Sunday, November 30, 2014

အမေ့မျက်နှာ ✏ အောင်ကောင်းကင်

*အမေ့မျက်နှာ*

ကောင်းကင်စကြာဝဠာမှာ
မရေတွက်နိုင်တဲ့ကြယ်တာရာတွေ
အများကြီးရှိပေမယ့်
လမင်းလောက်ဘယ်သူမှ
မသာနိုင်ပါဘူး။
အမှောင်ညရောက်လေ
လမင်းကိုတမ်းတလေပါပဲ

သားအတွက်ကတော့
လူ့လောကကြီးထဲမှာ
မျက်နှာတွေအများကြီးရှိပေမယ့်
အမေ့မျက်နှာလောက်
ဘယ်သူမှ မလှနိုင်ပါဘူး--
ဘဝတိုက်ပွဲကိုရောက်လေလေ
အမေ့ကိုမြင်ယောင်မိလေပါပဲ အမေရယ်.---


အောင်ကောင်းကင် နတ္တလင်း

No comments:

Post a Comment