ဘယ်လိုမှမေ့မရပါလား
ညီမလေးရယ်
နေစွယ်ညိုလို့
မိုးချုပ်တာဟာ
မဆန်းပါဘူး
ချစ်ရဲပြီပဲ
မုန်းလည်းမုန်းရဲမှာပေါ့
မေ့ပျောက်ရတာဟာ
ခက်လှပါတယ်လို့
ဘယ်သူပြောနိုင်မှာလည်း
သူမုန်းရဲပြီပဲ
ကိုယ်လည်းမေ့ရဲရမှာပေါ့
ထာဝရဆိုရင်တော့
တဒင်္ဂအတွက်
ဆန့်ကျင်ဘက်
သူရက်စက်တိုင်း
ကိုယ်စိတ်ပျက်ရမှာလား
သူနဲ့ကိုယ်ဟာ
ဟိုအခါက
သူစိမ်းပဲဆို
ခုလည်းဟိုအခါကလိုပေါ့
ခုတော့မဟုတ်
မိုမချုပ်နိုင်
ငုတ်တုတ်မှိုင်ငေး
လွမ်းဆွေးတမ်းတ
စိတ်ပျက်ညများ
မမုန်းရဲ မမေ့ရဲ
အမြဲသတိရ
အို---ဘယ်လိုမှမေ့မရပါလား
ညီမလေးရယ်။
မောင်ကေ(သောတုဇန)
ညီမလေးရယ်
နေစွယ်ညိုလို့
မိုးချုပ်တာဟာ
မဆန်းပါဘူး
ချစ်ရဲပြီပဲ
မုန်းလည်းမုန်းရဲမှာပေါ့
မေ့ပျောက်ရတာဟာ
ခက်လှပါတယ်လို့
ဘယ်သူပြောနိုင်မှာလည်း
သူမုန်းရဲပြီပဲ
ကိုယ်လည်းမေ့ရဲရမှာပေါ့
ထာဝရဆိုရင်တော့
တဒင်္ဂအတွက်
ဆန့်ကျင်ဘက်
သူရက်စက်တိုင်း
ကိုယ်စိတ်ပျက်ရမှာလား
သူနဲ့ကိုယ်ဟာ
ဟိုအခါက
သူစိမ်းပဲဆို
ခုလည်းဟိုအခါကလိုပေါ့
ခုတော့မဟုတ်
မိုမချုပ်နိုင်
ငုတ်တုတ်မှိုင်ငေး
လွမ်းဆွေးတမ်းတ
စိတ်ပျက်ညများ
မမုန်းရဲ မမေ့ရဲ
အမြဲသတိရ
အို---ဘယ်လိုမှမေ့မရပါလား
ညီမလေးရယ်။
မောင်ကေ(သောတုဇန)
No comments:
Post a Comment