ရနံ့ပျောက်နေတဲ့
နှင်းဆီပွင့်လေးတွေရယ်
နွမ်းခြောက်နေတဲ့
ခရေကုံးလေးတွေရယ်
ဒါတွေပါပဲ ချစ်သူရယ်
ရင်ပွင့်မတတ် ချစ်ခဲ့ပေမဲ့
ရင်ဖွင့်မချစ်ရဲခဲ့လေတော့
ငါ့ သံယောဇဉ်တွေကို
စည်းတားဘောင်ခတ်ရင်း
ခပ်စိမ်းစိမ်း နေခဲ့ရခြင်းပါ
သိပါသလား ချစ်သူ
ဒီလောကကြီးထဲက ပေါ့ပျက်ပျက် လူတစ်ယောက်ရဲ့ ရင်ထဲမှာ
မင်းအကြောင်းတွေ လေးလေးနက်နက် ရှိနေတယ် ဆိုတာကိုပေါ့
သေချာပါတယ်
မင်းသိရုံသက်သက်ချစ်ခဲ့တာ
မဟုတ်ဘူးဆိုတာကိုပေါ့
နေဝန်းသစ်
နှင်းဆီပွင့်လေးတွေရယ်
နွမ်းခြောက်နေတဲ့
ခရေကုံးလေးတွေရယ်
ဒါတွေပါပဲ ချစ်သူရယ်
ရင်ပွင့်မတတ် ချစ်ခဲ့ပေမဲ့
ရင်ဖွင့်မချစ်ရဲခဲ့လေတော့
ငါ့ သံယောဇဉ်တွေကို
စည်းတားဘောင်ခတ်ရင်း
ခပ်စိမ်းစိမ်း နေခဲ့ရခြင်းပါ
သိပါသလား ချစ်သူ
ဒီလောကကြီးထဲက ပေါ့ပျက်ပျက် လူတစ်ယောက်ရဲ့ ရင်ထဲမှာ
မင်းအကြောင်းတွေ လေးလေးနက်နက် ရှိနေတယ် ဆိုတာကိုပေါ့
သေချာပါတယ်
မင်းသိရုံသက်သက်ချစ်ခဲ့တာ
မဟုတ်ဘူးဆိုတာကိုပေါ့
နေဝန်းသစ်
No comments:
Post a Comment