ ၊
- သူ.လည်းမမြင် ငါ.လည်းမမြင်
ပြောင်းလဲခါ မှပြင် ၊
- သူ,လည်းအိုချိန် ငါ,လည်းစိုးရိမ်
တရားပြ မှချိန် ၊
- သူ,လည်းနာချိန် ငါ,လည်းညီးညူ
ဝေဒနာ မှပူ ၊
- သူ,လည်းမနေ ငါ,လည်းမတား
နဂိရ်တည်း မှကွာ ၊
- သူ,လည်းခွါချိန် ငါ,လည်းကွာချင်
ဝေဒနာ မှစင် ၊
- သူ,လည်းမခေါ် ငါ,လည်းမရှုပ်
သူ့သဘော မှချုပ် ၊
- သူ,လည်းမပြု ငါ,လည်းမပြု
သင်္ခါရပ် မှုရှု ၊
- သူ,လည်းမရှိ ငါ,လည်းမရှိ
နိရောဓ မှသိ ၊
- သူ,လည်းမသိ ငါ,လည်းမသိ
မင်္ဂဥာဏ်နဲ့ မှသိ ၊
- သူ,လည်းမမြင် ငါ,လည်းမမြင်
နိရောဓ မှဝင်၊
- သူ,လည်းမသွား ငါ,လည်းမသွား
မင်္ဂဥာဏ် သည်သာသွား၊
- သူ,လည်မပါ ငါ,လည်းမမှီ
ငြိမ်းအေး နိဗ္ဗာန်ဆီ ။ ။

"ငါ,ရှိလို့ သူ,ရှိနေတာ"
- ငါ,ရှိတယ် [ထင်လို့]
သူ,လာ လာနေတာပါ ၊
- ငါ, မရှိမှန်း [ သိရင် ]
သူ, မလာ ပါဘူး ။ ။
(သူ = ရုပ်နာမ်)
ကိုစိုးလင်း
တောင်ဥက္ကလာ

မဇ္ဈိမဥာဏ် ✏ ကိုစိုးလင်း

မဇ္ဈိမဥာဏ်

ခွဲခြားပေါ်လွင် ပညတ်တင်စေ
ခန္ဓာငါးအင် သတ်မှတ်ငါပင်
ပညတ်မပါ ငါမခေါ်သာ
သမုတိမှန် သစ္စာမှန်ပေ ၊
ပရမတ်ပေါ် ပညတ်ဖော်သော်
ခန္ဓာငါးအင် ပညတ်ကွာစင်
ကြောင်းကျိုးမှန်မြင် ပရမတ်မြင်
ပရမတ်မှန် သစ္စာမှန်ပေ ၊
လက္ခဏာရှု သက်သေပြုသော်
မမြဲသဘော ချမ်းသာမစစ်
ပိုင်သူမရှိ သူ့သဘောရှိ
ကြောင်းကျိုးသစ္စာ ရှိသဘောမှန် ၊
အယူ'မဖြစ် ဘာဝနာစစ်"အစစ်"
ခန္ဓာမစစ် မြဲရာမရှု
ရှိ 'တရားစစ် ' ပျက် 'တရားမှန်
ရှုကြည့်မှန်စွာ သဘောမျှသာ ၊
ငြီးငွေ့ဆုံးမှန် ငြိမှုကင်းကွာ
ကြောင်းကျိုးချုပ်မှန် မဇ္ဈိမဥာဏ် ။ ။

ကိုစိုးလင်း
တောင်ဥက္ကလာ