လေလွင်နေတဲ့ ဘဝ
အထီးကျန်နေတဲ့ အသည်း
ငိုကြွေးနေတဲ့ နှလုံးသားက
အရွယ်နဲ့ မမျှဘူး ကိုကို
ကလေးအရွယ်
ရူးမိုက်မူသက်သက်ရယ်လို့
ကိုကိုထင်ခဲ့ ရက်စက်ခဲ့တယ်
ဆယ်ကျော်သက်အရွယ်
ရင်ခုန်စွာစွဲလန်း
အမြဲတမ်း ရင်မှာချစ်ခဲ့
အိပ်ရာဝင်အတွေးများ
ကိုကိုဟာ မင်းသားပါပဲ
ရူးမိုက်တယ်ပဲ ဆိုဆို
အချိန်တိုင်းမှာ ကိုကို ကိုပိုလို့
ချစ်ခဲ့တယ် ကိုကို
ချစ်တာဟာ ရူးသလား
ချစ်ခဲ့တာဟာ အပြစ်တဲ့လား
အချစ်မှာ အရွယ်ရှိလား
ကိုကို ပြန်စဉ်စား
ဒါပေမဲ့ ရက်စက်တဲ့
နှလုံးသား ဆုံးဖြတ်ချက်အမှားနဲ့
အဝေးတစ်နေရာ ပြေးခွာလို့ရှောင်ပုန်း
အဲဒီတုန်းကအဖြစ် အိပ်မက်လို့ အချစ်ကို
နားမလည်ခဲ့....
ခုတော့ ကိုကိုရဲ့ အချစ်တွေနဲ့အတူ
လေလွင့်နေတဲ့ ဘဝ
အထီးကျန်နေတဲ့ အသည်း
ငိုကြွေးနေတဲ့ နှလုံးသားနဲ့အတူ
ယောင်္ကျားတွေရဲ့ အချစ်
မယုံဖြစ်တော့လို့ ခုထိငယ်လေး
လူကြီးမဖြစ်သေးဘူး ကိုကို
မိုးဦးငယ် ( နတ်မောက် )
အထီးကျန်နေတဲ့ အသည်း
ငိုကြွေးနေတဲ့ နှလုံးသားက
အရွယ်နဲ့ မမျှဘူး ကိုကို
ကလေးအရွယ်
ရူးမိုက်မူသက်သက်ရယ်လို့
ကိုကိုထင်ခဲ့ ရက်စက်ခဲ့တယ်
ဆယ်ကျော်သက်အရွယ်
ရင်ခုန်စွာစွဲလန်း
အမြဲတမ်း ရင်မှာချစ်ခဲ့
အိပ်ရာဝင်အတွေးများ
ကိုကိုဟာ မင်းသားပါပဲ
ရူးမိုက်တယ်ပဲ ဆိုဆို
အချိန်တိုင်းမှာ ကိုကို ကိုပိုလို့
ချစ်ခဲ့တယ် ကိုကို
ချစ်တာဟာ ရူးသလား
ချစ်ခဲ့တာဟာ အပြစ်တဲ့လား
အချစ်မှာ အရွယ်ရှိလား
ကိုကို ပြန်စဉ်စား
ဒါပေမဲ့ ရက်စက်တဲ့
နှလုံးသား ဆုံးဖြတ်ချက်အမှားနဲ့
အဝေးတစ်နေရာ ပြေးခွာလို့ရှောင်ပုန်း
အဲဒီတုန်းကအဖြစ် အိပ်မက်လို့ အချစ်ကို
နားမလည်ခဲ့....
ခုတော့ ကိုကိုရဲ့ အချစ်တွေနဲ့အတူ
လေလွင့်နေတဲ့ ဘဝ
အထီးကျန်နေတဲ့ အသည်း
ငိုကြွေးနေတဲ့ နှလုံးသားနဲ့အတူ
ယောင်္ကျားတွေရဲ့ အချစ်
မယုံဖြစ်တော့လို့ ခုထိငယ်လေး
လူကြီးမဖြစ်သေးဘူး ကိုကို
မိုးဦးငယ် ( နတ်မောက် )
No comments:
Post a Comment