Friday, August 7, 2015

ပထမဦးဆုံး..... မိုးသစ်စ(ကဗျာချစ်သူ)

ပထမဦးဆုံး.....

ချစ်သူ
ငါ့အနားမှာ မင်းမရှိလဲ
ငါ့အတွေးထဲမှာ မင်းရှိတယ်

မင်းနဲ့မတွေ့ရလဲ ငါ့အိမ်မက်ထဲမှာ
မင်းနဲ့တွေ့တယ်

ဘယ်လောက်ပဲအနေဝေးနေပါစေ...ချစ်သူ
အနေဝေးလို့သွေးအေးတတ်တယ်ဆိုပေမယ့်
အချစ်တွေနီးနေသမျှတော့
တို့နှစ်ယောက်အချစ်မဝေးနိုင်ပါဘူးချစ်သူရယ်

ချစ်သူရေ.....
သတိရလို့ဖုန်းဆက်တာပဲဖြစ်ဖြစ်
သတိရလို့စာပို့တာပဲဖြစ်ဖြစ်
ချစ်တယ်ဆိုတဲ့စကားကို
အရင်ဆုံးပြောပါ
အရင်ဆုံးရေးပါချစ်သူ....

မိုးသစ်စ(ကဗျာချစ်သူ)

No comments:

Post a Comment