Thursday, August 6, 2015

ဖေါ်ကွဲငှက်ရွှေဂျိုးဖြူ 💑 ဇော်ဇော်အောင်

ဖေါ်ကွဲငှက်ရွှေဂျိုးဖြူ

တွန်သံသာတဲ့ ရွှေဂျိုးဖြူရယ်
လွမ်းသံနှောလို့ လွင်ပြာငယ်
ကမ်းလှမ်းဘယ်ဆီ မှန်းမျှော်ရည်လို့
မျက်ဝန်းငယ်နီ ဟစ်ကြွေးမြည်လည်း
သူ့မှာချစ်ဖေါ် ပေါ်မလာဘူး

နေဝန်းနီပျောက် အမှောင်လွှမ်းတော့
ဖိုသဲရင်မှာ တစ်​ကိုယ်​သာတည်း
ညဥ့်ဦးညဥ့်ယံ မိုးသောက်ယံထိ
လွမ်းနာမိလို့အိပ်ရရှာ၏

အတိတ်ကံပေး ဂျိုးဖြူလေးမှာ
စိတ်ဝေဒနာ ပြည့်လျှံစွာနဲ့
မကြင်သူ့ဒဏ်​ ခံရလေပြီး
ရင်ကွဲနာကျ သေရှာလေပြီ
ဂျိုးဖြူလည်းပျောက်
ကူသံပျောက်ခါ
ခုတော့....ဒို့မှာသနားပါ၏ ။

(နေပြည်တော် လယ်ဝေးမြို့)
ဇော်ဇော်အောင် မြန်မာစာ
ရင်တွင်းဖြစ်များ

No comments:

Post a Comment