Thursday, November 20, 2014

ကိုယ့်အဖြစ် ✏ အောင်ကောင်းကင်

ကိုယ့်အဖြစ်

ညဆိုရင်ကြောက်တတ်တဲ့
ညီမအတွက် ညရောက်တိုင်း
ညီမတစ်ခုခုဖြစ်မလားဆိုတဲ့
ကိုယ့်ရဲ့စိတ်တွေက ကိုယ့်ကို
ကြောက်ရွံ့စေခဲ့တယ်

ညီမနေမကောင်းတဲ့ညတွေမှာ
အဖျားတွေတက်ပြီး
အိပ်လို့မှပျော်ပါ့မလားလို့
ကိုယ်တွေးပြီး ညတိုင်း
အိပ်ရေးပျက်ခဲ့ရတယ်

ကိုယ်နေမကောင်းတိုင်းလည်း
ကိုယ့်အတွက်စိတ်များပူနေမလားလို့
တွေးမိတိုင်း
ကိုယ့်စိတ်တွေလှုပ်ရှားခဲ့ရတယ်

ညီမကိုမိဘတွေမုန်းတိုင်း
ညီမစိတ်အားငယ်ပြီး
ငိုနေမလားလို့စဉ်းစားမိတိုင်း
မျက်ရည်ဝေ့ခဲ့ရတယ်

ကိုယ့်မှာညတိုင်းစက္ကန့်နာရီတွေကို အဖော်ပြုပြီး
အလွမ်းတွေကိုအဖော်ပြုလို့
ညီမဖုန်းလေးကိုမျှော်နေမိတယ်
ကိုယ့်ချစ်တဲ့ညီမအတွက်
ကိုယ့်ရဲ့ပျော်ရွှင်မူ့
ကိုယ့်ရဲ့အနာဂတ်အားလုံးကို
ညီအတွက်ပုံအော
ပေးအပ်ထားပါတယ်ညီမရယ်
ရင်ထဲကအချစ်သူသိပါစေ

အောင်ကောင်းကင်
နတ္တလင်း

No comments:

Post a Comment