Sunday, August 9, 2015

တန်ပြန်မှုတိုင်းမှာ (မြင့်မိုရ်ထွန်း***ချယ်ရီမြေ)

တန်ပြန်မှုတိုင်းမှာ.....
သက်ရောက်မှုရှိတယ်ဆိုရင်
နယူတန်ရဲ့နိယာမ မှားတယ်ဗျား
ဘာလို့လဲဆိုတော့
ဒဿဂီရိလောက်
ရာဇဝင်တွင်အောင်လို့
ချစ်မပြနိုင်ရင်တောင်
ငါနင့်အပေါ်ထားတဲ့
ချစ်ခြင်းမေတ္တာ
ဘာနဲ့မှနှိုင်းလို့မမှီနိုင်တဲ့အချစ်မျိုးနဲ့
ချစ်ခဲ့တဲ့ ငါ့ကိုကျတော့
နယူတန်ရဲ့နိယာမ
ဘယ်သွားသေနေလဲ
ငါ့နင့်အပေါ်မှာထားတဲ့
ချစ်ခြင်းမေတ္တာလောက်ပြန်ရဖို့
ငါမမျှော်လင့်ဘူးချစ်သူ
ငါချစ်တဲ့အချစ်ထက်
ဆယ်ပုံတစ်ပုံလောက်ပဲ
နင့်ဆီကမျှော်လင့်တာပါ ချစ်သူ

(မြင့်မိုရ်ထွန်း***ချယ်ရီမြေ)

No comments:

Post a Comment