Tuesday, November 25, 2014

အချစ်ဦး သို့...... (နိုင်နိုင် သိစေဖို့) စနိုး

ဟေမာန်ဆောင်းကို
ရောက်ခဲ့ပြီမောင်ရယ်
ဒါပေမဲ့.....
မောင်နဲ့ပြန်ဆုံတွေ့ခွင့်
မရသေးဘူးနော်
လွမ်းတယ် မောင်ရယ်
နှင်းတွေဝေတိုင်း
မေ့နှလုံးသားထဲကအချစ်တွေက ပြန်လည်နိုးထလာခဲ့ကြတယ်
ရာသီစက်ဝန်းတွေတိုင်း
မောင့်ကိုချစ်ခဲ့ပါတယ် မောင်
ဒါပေမဲ့
ဆောင်းတစ်ညက မောင်ကိုပိုလွမ်းပြီး
ချစ်မိတယ်
စူးရှတောက်ပပြီး
လှပတဲ့ မျက်ဝန်းတစ်စုံကိုပေါ့
ဒီမျက်ဝန်းလေးကိုပဲ မေစွဲလန်းပြီး
ချစ်ခဲ့မိတာ နှင်းတွေနဲ့အတူ
ဝေးခဲ့ကြသလို နှင်းတွေနဲ့အတူပြန်ဆုံချင်ပါတယ်မောင်
အလွမ်းတွေကိုပန်းလိုမပန်ပါရစေနဲ့
ဒီဆောင်းနဲ့အတူ မေ့
ရင်မှာ အေးချမ်းချင်ပါတယ် မောင်
မောင်ရင်ထဲမှာ မေ အမြဲရှိနေသလို
မေ ရင်ထဲမှာလဲ မောင်အမြဲ
ရှိနေခဲ့ပါတယ် မောင်ရယ်

ပြန်ဆုံဖို့ မျှော်လင့်လျှက်

(နိုင်နိုင် သိစေဖို့)

စနိုး နတ်မောက်

No comments:

Post a Comment