ခွင့်လွှတ်ပါတယ် "ဧရာဝတီ "
တံလျှပ်ကို ရေထင်
ရွှေသမင် အလိုက်မှား
ငမိုက်သားက ကိုယ်ပါပဲ ဧရာဝတီ
ရေဇလာဆီကို တိုင်တည်ပေမယ့်
ဧရာဝတီ မင်းကတော့ မသိရှာတော့
အချစ်ညာမိသူကလဲ ကိုယ်ပါပဲ
နဂိုသာမြဲ ချစ်ခဲ့ပေမယ့်
အပြစ်မဲ့တဲ့နှလုံးသားကို
ဧရာဝတီရယ်.....မင်း
အသဲခွဲရက်တယ်နော်
ခွင့်လွှတ်ပါတယ် ဧရာဝတီ
စွဲမြဲစွာ ချစ်ခဲ့မိသူတစ်ယောက်ရဲ့
အသဲထဲမှာ ထာဝစဉ်ကိန်းနေမယ့်သူက
မင်းပါပဲ ဧရာဝတီ...
သစ္စာတွေ ဖောက်လွှဲ
မေတ္တာတွေ ခြောက်မွဲသွားခဲ့ပေမယ့်
တစ်ယောက်ထဲ အသဲကွဲရင်း
ဧရာဝတီရယ်.....မင်းကိုတော့
ကိုယ်က ထာဝရချစ်နေဆဲပါပဲ.....
မင်းဝေ(မန်းလေး)
တံလျှပ်ကို ရေထင်
ရွှေသမင် အလိုက်မှား
ငမိုက်သားက ကိုယ်ပါပဲ ဧရာဝတီ
ရေဇလာဆီကို တိုင်တည်ပေမယ့်
ဧရာဝတီ မင်းကတော့ မသိရှာတော့
အချစ်ညာမိသူကလဲ ကိုယ်ပါပဲ
နဂိုသာမြဲ ချစ်ခဲ့ပေမယ့်
အပြစ်မဲ့တဲ့နှလုံးသားကို
ဧရာဝတီရယ်.....မင်း
အသဲခွဲရက်တယ်နော်
ခွင့်လွှတ်ပါတယ် ဧရာဝတီ
စွဲမြဲစွာ ချစ်ခဲ့မိသူတစ်ယောက်ရဲ့
အသဲထဲမှာ ထာဝစဉ်ကိန်းနေမယ့်သူက
မင်းပါပဲ ဧရာဝတီ...
သစ္စာတွေ ဖောက်လွှဲ
မေတ္တာတွေ ခြောက်မွဲသွားခဲ့ပေမယ့်
တစ်ယောက်ထဲ အသဲကွဲရင်း
ဧရာဝတီရယ်.....မင်းကိုတော့
ကိုယ်က ထာဝရချစ်နေဆဲပါပဲ.....
မင်းဝေ(မန်းလေး)
No comments:
Post a Comment