Sunday, November 30, 2014

ဒီဆောင်းသို့ရောက်ပြန်ပြီ(ထက်ဝေလျှံ)

ဒီဆောင်းသို့ရောက်ပြန်ပြီ(ထက်ဝေလျှံ)

ကောင်မလေးရေ
နှုတ်မဆက်ဘဲမင်းထားသွားခဲ့တယ်နော်
မလုံခြုံတဲ့အကာအရံနဲ့
ခင်းကျင်းထားတဲ့ငါ့ပတ်ဝန်းကျင်မှာ
နွေးထွေးမှုကိုရှာဖွေရင်း
မလုံလောက်တဲ့အနွေးဓာတ်လေးကိုပဲ
ငါဖက်တွယ်နေမိခဲ့တယ်
ပြက္ခဒိန်တွေတစ်ခုပြီးတစ်ခုလဲခဲ့လည်း
မပြောင်းလဲတဲ့ဝေဒနာမီးတွေက
တစ်စတစ်စလောင်ကျွမ်းရင်း
ဒီဆောင်းသို့တဖန်ရောက်ပြန်ပြီ
ဆောင်းရဲ့အအေးက
ငါ့ရင်ကိုမအေးမြနိုင်ဘူးလေ
ငါဟာကံခေသူတစ်ယောက်လို့ပြောရမလား
အချစ်ဆိုတာနဲ့မအပ်စပ်သူလို့ပြောရမလား
တကယ်တော့
ကိုယ့်အကြောင်းကိုသိနေပေမယ့်
ကမ္ဘာဦးအစကတည်းက
ရှင်သန်ပေါက်ဖွားလာခဲ့တဲ့
ချစ်ခြင်းဆိုတဲ့နိယာမတရားကိုတော့
ှလျှို့ဝှက်သိမ်းဆည်းမထားနိုင်ခဲ့သူပါ
အသွင်မတူတဲ့စည်းတစ်ခုက
ငါတို့နှစ်ယောက်အကြားမှာ
ခြားကွယ်နေလေတော့
အချစ်ဆိုတာကိုရင်မှာသိုဝှက်ပြီး
အရှက်တရားနဲ့ကိုယ်ကျင့်သိက္ခာဆိုတဲ့
လူ့ကျင့်ဝတ်နဲ့စတေးနေရတယ်
အနေကြပ်တဲ့ဘဝဟာ
ငရဲခံနေရသလိုပါပဲ
ပျော်ရွှင်မှုဆိုတဲ့ဆန္ဒကို
လူတိုင်းတောင်းတနေကြတယ်လေ
ဒါပေမဲ့
ပျော်ရွှင်မှုသက်သက်နဲ့
မင်းဘဝထဲငါမလာချင်သလို
ငါ့ဘဝထဲကိုလည်းရောက်မလာစေချင်ဘူး
ငါဟာမင်းအတွက်ပြည့်စုံမှုတစ်ခုပါ
ထပ်လောင်းပေးချင်တဲ့သူပါ။

No comments:

Post a Comment