အရင်အတိုင်းပါပဲ.....
ဘယ်ဆီမှာများ ပုန်းလို့ရှောင်နေသလဲကွယ်
မကြင်နာသူကြီးရယ်လို့ အထင်လွဲပြီး
မုန်းတော်မမူလိုက်ပါနဲ့...
တမင်တကာ စိမ်းလို့တိမ်းလို့
ရှောင်ခဲ့တာကနင်ပါဟာ
ခြေရာလည်းဖျောက်
ရေလည်းနှောက်ခဲ့တဲ့
နင့်နောက်ကိုလိုက်ရင်းဝေးပြီး
ရင်ကွဲမတတ်ခံစားရတာက ငါပါ
မိဘတွေကြောင့်နောက်ဆုတ်နေပေမဲ့
ငါ့ နှလုံးသားထဲမှာနင်က
အရင်အတိုင်းပါပဲ
ရေစက်ရယ်မကုန်
ကံကြမ္မာရယ်တွေ့ခွင့်ကြုံလာပြန်တော့လည်း
မလာနိုင်အားတဲ့ငါ့ကို
နင်အထင်လွဲပြီး ထွက်ပြေးလို့
ပုန်းရှောင်နေခဲ့တာကို
ငါဘယ်လိုပြောရမှာလဲ ချစ်သူရယ်
နှင်းတွေနဲ့အတူ ကျခဲ့တဲ့
ငါ့ရဲ့ အလွမ်းမျက်ရည်တွေက
ငါ့နှလုံးသားထဲမှာတောင်
စမ်းချောင်းလေး ဖြစ်လို့နေပြီ
ချစ်သူရယ် မခမ်းနိုင်တဲ့
စမ်းရေတွေနဲ့အပြိုင်
ငါ့နှလုံးသားထဲက
ချစ်ခြင်းမေတ္တာတွေကလဲ
တစ်ကမ္ဘာခြားခဲ့ရင်တောင်
နင် ကိုပဲ ချစ်လို့နေမယ်ဆိုတာ
နင်သိအောင် ငါ ပြောလိုက်ပါရစေ....
ချစ်သူရယ်
မပြောင်းလဲသော အချစ်များနဲ့ပါ
နိုင်နိုင်ရယ်
စနိုး
ဲ
ဘယ်ဆီမှာများ ပုန်းလို့ရှောင်နေသလဲကွယ်
မကြင်နာသူကြီးရယ်လို့ အထင်လွဲပြီး
မုန်းတော်မမူလိုက်ပါနဲ့...
တမင်တကာ စိမ်းလို့တိမ်းလို့
ရှောင်ခဲ့တာကနင်ပါဟာ
ခြေရာလည်းဖျောက်
ရေလည်းနှောက်ခဲ့တဲ့
နင့်နောက်ကိုလိုက်ရင်းဝေးပြီး
ရင်ကွဲမတတ်ခံစားရတာက ငါပါ
မိဘတွေကြောင့်နောက်ဆုတ်နေပေမဲ့
ငါ့ နှလုံးသားထဲမှာနင်က
အရင်အတိုင်းပါပဲ
ရေစက်ရယ်မကုန်
ကံကြမ္မာရယ်တွေ့ခွင့်ကြုံလာပြန်တော့လည်း
မလာနိုင်အားတဲ့ငါ့ကို
နင်အထင်လွဲပြီး ထွက်ပြေးလို့
ပုန်းရှောင်နေခဲ့တာကို
ငါဘယ်လိုပြောရမှာလဲ ချစ်သူရယ်
နှင်းတွေနဲ့အတူ ကျခဲ့တဲ့
ငါ့ရဲ့ အလွမ်းမျက်ရည်တွေက
ငါ့နှလုံးသားထဲမှာတောင်
စမ်းချောင်းလေး ဖြစ်လို့နေပြီ
ချစ်သူရယ် မခမ်းနိုင်တဲ့
စမ်းရေတွေနဲ့အပြိုင်
ငါ့နှလုံးသားထဲက
ချစ်ခြင်းမေတ္တာတွေကလဲ
တစ်ကမ္ဘာခြားခဲ့ရင်တောင်
နင် ကိုပဲ ချစ်လို့နေမယ်ဆိုတာ
နင်သိအောင် ငါ ပြောလိုက်ပါရစေ....
ချစ်သူရယ်
မပြောင်းလဲသော အချစ်များနဲ့ပါ
နိုင်နိုင်ရယ်
စနိုး
ဲ
No comments:
Post a Comment