Sunday, August 2, 2015

.🌋​ကျေနပ်​စွာချစ်​​နေမယ်​ 🌋 ဆည်းဆာ (ဟင်္သာတ)

.🌋​ကျေနပ်​စွာချစ်​​နေမယ်​ 🌋

ဘယ်​ဘ၀ရဲ့အငြိုးနဲ့များ
ကံကြမ္မာက ငါ့ကိုရက်​စက်​​နေလည်းမသိ
ငါဘယ်​သူ့ကိုမှ
နာကျင်​,ခံစားရ​အောင်​ ​မလုပ်​ခဲ့ပါဘူး
ငါ့ရင်​ထဲကခံစားချက်​ကို
မင်းနားလည်​​အောင်
ဖွင့်​​ပြောဖို့ ကြံရွယ်​လိုက်​တိုင်း
ကံကြမ္မာက ငါ့ကိုတားဆီးထားတယ်
ရက်​စက်​လိုက်​တာကံကြမ္မာရယ်
ငါမင်းကိုချစ်​ခဲ့မိတာ
ဝဋ်​ကြွေးတခုဆိုရင်​လည်း
ငါ​ကျေနပ်​စွာနဲ့ဆက်​ချစ်​​နေမှာပါ
ငါ​ပေးဆပ်​ရမဲ့ ၀ဋ်​​ကြွေး
ကုန်​ဆုံးတဲ့တ​နေ့ကြရင်​​တော့
ငါ​မျှော်​လင့်​ထားဆုံးအချစ်​ဗိမာန်​​လေးကို
ပို်​​​င်​ဆိုင်​ခွင့်​ရမယ်​လို့​မျှော်​လင့်​ပါတယ်​ ...

ဆည်းဆာ (ဟင်္သာတ )

No comments:

Post a Comment