ဒိုင်ယာရီလေးရဲ့ငိုသံ
ဆောင်းညရဲ့ မာန်
နှင်းစက်ကျသံကြားတိုင်း
အလွမ်းတွေနဲ့မိတ်ဖွဲ့
သတိရတဲ့စိတ်တွေနဲ့
အချိန်တိုင်းတမ်းတ
မင်းကိုမေ့မရတဲ့အခါ....
ဆူညံခြင်းတွေကင်းမဲ့
တိတ်ဆိတ်ခြင်းတွေနဲ့အတူ
ဆောင်းညရဲ့သန်းခေါင်ယံ
ကလောင်တံကိုမာန်ပါပါကိုင်ရင်း
ကာယံမညီ သံစဉ်မပီတဲ့ကဗျာတွေကိုစပ်
အလွမ်းတွေထုံးဖွဲ့
သတိရခြင်းတွေ နှိုပ်စက်နေတဲ့
နှလုံးသားကို ...
ဒိုင်ယာရီ စာအုပ်ထဲထိုးသွင်း
ကြိတ်မှိတ်ခံစားရင်းနဲ့
မင်းမျက်နှာကို ပုံဖော်
မပီပြင်ပဲ ပြုံးပျော်ရင်း
အိပ်ပျက်ရတဲ့ ည ပေါင်း
ထောင်သောင်းမကတော့ဘူးလို့တောင်
ထင်လာခဲ့တယ်
တစ်နှစ်ဆိုတဲ့အချိန်
ခပ်မှိန်မှိန်ပျောက်ကွယ်ခဲ့ပေမယ့်
မင်းကို သတိရတိုင်းရေးဖွဲ့
ဒိုင်ယာရီ စာအုပ်ကလေးလဲ
ငိုနေပြီထင်ပါရဲ့......။
ထွန်းလင်းအောင်
(ကသာ)
ဆောင်းညရဲ့ မာန်
နှင်းစက်ကျသံကြားတိုင်း
အလွမ်းတွေနဲ့မိတ်ဖွဲ့
သတိရတဲ့စိတ်တွေနဲ့
အချိန်တိုင်းတမ်းတ
မင်းကိုမေ့မရတဲ့အခါ....
ဆူညံခြင်းတွေကင်းမဲ့
တိတ်ဆိတ်ခြင်းတွေနဲ့အတူ
ဆောင်းညရဲ့သန်းခေါင်ယံ
ကလောင်တံကိုမာန်ပါပါကိုင်ရင်း
ကာယံမညီ သံစဉ်မပီတဲ့ကဗျာတွေကိုစပ်
အလွမ်းတွေထုံးဖွဲ့
သတိရခြင်းတွေ နှိုပ်စက်နေတဲ့
နှလုံးသားကို ...
ဒိုင်ယာရီ စာအုပ်ထဲထိုးသွင်း
ကြိတ်မှိတ်ခံစားရင်းနဲ့
မင်းမျက်နှာကို ပုံဖော်
မပီပြင်ပဲ ပြုံးပျော်ရင်း
အိပ်ပျက်ရတဲ့ ည ပေါင်း
ထောင်သောင်းမကတော့ဘူးလို့တောင်
ထင်လာခဲ့တယ်
တစ်နှစ်ဆိုတဲ့အချိန်
ခပ်မှိန်မှိန်ပျောက်ကွယ်ခဲ့ပေမယ့်
မင်းကို သတိရတိုင်းရေးဖွဲ့
ဒိုင်ယာရီ စာအုပ်ကလေးလဲ
ငိုနေပြီထင်ပါရဲ့......။
ထွန်းလင်းအောင်
(ကသာ)
No comments:
Post a Comment