Sunday, August 9, 2015

မိဘ ​တောနယ်​ကကိုထက်

မိဘ

ပုံပမာနှိုင်းဆို မြင့်မိုရ်တောင်ဟု
တင်စားသမုတ်ခေါ်ဆိုကြ၏
မိဘမေတ္တာ ဖွဲ့နွဲ့ကြသော်
ကမ္ဘာသာဝေ မကုန်ပေ....

မိဘမေတ္တာ စမ်းရေထက်ပင်အေးမြပါတယ်​.....
မိဘမေတ္တာ နေခြည်ထက်ပင်နွေးထွေးပါတယ်....
လောကတစ်ခွင် အမြတ်ဆုံးကမိဘ
ပေးဆပ်မှုအပြည့်နဲ့
အရာရာဖြည့်ဆည်းပေးနေတာမိဘ
ဘာနဲ့မှအစားထိုးလို့မရတာ
မိဘရဲ့သွေးချွေးဝါးဖတ်တော်က အဆီနှစ်ပါ
ဖြစ်နိုင်ရင် တစ်ကမ္ဘာလုံးကြားအောင်
အော်ပြောလိုက်ချင်တာက
နေ့ရက်တိုင်း....
အမေနေ့အဖေနေ့များ
သတ်မှတ်ပေးကြပါရယ်လို့.....

တောနယ်​ကကိုထက်

No comments:

Post a Comment