Tuesday, November 11, 2014

အမေဟာ အမေ. ✏ အရှင်အာစာရ

*အမေဟာ အမေ**

သင်ပြစရာစာမတက်ပေမယ့်
ရင်ကလာ သဒ္ဓါဓာတ်တွေနဲ့
သင့်အနားမှာ
အမေအမြဲရှိတယ်
ပဟေဠိအဖြေညှိမရ
ဧဟိအတိ အဖေမရှိရင်တောင်
သေသိအထိအမေရှိတယ်

*လောကမှာသင်ရိုးစာမကျေ
တောကလာအစဉ်ရိုးတာ
နေပေမယ့်
ပြောပြစရာအပင်မျိုးဖြာနေတဲ့
သြဝါဒ ဥယျာဉ်လေး
အမေ့မှာရှိတယ်

*အမေ့မှာပေးစရာရွှေငွေမရှိ
အမွေပေးစရာ အိမ်မြေမရှိပေမယ့်
ရင်လေးစရာအမေမတွေးပါနဲ့
အထင်သေးစရာအမေ့မှာ
ဘာမှမရှိပါဘူး

*တဲကုတ်မှာပြဲစုတ်တဲ့ထမီနဲ့
ဈေးရောင်းကျွေးတဲ့
ဈေးသယ်မအမေလည်းအမေပါ

မြို့လယ်မှာဈေးယူ
ရွာလယ်မှာဈေးရောင်း
ဈေးတောင်းရွက်ကျွေးတဲ့
ဈေးသယ်မအမေလည်း
အမေပါ

ဆံကဖြူ သွားကကျိုး
ဘာမှ ကူမလုပ်နိုင်တဲ့
အမေအိုလည်းအမေပါ
ဘယ်အရပ် ဘယ်ဘဝ
ရောက်နေနေ
အမေဟာအမေပါပဲလေ

အရှင်အာစာရ နတ္တလင်း
(ခေတ္တ) ပြည်

No comments:

Post a Comment