Sunday, November 30, 2014

သူငယ်ချင်း(ကျော်နှင်းဆီ)

သူငယ်ချင်း(ကျော်နှင်းဆီ )

သူငယ်ချင်း
ဟိုအရင်အချိန်က
ကြေကွဲခြင်းတွေကို
မေ့ပစ်လိုက်တော့
ဘဝဆိုတာဒီလိုပါပဲ
အောင်မြင်မှုထက်
ရှုံးနိမ့်မှုကပိုများတယ်
ဒါကလည်းတကယ်တော့
မဆန်းကြယ်လှပါဘူး
လူတိုင်းကြုံတွေ့ရတာပဲ
အက်ကြောင်းဆိုတာ
လူတိုင်းမှာရှိတယ်
့မင်းတစ်ယောက်တည်း
ခံစားရတာမဟုတ်ပါဘူး
ဒီတော့
အားတင်းပြီး
ဆက်လျှောက်နော်

No comments:

Post a Comment