Sunday, November 30, 2014

အတွေးမမှားပါနဲ့ ✏ စနိုး ( နတ်မောက် )

အတွေးမမှားပါနဲ့

အတိတ်ဆိုတာ လွမ်းနေဖို့မလိုဘူး
မကောင်းသော အတိတ်ကို
အနာဂတ်မှာ သယ်ဆောင်ခြင်းဟာ
အောင်မြင်ခြင်းကို ဖျက်ဆီးခြင်းပဲ
အတိတ်ကို အတိတ်မှာပဲ ထားခဲ့လိုက်
အနာဂတ်အတွက်တွေးပြီး
ပစ္စုပ္ပန်မှာ ကြိုးစားကြည့်လိုက်ပါ
အောင်မြင်မူတွေရပြီး
ပျော်ရွှင်ခြင်းတွေကို ခံစားရမှာပါ
တန်ဖိုးရှိတဲ့ အချိန်တွေကို
မဖြုန်းမိပါစေနဲ့

စနိုး ( နတ်မောက် )

No comments:

Post a Comment