အရှုံးသမားငါ့ဘဝရဲ့နောက်ဆုံးရှိုက်သံ
အကြင်နာတစ်ဖက်ကမ်းမှာ
နင်သာလက်လှမ်းမယ်ဆို
ရင်မှာမပြတ်နွမ်းခြောက်ပါစေ
ငါအရောက်လှမ်းခဲ့မှာပါ
အခုတော့
အိပ်ပျော်မြဲဖြစ်တဲ့
ငါ့နှစ်လုံးသားထဲကို
မဖိတ်ခေါ်ဘဲ
နင်ဝင်လာခဲ့တယ် မဟုတ်လား
သိပ်ပျော်နေဆဲ
ငါ့အိမ်မက်တွေကိုလည်း
အပျင်းပြေ
မင်းနင်းချေခဲ့လို့
ရှင်လျှက်သေနေတဲ့
ငါ့ဘဝကို
မြင်လျှက်နဲ့
နေရက်တယ်---ချစ်သူ
တစ်ဘဝတာအပြစ်ဖွဲ့ပေးလို့
ထာဝရအချစ်နဲ့ဝေးခဲ့ရတဲ့
ငါဟာ
နွေကမ္ဘာတစ်ဖက်ကမ်းရဲ့
ဝေဒနာလမ်းမှာ
မပြေသာအလွမ်းတွေနဲ့
ရှင်သန်နေဆဲပဲဆိုတာယုံပါ။
ခက်ထန်ကြမ်းတမ်းတဲ့
ငါ့ဘဝမှာ
လန်းစန်းတဲ့
အချစ်စစ်ကို
ရှာခဲ့ပေမယ့်
အကြင်နာမဲ့တဲ့
အပြုံးများနဲ့
နင်လာခနဲ့တဲ့အသုံးစကားကြောင့်
နှလုံးသားပြိုကွဲ
အရှုံးသမားငိုဆဲပါ
ကောင်မလေး။
မောင်ကေ(သောတုဇန)
အကြင်နာတစ်ဖက်ကမ်းမှာ
နင်သာလက်လှမ်းမယ်ဆို
ရင်မှာမပြတ်နွမ်းခြောက်ပါစေ
ငါအရောက်လှမ်းခဲ့မှာပါ
အခုတော့
အိပ်ပျော်မြဲဖြစ်တဲ့
ငါ့နှစ်လုံးသားထဲကို
မဖိတ်ခေါ်ဘဲ
နင်ဝင်လာခဲ့တယ် မဟုတ်လား
သိပ်ပျော်နေဆဲ
ငါ့အိမ်မက်တွေကိုလည်း
အပျင်းပြေ
မင်းနင်းချေခဲ့လို့
ရှင်လျှက်သေနေတဲ့
ငါ့ဘဝကို
မြင်လျှက်နဲ့
နေရက်တယ်---ချစ်သူ
တစ်ဘဝတာအပြစ်ဖွဲ့ပေးလို့
ထာဝရအချစ်နဲ့ဝေးခဲ့ရတဲ့
ငါဟာ
နွေကမ္ဘာတစ်ဖက်ကမ်းရဲ့
ဝေဒနာလမ်းမှာ
မပြေသာအလွမ်းတွေနဲ့
ရှင်သန်နေဆဲပဲဆိုတာယုံပါ။
ခက်ထန်ကြမ်းတမ်းတဲ့
ငါ့ဘဝမှာ
လန်းစန်းတဲ့
အချစ်စစ်ကို
ရှာခဲ့ပေမယ့်
အကြင်နာမဲ့တဲ့
အပြုံးများနဲ့
နင်လာခနဲ့တဲ့အသုံးစကားကြောင့်
နှလုံးသားပြိုကွဲ
အရှုံးသမားငိုဆဲပါ
ကောင်မလေး။
မောင်ကေ(သောတုဇန)
No comments:
Post a Comment