Tuesday, November 25, 2014

ခင်ကြည်ယောက်ျား ကိုနေကို( တောင်ကြီး)

ခင်ကြည်ယောက်ျား

ကုတ်သွေးမစုတ် တို့ဗိုလ်ချုပ်က
အနေစုတ်လည်း ရွှေထုပ်ပဝါ
ကမ္ဘာအလယ်မှာ ဝင့်ထည်ခဲ့တယ်
သူငယ်ချင်း။

ကုတ်သွေစုတ်တဲ့
ဟိုး. .လူရှုပ်တွေက
အနေမစုတ် သမိုင်းအစုတ်နဲ့
အထုပ်ပိုက်ကာ ကမ္ဘာအလယ်မှာရွံစရာ။

ခင်ကြည်ယောက်ျား ဗိုလ်စစ်သားက
ကိုယ်ကျိုးအတွက် အပ်တစ်ချောင်းတောင်
မယူခဲ့ဘူး။
ဒါပေမဲ့. . . .ယူသွားတာ. . . .
မင်းတာ မင်းတို့ ငါတို့ နှလုံးသား။

စိန်ခင် မြေခင် ဂုဏ်ခင်ယောက်ျား
ဟိုး ...လူရမ်းကားတွေကတော့
ကိုယ့်အကျိုးအတွက်"ဆယ်သက်"စာကို
ယူသွားရက်တယ်။
ဒါပေမဲ့ . . .မယူနိင်တာ. . . .
မင်းတို့ ...ငါတို့ နှလုံးသား . . . . .

ကိုနေကို( တောင်ကြီး)

No comments:

Post a Comment