Sunday, November 30, 2014

အပြစ်​မမြင်​ ✏ စမ္ပာယ်​မြိုင်​} နီတာ

အပြစ်​မမြင်

မချစ်​ဘူးလို့အခါခါဆို
မုန်းပါတယ်​လို့အကြိမ်​ကြိမ်​​ပြောလဲ
အပြစ်​မပဲမြင်​ချစ်​ခင်​ဆဲပါ......
မင်းရဲ့အမုန်းဒဏ်​ရာ​တွေဗလပွနဲ့ 
ဖြေမ​အောင်​နာကျင်​​နေလဲ
အပြစ်​မတိုး မြတ်​နိုး​နေဆဲပါ....
သင်းရနံ့​မွှေးပျံ့တဲ့
ပန်းတစ်​ပွင့်​ရဲ့ ရနံ့ကို
ခူးနမ်းခွင့်​မရှိလဲ
လေအ​ဝှေ့မှာလွင့်​ပါတဲ့
ရနံ့မျိုးကို
နှစ်​ဆတိုးလို့တန်​ဖိုးထားဆဲပါ.....
အရာရာအပြစ်​မမြင်​တဲ့
ငါ့ကို မချစ်​ခင်​လဲ
တစ်​ဖက်​သက်​အချစ်​နဲ့
ထာဝရလွမ်းရစ်​​နေမှာပါ........."

စမ္ပာယ်​မြိုင်​} နီတာ


No comments:

Post a Comment