Friday, August 7, 2015

သစ္စာ မိုးသစ်စ(ကဗျာချစ်သူ)

သစ္စာ

ချစ်သူအဝေးမှာ ဘာတွေလုပ်နေလဲ
မင်းမမြင်နိုင်တဲ့နယ်ခြားမြို့ခြား
မန္တလေးရဲ့တစ်နေရာကကောင်လေးတစ်ယောက်
မင်းကိုအရမ်းလွမ်းနေတယ်
အဆင်မ​ပြေတာတွေ စိတ်ညစ်စရာတွေ
အားငယ်စရာတွေ ဝမ်းနည်းစရာတွေ
ရှိရင်ဖုန်းဆက်လိုက်
အကြံဉာဏ်တွေပေးမယ် အားပေးပေမယ့်
ဖြေသိမ့်​ပေးမယ် နှစ်သိမ့်ပေးမယ်
မင်းအနားမှာရှိမနေရလဲ
မင်းမမြင်နိုင်တဲ့နောက်ကွယ်မှာ
မပြယ်သောမေတ္တာ မဖျောက်ဖျက်သောသစ္စာနဲ့
အချစ်ကိုတန်ဖိုးထားသစ္စာတရားကို
ခေါင်အုံးထားသော ကောင်လေးတစ်ယောက်
လေလိုင်းထဲမှာ မင်းအပေါ်သစ္စာရှိစွာနဲ့
ချစ်နေတယ်ဆိုတာ ချစ်သူရေယုံကြည်ပေးပါ

မိုးသစ်စ(ကဗျာချစ်သူ)

No comments:

Post a Comment