Sunday, August 9, 2015

ပတ်သားတဲ့အချစ် မိုးသစ်​စ (က​ဗျာချစ်​သူ)

ပြတ်သားတဲ့အချစ်

ငါမငိုပါဘူး မင်းမချစ်တော့ရင်တောင်
ငါမလွမ်းပါဘူး မင်းထားခဲ့ရင်တောင်
ငါချစ်သလို ငါ့ကိုမချစ်တဲ့မင်း
ငါသစ္စာရှိသလို ငါ့အပေါ်သစ္စာမရှိတဲ့မင်း
နှစ်လွှာပေါင်းမှတစ်ရွက်ဖြစ်မဲ့ စွယ်တော်ရွက်
တစ်ရွက်ကပိုးကိုက်တယ် ဆိုကတည်းက
မနေချင်ထွက်သွား သစ္စာမဲ့သူအတွက်
ငါ့နှလုံးသားအထွက်တံခါးလုပ်ပေးထားတယ်
ဘယ်တော့မှလဲပြန်မလာနဲ့
သနားတဲ့အကြည့်နဲ့လဲ ငါ့ကိုရွဲ့မသွားနဲ့
သစ္စာမရှိသူထားသွားတာခံခဲ့ရတဲ့ငါ
ငိုဖို့မပြောနဲ့ မင်းထားခဲ့တဲ့
အချိန်ကစလို့မင်းကို
ငါ ဘယ်တော့မှသတိမရဘူး
ဘယ်တော့မှလဲ ငါမလွမ်းဘူး

မိုးသစ်​စ (က​ဗျာချစ်​သူ)

No comments:

Post a Comment