Tuesday, August 11, 2015

သေရာပါမဲ့ ဒဏ်​ရာ ( တောသား​လေး )

သေရာပါမဲ့ ဒဏ်​ရာ

၁၅၀၀​ပေးလို့
၅၂၈ပဲ ရမှန်းသိရင်​ အစက
တည်းက ၃၀၀၀​​ပေးခဲ့ပါတယ်

ပစ္စည်းစစ်​​ပေမယ့်
ရောင်းချင်​​နေမှန်းသိ​တော့
တမင်​သက်​သက်​နှိမ်​ဝယ်​တဲ့
နင်​ပဲလွန်​ခဲ့တာလား

၁၀၀​ပေး ​ပေမယ့်
၅၀ပဲတင်မယ်​ဆိုတာ မသိလို့
ရိုးသားစွာ​ပေးခဲ့တဲ့ငါပဲမှားခဲ့တာလား

သေချာတာတစ်​ခုက
မရင့်​ကျက်​​သေးတဲ့ နှလုံးသား​လေး ​သွေးအစက်​စက်​နဲ့
အစိမ်းကွဲကွဲ​နေပြီ

အချိန်​ဆိုတဲ့သမား​တော်
ကုသ​ပေးလို့​ ​ပျောက်​ခဲ့ရင်
တောင်​ အနာရွက်​က​တော့
သေရာပါမှာပါ

နှောင်းဖွဲ့​လေ​သော်

အောင်​လံမြို့နယ်​က
တောသား​လေး

No comments:

Post a Comment