Friday, August 7, 2015

ကဗျာနာမည် သင်၏ပန်းတိုင်​ ( ဇော်ဇော်အောင် မြန်မာစာ )

ဝဿာန်ကာလ သမယမို့
ရွှေမိုးအုံ့ကာ တသဲသဲရွာ
ဘယ်ခါမလင်း ရင်တွင်းမှထိ
လွမ်းကာရီဝေ မှိုင်းပြာနေလို့
ဒို့ပါသူငါ မလန်းရှာဘူး ။

ချစ်​သောညီမ ခါးပန်းတမာ
လွမ်းစရဖယ် ပညာဝယ်ချိန်
ပကာသန အလှပနဲ့
စိန်ရွှေဓန ငွေရှင်လည်းရှောင်
ရည်းစားမထား ချစ်သူဝေးဝေး
မက်မောစွဲလန်း မဖြစ်စေရ
ဒါမှသာလျှင် ပညာတောင်တန်း
လျှောက်လှမ်းခဏ မင်းဘဝလေး
အောင်မြင်ပန်းတိုင် ရောက်ဧကန်တည်း။

ဇော်ဇော်အောင် မြန်မာစာ
နေပြည်တော်

No comments:

Post a Comment