Sunday, November 30, 2014

မိဘတိုင်းဆုံးမပေးကြပါ ✏ မောင်ကေ

မိဘတိုင်းဆုံးမပေးကြပါ

ဗုဒ္ဓဘာသာမိမာတာနှင့်
ပိတာဖခင်ကျေးဇူးရှင်တို့
ရင်မှဖြစ်သောသမီးချောကို
အပြစ်ကင်းစင်နုနယ်စဉ်၌
နောင်ခါအရေးဘဝင်အေးအောင်
အမျိုးပျက်မည့်အရေးတို့ကြောင့်
ဝံသတရားလက်ကိုင်ထား၍
အခါမရွေးဆုံးမပေးပါ။
တို့ပြည်မှာနေ တို့ရေကိုသောက်
ဆန်ရေစပါးယူသုံးစားလျှက်
ဥစ္စာပစ္စည်းအပိုင်စီးကာ
မောဟတဏှာ အဝိဇ္ဇာကြောင့်
မဖြောင့်စိတ်ထားကောက်ကျစ်များ၍
ကျွေးသောလက်ကိုက်ခွေးမိုက်ပမာ
သစ္စာမဲ့စွာလူယုတ်မာနှင့်
ရှောင်ကာကွေ့ကွင်းမပေါင်းသင်းအောင်
သတိတရားအမြဲထား၍
နေ့ညမဟူဆုံးမပေးကြပါ
မိခင်ဖခင်ကျေးဇူးရှင်တို့။

မောင်ကေ(သောတုဇန)

No comments:

Post a Comment