Wednesday, November 26, 2014

မဖြစ်နိုင်ပေမယ့် ချစ်နေနိုင်တယ် ✏ နေမင်းရဲ့ သားတော်

မဖြစ်နိုင်ပေမယ့် ချစ်နေနိုင်တယ်


တစ်ခြားသူနဲ့ သင်ကပျော်
ငါ့မှာကြတော့ လွမ်းလို့နော်
ချစ်တဲ့ စိတ်တွေ အပြည့်ထား
သင့်အကြောင်းနေ့စဉ် ငါ"စဉ်းစား"

"စဉ်းစား"ရင်းနဲ့ ဝမ်းနည်းချင်
ငါ စိတ်ထိမ်းရင်း စာတွေစဉ်
ချစ်သူသင် မချစ်ရင်ထား
ငါ ချစ်တာတော့ သင်"မတား"

"မတား"ပါနဲ့ ချစ်သူရယ်
ငါ့ အချစ်က စစ်လွန်းတယ်
သင့်လိုလေ ပစ်ကာထား
ငါ့ရဲ့ စိတ်တွေ "နေမအား"

"နေမအား"လို့ စာတွေစဉ်
သင်က အရူးလို့ထင်
ထင်ပါလေ ချစ်သက်ထား
ပေးဆပ်လျက်သာ ငါချစ်သွား။ ။

နေမင်းရဲ့ သားတော် (မြန်အောင်)

No comments:

Post a Comment