ထွက်သွားပါ ငှက်ငယ်
အသီးမသီး အရွက်မဝေ
မပွင့်မဖူး စိမ်းလန်းမှုလည်းမရှိ
ရိုးတန် ခက်တန် အပြိုင်ပြိုင်နဲ့
ပူပြင်တဲ့ ကန္တာရ နွေအလယ်မှာ
အပူဒဏ်ကို အန်တု
ထုထောင်းမှု လောကဓံကို
ကြံ့ကြံ့ခံရင်ဆိုင်နေရတဲ့
ငါ့ဘ၀ သစ်ပင်မှာ
မင်းအတွက် ပျော်ရွှင်မှုဆိုတာ
ရှိမှာမဟုတ်ဘူးငှက်ငယ်
တိတ်ဆိတ်ခြင်း ကိုအဖော်ပြု
အထီးကျန်ဆန်မှုတွေနဲ့
ငါ့ဘ၀က နေသားကျနေပါပြီ
ဒါကြောင့်.....
ထွက်သွားပါ ငှက်ငယ်
အသီးမသီး အရွက်မဝေ
မပွင့်မဖူး စိမ်းလန်းမှုလည်းမရှိ
ရိုးတန် ခက်တန် အပြိုင်ပြိုင်နဲ့
ပူပြင်တဲ့ ကန္တာရ နွေအလယ်မှာ
အပူဒဏ်ကို အန်တု
ထုထောင်းမှု လောကဓံကို
ကြံ့ကြံ့ခံရင်ဆိုင်နေရတဲ့
ငါ့ဘ၀ သစ်ပင်မှာ
မင်းအတွက် ပျော်ရွှင်မှုဆိုတာ
ရှိမှာမဟုတ်ဘူးငှက်ငယ်
တိတ်ဆိတ်ခြင်း ကိုအဖော်ပြု
အထီးကျန်ဆန်မှုတွေနဲ့
ငါ့ဘ၀က နေသားကျနေပါပြီ
ဒါကြောင့်.....
ထွက်သွားပါ ငှက်ငယ်
No comments:
Post a Comment