Thursday, November 20, 2014

ညီမလေးဖတ်ဖို့"၅"(လျှို့ဝှက်လွမ်း)

ညီမလေးဖတ်ဖို့"၅"(လျှို့ဝှက်လွမ်း)

ဖြစ်ခဲ့သမျှအားလုံးကို
မှားပါတယ်လို့ ဝန်ခံခြင်းပြုလို့
ကိုယ့်ခြေလှမ်းတွေရှေ့မတိုးမိအောင်
ကိုယ်ကိုတိုင်ရိုက်ချိုးပြီး
တိုးတိုးလေးပဲ ငိုကြွေးမိတယ်
အရမ်းချစ်ခဲ့ပေမယ့်
အနမ်းမဖြစ်ခဲ့တဲ့
အလွမ်းဒဏ်ရာတွေက
ကိုယ့်အသဲကိုခြေမွ
မြေခစေခဲ့ပြီ ညီမလေး
ဟိုအတိတ်ဝေဒနာတွေဟာ
မရေရာပါပဲ
သူ့နေရာသူဖြန့်ခင်းရင်း
အိပ်မပျော်တဲ့နတ်ဆိုးကို
ရိုးမယ်ဖွဲ့နေရတယ်
သိပ်ချစ်ပါတယ် ညီမလေး
ဒါပေမယ့်
တိတ်တိတ်လေးရယ်ပါ

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)

No comments:

Post a Comment