Sunday, August 2, 2015

ထွက်​သွားပါ ငှက်​ငယ်​ 🌺🍁 ထွန်းလင်း​အောင်​ (ကသာ)

ထွက်​သွားပါ ငှက်​ငယ်

အသီးမသီး အရွက်​မ​ဝေ
မပွင့်​မဖူး စိမ်းလန်းမှုလည်းမရှိ
ရိုးတန်​ ခက်​တန်​ အပြိုင်​ပြိုင်​နဲ့
ပူပြင်​တဲ့ ကန္တာရ ​နွေအလယ်​မှာ
အပူဒဏ်​ကို အန်​တု
ထု​ထောင်းမှု ​လောကဓံကို
ကြံ့ကြံ့ခံရင်​ဆိုင်​​နေရတဲ့
ငါ့ဘ၀ သစ်​ပင်​မှာ
မင်းအတွက်​ ​ပျော်​ရွှင်​မှုဆိုတာ
ရှိမှာမဟုတ်​ဘူးငှက်​ငယ်
တိတ်​ဆိတ်​ခြင်း ကိုအ​ဖော်​ပြု
အထီးကျန်​ဆန်​မှု​တွေနဲ့
ငါ့ဘ၀က ​နေသားကျ​နေပါပြီ
ဒါ​ကြောင့်
ထွက်​သွားပါ ငှက်​ငယ်
ထွန်းလင်း​အောင်​ (ကသာ)

1 comment:

  1. ​ကောင်းလိုက်​တာ ကဗျာကြိုက်​သွာပြီး

    ReplyDelete