မုသားသခင်ရဲ့အမုန်းရှင်
ည မှောင်မှောင် လ ကမသာပြီမို့
ချစ်သူကိုလည်း မတမ်းတပြီ
ကြယ်ရောင်လည်းမလင်း
တိမ်တွေလည်း ဖုံးအုပ်ခဲ့ပြီမို့
ရင်ထဲက အချစ်တွေကလည်း
မင်း အတွက် ဆိတ်သုဉ်းခဲ့ပြီ သခင်
မုသားတွေ အလီလီသုံးလို့
မင်းရဲ့ဟန်ဆောင် အချစ်တို့နဲ့အတူ
ငါ့ရဲ့ အချစ်တွေကလည်း
လေ နဲ့အတူ လွင့်ပါပြီ
အရာအားလုံး ပျောက်ကွယ်ကုန်ပြီ
သခင်အချစ်ကိုကစားလို့
သစ္စာမရှိ ကတိမတည်သူအတွက်
ကမ္ဘာကြီးပျက်စီးလို့သွားခဲ့ရင်တောင်
ငါ့ ရဲ့အမုန်းတွေက ဘယ်တော့မှ
ပျောက်ကွယ်လို့ ပျက်စီးသွားမှာ
မဟုတ်ဘူး မုသားသခင်
အဖြူလေး
ည မှောင်မှောင် လ ကမသာပြီမို့
ချစ်သူကိုလည်း မတမ်းတပြီ
ကြယ်ရောင်လည်းမလင်း
တိမ်တွေလည်း ဖုံးအုပ်ခဲ့ပြီမို့
ရင်ထဲက အချစ်တွေကလည်း
မင်း အတွက် ဆိတ်သုဉ်းခဲ့ပြီ သခင်
မုသားတွေ အလီလီသုံးလို့
မင်းရဲ့ဟန်ဆောင် အချစ်တို့နဲ့အတူ
ငါ့ရဲ့ အချစ်တွေကလည်း
လေ နဲ့အတူ လွင့်ပါပြီ
အရာအားလုံး ပျောက်ကွယ်ကုန်ပြီ
သခင်အချစ်ကိုကစားလို့
သစ္စာမရှိ ကတိမတည်သူအတွက်
ကမ္ဘာကြီးပျက်စီးလို့သွားခဲ့ရင်တောင်
ငါ့ ရဲ့အမုန်းတွေက ဘယ်တော့မှ
ပျောက်ကွယ်လို့ ပျက်စီးသွားမှာ
မဟုတ်ဘူး မုသားသခင်
အဖြူလေး
No comments:
Post a Comment