Sunday, August 9, 2015

( မုန်းရခက်တဲ့သက်သခင် ) ဇော်ဇော်အောင် (မြန်မာစာ)နေပြည်တော် LWE

( မုန်းရခက်တဲ့သက်သခင် )

ကမ္ဘာဦးတည်စ ချိန်ခါတည်းက
ပစ္စုပ္ပန်ရဲ့...ဒီနေ့တိုင်ထိ
သက်ရှိသက်မဲ့ သတ္တဝါများ
ဘာနဲ့အသက် ရှင်လဲမေးရင်
စိုစွတ်အေးမြ ရေကန်​ဖြစ်၏
ပမာတိုင်းတာ ညီမျှပါမှ
သတ္တအသက် ရှည်စွာကျမ္မာ
သက်တန်းမှန်ထိ ရောက်ရလေသည်
ရှေးကဆိုထား စကားရှိပေ
မြွေကြီးတော့ မန္တယားမနိုင်
စမ်းများဂနိုင် မိတ်ဆွေဖြစ်လို့
သတ္တဝါတွေ ချမ်းသာပေမည့်
များပြားလွန်စွာ ရေမိစ္ဆာက
ဆင်းရဲကိုပေး သေဘေးမကျန်
သူမချန်ဘဲ ရန်မူကဲတာ
သက်ရှိသက်မဲ့ အသက်သခင်
ထိုရေစဉ်ကို
ခေါ်မည်ကြွေးလို့ သမိုင်းတည်မည်
မုန်းရခက်လို့ ချစ်ရသည် ။

ဇော်ဇော်အောင် (မြန်မာစာ)
နေပြည်တော် LWE

No comments:

Post a Comment