Tuesday, November 25, 2014

အလွမ်းလှေ ✏ မောင်ဥာဏ်လင်းရောင်

အလွမ်းလှေ
…………………
ပိတုန်းရောင်သန်းတဲ့ ဆောင်းညဟေမန္တာ
ဝင့်ဖြာကျတဲ့ ငွေရောင်လရိပ်နဲ့
ညပန်းချီလှကို တန်ဆာဆင်
အေးမြတဲ့ လထက်ရင်ခွင်မှ
တေးဖက်ကာပြောသည့် ရေခဲပမာ
ဖြူချောပါ သူ့ ပြုံးအလှတွေနဲ့
မာနကိုတဲ့ဘဝဂ်တင်
ရှုမြင်သူရူးမလောက်အောင်
မေးထောက်ခံ အလှရှင်
ဆောင်းညရဲ့အလှသခင်ပါလို့
သူ့ အထင် ပြောခဲ့ပေမဲ့.....
ကျောက်စိမ်းရောင် ရှေ့တောင်တန်းဆီက
လှမျက်နှာ ရွှေရောင်သနပ်ခါးနဲ့
နှုတ်ခမ်းနီမသုံးပဲ ရဲရဲနီ
ပြုံးနှင်းဆီ နေခြည်တွေ့တော့
နွေရာသီ သူ့ရင်ခွင်မျိုး
မုတ်သုန်မိုး ပြိုစွေသည့်သွင်
ငေးကြည့်ရင်း မျက်ရည်သွန်လာ
မြစ်ဧရာ သူ့အသဲ နှလုံး
ရင်တစ်ခုလုံး သမုဒ္ဒရာနှင့်
ကြင်သူကယ် ချစ်သူကမ်းဆီသို့
နောက်ဆုံးတော့.....
အလွမ်းလှေကလေးနဲ့ ပဲ
လှော်နေရရှာပါလား...
မောင်ဥာဏ်လင်းရောင်{ရွှေသင်း}

No comments:

Post a Comment