Sunday, November 30, 2014

မချစ်တတ်သူသို့.... ✏ လျှို့ဝှက်လွမ်း

မချစ်တတ်သူသို့. (လျှို့ဝှက်လွမ်း)

ဥသြမတွန်
စမ်းမသွန်တဲ့
ရွက်ခြောက်သာကြွေ
ပန်းမဝေသော
ကန္တာရနှလုံးသား
အမုန်းများခံရာဒေသ
မေကတော့ဘယ်စာနာနိုင်ပါ့ 
တစ်နေ့တစ်ချိန်
အချစ်နဲ့တွေ့ချိန်မှာ
စာနာသနား
အချစ်များနဲ့
ကိုယ့်နှလုံးသားမှာ
နားလှည့်ပါ့ 

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)

No comments:

Post a Comment