Sunday, August 9, 2015

ငါ ဆုတောင်းနေမိ) နွေချစ်မိုး(ရွှေပင်္ကူ)

(ငါ ဆုတောင်းနေမိ)

ချစ်ပါတယ် ဆိုတဲ့စကားလုံးကို
နှလုံးသားက တောင်းခံပါသော်လည်း
မတူညီသော ဘဝလေးတွေရယ်
ဂုဏ်ဒြပ်တွေ ခြားနားလွန်းတဲ့ အဆင့်တန်းတွေကြောင့်....
ရေငုံနုတ်ပိတ် ဝစီရှိုက်ကာနေရင်း
ငါလေ သူနဲ့အဝေးကြီး ဝေးသွားခဲ့ရတယ်
အနေဝေးပေမဲ့
သွေးမအေးတဲ့ ချစ်ခြင်းတွေနဲ့
ငါသူအပေါ်မှာ သံယောဇဉ်တွယ်ခဲ့တာမို့ ငါ့ရဲ့ချစ်ရနံ့လေး....
သူအပေါ်မှာ ဆွတ်ဖြန်းလျက်
ငါ့အချစ်ကို သူနားလည်နိုင်ပါစေဟု---

နွေချစ်မိုး(ရွှေပင်္ကူ)

No comments:

Post a Comment